သင်မသိသေးသော ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းနေရာများ
ခရီးသွားခြင်းရဲ့ အကောင်းဆုံးအရာက ထူးထူးဆန်းဆန်းနဲ့ လူသိနည်းသည့် နေရာများကို ရှာဖွေတွေ့ရှိမှုပင် ဖြစ်ပါတယ်။
မီဒီယာများက ယခုအခါ နေရာအနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ သို့သော် ၎င်းမီဒီယာများ မစွမ်းဆောင်နိုင်သေးတဲ့ အရာတစ်ခုကတော့ ခရီးသွားခြင်းမှရရှိတဲ့ စိတ်ရွှင်လန်းမှုနှင့် ကြည်နူးမှုပင် ဖြစ် ပါတယ်။
အစက်အပြောက်ရေကန် (ကနေဒါ) Spotted Lake
ကနေဒါနိုင်၊ အိုကန်နားဂန်းတောင်ကြားဒေသက Osoyoos မြို့ငယ်လေးရဲ့ အနောက်မြောက်ဘက်ရှိ အမှတ် ၃ အဝေးပြေးလမ်းမကြီးမှာ ထူးခြားတဲ့ အစက်အပြောက် ရေကန်ကို တွေ့ရပါလိမ့်မယ်။
ဒေသခံ အိုကန်နားဂန်း (Okanagan) လူမျိုးများဟာ အစက်အပြောက်ရေကန်ကို အချိန်ကာလများစွာကတည်းက တန်ဖိုးထားခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတာ သိဖို့လွယ်ပါတယ်။
နွေရာသီမှာ ကန်ရေဟာ အငွေ့ပြန်သွားပြီး သတ္တုရေကန်ငယ်ပေါင်း ၃၆၅ ခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အဲဒီ ကန်ငယ်များရဲ့ အရောင်များကလည်း တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားပါတယ်။
ဒီလို အစက်အပြောက်ပုံသဏ္ဍာန် ထူးထူးခြားခြား ဖြစ်ပေါ်နေတာကြောင့် ဒေသခံမျိုးနွယ်စုတွေက တန်ဖိုးထားကြခြင်းဖြစ်ပါတယ်။
တစ်နှစ်တာ လည်ပတ်ရန်အကောင်းဆုံးအချိန်ဟာ ဇွန်လမှ သြဂုတ်လအထိ ဖြစ်ပါတယ်။
သို့သော် အဲဒီ ဒေသဟာ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေများလည်း ရှိတတ်တာကြောင့် သင် သွားရောက်မလည်ပတ်မီ ရာသီဥတုအခြေအနေကို အရင်ဆုံး စုံစမ်းလေ့လာသင့်ပါတယ်။
သင်္ချိုင်းဂူများ၊(ပြင်သစ်) Catacombs of Paris
ပဲရစ်သင်္ချိုင်းဂူများဟာ ပဲရစ်မြို့သူမြို့သား ၆ သန်းခန့်အတွက် နောက်ဆုံးနားနေသည့်နေရာအဖြစ် ဆောင်ရွက်ထားတဲ့ ပဲရစ်မြို့အောက်ရှိ ကျောက်မိုင်းတွင်း ဥမင်လိုဏ်များရဲ့ ကွန်ရက်တစ်ခု ဖြစ်ပါတယ်။
ဦးခေါင်းခွံနှင့် အရိုးအများစုကို ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်များက မြို့တော်ရဲ့ သေဆုံးသူများပြားသည့် သုသာန်များမှ စုဆောင်းခဲ့ခြင်း ဖြစ်ပါတယ်။
ခရီးသွား ဆွဲဆောင်မှုတစ်ခုအဖြစ် အစိုးရက သိရှိလာသည်အထိတိုင်အောင် ယနေ့မြင်တွေ့နေရသော ကြောက်မက်ဖွယ်ကောင်းတဲ့ ပြကွက်များဖြင့် အရိုးများကို အစီအစဉ် တကျ သေသေသပ်သပ် မပြုလုပ်ထားပေ။
တစ်နှစ်တာလည်ပတ်ရန်အကောင်းဆုံးအချိန်က ဧပြီလနှင့် အောက်တိုဘာလ ဖြစ်ပါတယ်။
မန်းဒန်ဟောလ်ရေခဲလှိုဏ်ဂူများ ၊(အလာစကာ) (Mendenhall Ice Caves)
မန်းဒန်ဟောလ် ဥမင်လိုဏ်ခေါင်းများအတွင်းမှာရှိတဲ့ ရေခဲပုံဆောင်ခဲများရဲ့အပြာရောင် အရောင်အသွေးများက သိပ္ပံပညာရှင်များကို နှစ်ပေါင်းများစွာ စိတ်ရှုပ်ထွေးစေသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ ယင်းရေခဲလိုဏ်ဂူများဟာ အန္တရာယ်ရှိလာနိုင်ပြီး ဘူမိဗေဒပညာရှင်များက မျိုးသုဉ်းပျောက်ကွယ်မှုကို တားဆီးရန် အစွမ်းကုန်ဆောင်ရွက်နေကြပါတယ်။
၎င်းဖြစ်စဉ်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်နေသေးတာကို ဂူများသို့သွားရောက်လည် ပတ်လျှင် မျက်စိဖြင့် မျက်မြင်တွေ့မြင်ရမည် ဖြစ်ပါတယ်။
တစ်နှစ်တာလည်ပတ်ရန် အကောင်းဆုံးအချိန်က ဇွန်လနှင့်ဇူလိုင်လဖြစ်ပြီး သင် အအေးဒဏ်ကို ခံနိုင်ရည်ရှိပါက ဝင်ကြေးသက်သာစေရန် ဆောင်းရာသီမှာ ရေခဲဂူများသို့ သွားရောက်လည်ပတ်လိုက်ပါ။
ဖင်ဂေါလ်၏လှိုဏ်ဂူများ (စကော့တလန်) Fingal’s Cave
လိုဏ်ဂူများကို အများအားဖြင့် ရာစုနှစ်များကာလက သဘာဝအတိုင်း အချိုးမညီသော ကျောက်တုံးများဖြင့် ကာရံထားပါတယ်။
စကော့တလန်ရှိ လှိုဏ်ဂူကတော့ အချိုးကျညီပြီး စတုရန်းကျောက်တုံးများနဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဂူဖြစ်ပါတယ်။
ဒီဂူများဟာ စတက်ဖာရဲ့ လူမနေသောကျွန်းငယ်များမှာတည်ရှိပြီး သုတေသီများနှင့် သိပ္ပံပညာရှင်များကလွဲ၍ လူများ ဝင်ရောက်ခဲပါတယ်။
သို့ပေမဲ့ စိတ်ဝင်စားလေ့လာလိုပါက ယင်းလိုဏ်ဂူများသို့ သွားရောက်ပြီး သဘာဝရဲ့ ကွဲလွဲမှုများကို စမ်းသပ် ကြည့်ရှုနိုင်ပါတယ်။
တစ်နှစ်တာလည်ပတ်ရန် အကောင်းဆုံးအချိန်က ဇွန်လနှင့်ဇူလိုင်လ ဖြစ်ပါတယ်။
Knight News Team
Source-Knowledge Light