ယူအက်စ် နျူလက်နက်တွေအတွက် ကင်းစောင့်ကာကွယ်ပေးနေတဲ့ ရေသတ္တဝါ

ယူအက်စ် နျူလက်နက်တွေအတွက် ကင်းစောင့်ကာကွယ်ပေးနေတဲ့ ရေသတ္တဝါ

ရေသတ္တဝါတွေကို လေ့ကျင့်ပျိုးထောင်ပေးပြီး စစ်ရေးအတွက် အသုံးပြုနေတယ်ဆိုရင် သင်အံ့ဩသွားမှာပါ။

အမေရိကန်တစ်နိုင်ငံထဲ မဟုတ်ပါဘူး။ ရုရှားနဲ့ မြောက်ကိုရီးယားတို့လဲ ပါဝင်ပါတယ်။ အဲဒီသတ္တဝါကတော့ လင်းပိုင် ( Dolphin) ငါးတွေ ဖြစ်ပါတယ်။ ရုရှားဆိုရင် ဝေလငါးအဖြူတွေ( Beluga) လေးတွေကိုပါလေ့ကျင့်ပေးခဲ့ဘူးပါတယ်။

ဒီသတ္တဝါတွေကို အဓိကလေ့ကျင့်ပေးတာက မရိန်းတပ်ဖွဲ့တွေ ဖြစ်ပါတယ်။ လေ့ကျင့်ပြီးသား လင်းပိုင်တွေဟာ မိုင်းတွေ၊ ခဲယမ်းတွေရဲ့ တည်နေရာကို ရှာဖွေပေးနိုင်ပါတယ်။

ဆီယက်တဲနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကမ်းခြေတစ်နေရာမှာ Kitsap ဆိုတဲ့ စခန်းတစ်ခုရှိပါတယ်။ ဒီစခန်းဟာ လင်းပိုင်တွေကို လေ့ကျင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ စခန်းကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ယူအက်စ်ရဲ့ ၂၅ ရာခိုင်နှုန်းသော နျူလက်နက်တွေဟာ ဒီနေရာတဝိုက်မှာရှိနေတဲ့အတွက် ရန်သူရဲ့ ရေအောက်တိုက်ခိုက်မှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

တကယ်တော့ လင်းပိုင်တွေကို အသုံးပြုခဲ့တာ ရာစုနှစ် တဝက်လောက် ရှိနေပါပြီ။သူတို့ရဲ့ စူးရှတဲ့အမြင်အာရုံနဲ့ ဆိုနာစနစ်( Sonar System) က လက်နက်တွေရဲ့ တည်နေရာကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

နုံးထဲမှာမြုပ်နေတဲ့ မိုင်းကိုတောင် ရှာဖွေနိုင်ပါတယ်။ ငါးတွေက မိုင်းကိုတွေ့တဲအခါ လေကျင့်ပေးသူထံပြန်လာပါတယ်။ လေ့ကျင့်ပေးသူက အချက်ပြကုဒ်ကို တည်နေရာထည့်ပြီး မိုင်းရှင်းသင်္ဘောကို ပို့ပါတယ်။ မိုင်းရှင်းအဖွဲ့က မိုင်းကို ရေငုပ်ပြီး ရှင်းလင်းလိုက်ပါတယ်။

တချို့ လင်းပိုင်တွေဆို ရန်သူရေငုပ်သမားတွေကို ရေနက်ထဲ ဆွဲချပစ်တတ်ပါတယ်။ အသက်ရှူပိုက်ကို ကိုက်ဖြတ်တာ မျိုးပါ။

ဗီယက်နမ်စစ်ပွဲအတွင်းကဆိုရင် လင်းပိုင်တွေကို လူသဝာ်လက်နက်အဖြစ်သုံးခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။

လင်ပိုင်ရဲ့ကိုယ်ပေါ်မှာ အဆိပ်သုတ်ထားတဲ့ ဒါးတွေတပ်ပြီး ရန်သူရေငုပ်သမားတွေအနားကို ကပ်သွားခိုင်းပါတယ်။ ငါးတွေက ရေငုပ်ကရိယာတွေကို ကိုက်ဖြတ်ပစ်ပါတယ်။ ဒါမှမဟုတ် ရေငုပ်သမားကို ရေအောက်ကို ကိုက်ဆွဲခေါ်သွားပါတယ်။

၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲမှာလဲ လင်းပိုင်တွေကို အသုံးပြုခဲ့ပါတယ်။ ပင်လယ်ကွေ့မှာ သူတို့က မိုင်းရှင်းတာနဲ့ ရေအောက်ထောင်ချောက်တွေ ရှာဖွေဖို့ အသုံးဝင်ခဲ့ပါတယ်။

ယူအက်စ်ရဲ့ နည်းလမ်းကို ရုရှားတို့ကလဲ အတုယူခဲ့ပါသေးတယ်။ ၁၉၆၅ မှာ ဆီဗက်စတိုပေါ့မှာ ‌လင်းပိုင် လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်ခဲ့ပါတယ်။

တိုက်ခိုက်ရေးလင်းပိုင်တွေအဖြစ် လေ့ကျင့်ပေးကြပါတယ်။လင်ပိုင်တွေမှာ ပေါက်ကွဲစေတဲ့ပ စ္စည်းတွေတပ်ဆင်ပေးပြီး ရန်သူ့သင်္ဘောတွေအနားမှာ ပေါက်ကွဲစေပါတယ်။ဒါကတော့ ရက်စက်လွန်းပါတယ်။

လင်းပိုင်တွေအစွမ်းက ဒီထက်မကပါဘူး။ သူတို့ဟာ နစ်မြုပ်နေတဲ့ သင်္ဘောပျက်တွေ တော်ပီဒိုအဟောင်းတွေကိုလဲ ရှာဖွေနိုင်ပါတယ်။

ဆိုဗီယက်ယူနီယမ် ပြိုကွဲပြီးနောက် လင်းပိုင်လေ့ကျင့်ရေး အစီအစဉ်တွေရပ်တန့်သွားပါတယ်။ လေ့ကျင့်ထားတဲ့ လင်းပိုင်တွေကို အီရန်ကို ရောင်းချလိုက်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ယူကရိန်းရေတပ်က လင်းပိုင်လေ့ကျင့်ရေးကို ပြန်လည်စတင်ခဲ့ပါတယ်။ ရုရှားတို့ ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့လို့ လင်းပိုင်စခန်းဟာ ရုရှားလက်အောက် ရောက်သွားပြန်ပါတယ်။

၂ နှစ်အကြာမှာ ရုရှားတွေဟာ Bottlenose လင်းပိုင် ၅ ကောင်ကို ဒေါ်လာ ၃၃,၇၅၀ နဲ့ ဝယ်ယူဖြည့်တင်းခဲ့ပါသေးတယ်။

သူတိုက လင်းပိုင်အပြင် ဝေလငါးအဖြူ (Beluga) တွေကိုပါ လေ့ကျင့်ပေးပါတယ်။ ၂၀၁၉ ခုနှစ်၊ နော်ဝေ ကမ်းခြေမှာ ဖမ်းမိတဲ့ ဝေလငါးမှာ အထူး ခါးပါတ်ကြိုး ပါလာတာ တွေ့ခဲ့ရပါတယ်။ ကြိုး‌ပေါ်ကစာအရ ရုရှားတို့လေ့ကျင့်မှုရဲ့တစိတ်တပိုင်းဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ ရုရှားတွေဟာ လင်းပိုင်တပ်ဖွဲ့တွေကို ဆီဗက်စတိုပေါ့ ကမ်းခြေမှာ နေရာချထားပါတယ်။ ဒါက ယူကရိန်းကို ကျူးကျော်မှုနဲ့လဲ တိုက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယားမှာလဲ လင်းပိုင်လေ့ကျင့်ရေးစခန်း ရှိပါတယ်။ ဒါကို ၂၀၁၅ ခုနှစ်လောက်ကမှ သိရပါတယ်။နမ်ပို ဆိပ်ကမ်းဟာ လင်းပိုင်အများအပြား ကျက်စားရာနေရာဖြစ်ပါတယ်။

ဒီကောင်လေးတွေဟာ ကင်ဂျုံအန်ရဲ့ ခေတ်မီရေတပ်အတွက် တစိတ်တပိုင်းဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ကဲဒါကတော့ လူသားတွေဟာ ရေနေသတ္တဝါကိုတောင် မချန်ဘဲ စစ်ရေးမှာ အသုံးပြုနေကြတာကို လက်လှမ်းမီသလောက် တင်ပြခဲ့တာပါ။

သုံးသင့်မသုံးသင်ဆိုတာလေး မှတ်ချက်ပေးခဲ့ကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published.