ဘာတွေပြောင်းမလဲ ဗြိတိန်

ဘာတွေပြောင်းမလဲ ဗြိတိန်

အင်္ဂလန် ဘုရင်မကြီးကတော့ နတ်ရွာစံသွားခဲ့ပါပြီ။ ခုဆို ချားလ်မင်းသားက ဘုရင်အဖြစ် နန်းတက်ခဲ့ပါပြီ။ ဒါက အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ဘုရင်အပြောင်းအလဲကြောင့် တချို့ကိစ္စတွေပါ လိုက်ပါပြောင်းလဲရတာကိုတော့ သတိပြုမိကြသူ နည်းပါတယ်။

ခုတခါတော့ ဒီအပြောင်းအလဲလေးတွေကို စပ်စုတင်ပြပါရစေ။

၁။ ပထဆုံးကတော့ ငွေကြေးကိစ္စပါ။ ငွေစက္ကူနဲ့ အကြွေစေ့ပေါ်က ပုံတွေဟာ ဘုရင်မကြီးပုံတွေ ရိုက်နှိပ်ထားပါတယ်။

ငွေတွေပေါ်ကပုံဟာ လက်ရှိနန်းတက်နေတဲ့ တော်ဝင်မျိုးဖြစ်ရမယ်လို့သတ်မှတ်ထားပါတယ်။

ဒါကြောင့် ငွေတွေပေါ်မှာ ချားလ်ဘုရင်ပုံတွေ ပြောင်းလဲထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ၄.၅ ဘီလီယမ်ပေါင်လောက်ပမာဏရှိတဲ့ လည်ပါတ်နေတဲ့‌ ငွေကြေးတွေကို ပြောင်လဲရမှာပါ။

ဘုရင်က ဒီအတွက် ဓါတ်ပုံတောင်ရိုက်ပြီးပါပြီ။ ငွေအသစ်တွေ‌ မကြာခင်ထွက်ရှိလာပါလိမ့်မယ်။ အဟောင်းတွေ ဖလှယ်ဖို့ကတော့ အချိန်တစ်ခုယူရပါလိမ့်မယ်။

ချားဘုရင်ပုံငွေတွေကို ၂ နှစ်အတွင်း အပြည့်အဝ မြင်ရဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေဟာ ယူကေ တနိုင်ငံတည်း မဟုတ်ဘဲ ဩစတေးလျ ၊ကနေဒါ၊ နယူးဇီလန်နဲ့ အခြားဓနသဟာယနိုင်ငံအားလုံးမှာ သုံးစွဲကြမှာ ဖြစ်ပါတယ်။

ဩစတေးလျမှာ ချားလ် ဘုရင့်ပုံ အကြွေစေ့တွေကို ၂၀၂၃ မှာ စတွေ့ဖို့ ရှိနေပါပြီ။

၂။ ဒုတိယကတော့ အမျိုးသားသီချင်းထဲက စာသားကို ပြောင်းရမှာ ဖြစ်ပါတယ်။

နှစ် ၇၀ သုံးလာတဲ့ “God save the Queen ” နေရာမှာ “God save the King” လို့ ပြောင်းရပါတော့မယ်။ ဒီလို ဘုရင်အတွက်စာသားကို ၁၉၅၂ ခုနှစ်ကတည်းက မဆိုရတာပါ။

ဘုရင်မအုပ်ချုပ်ချိန်ဖြစ်လို့ “God save the Queen “ဖြစ်နေတာ အခုတော့ ပြန်ပြောင်းရတော့မှာ ဖြစ်ပါတယ်။ နယူးဇီလန်၊ ကနေဒါ၊ ဩစတေးလျမှာလဲ ဒီအတိုင်းပါဘဲ။

၃။ ပါတ်စပို့စာအုပ်လဲ ပြောင်းရမယ့်အထဲမှာ ပါပါတယ်။ အတွင်းစာသားကအစ ပြောင်းရမှာပါ။ ဗြတိန် ပါတ်စပို့တွေက ဘုရင်မကြီးအမည်နဲ့ ရိုက်နှိပ်ထားတာမို့ Her Majesty လို့ ပါရှိနေပါတယ်။

ဒါကို His Majesty လို့ ပြောင်းရပါလိမ့်မယ်။ ဒီကိစ္စကလည်း ကနေဒါ၊ ဩစတေးလျ၊ နယူးဇီလန်နဲ့ ဓနသဟာယနိုင်ငံ အားလုံး အကျုံးဝင်နေလို့ သူတို့လဲ ပြောင်းရမှာပါ။

၄။ တံဆိပ်ခေါင်းပုံကလဲ ဘုရင်မကြီးပုံနေရာမှာ ချားဘုရင်ပုံကို ပြောင်းရိုက်ရမှာ ဖြစ်ပါတယ်။

တော်ဝင်သင်္ကေတက EIIR ဖြစ်ပါတယ်။ Elizabeth II Regina လို့အဓိပ္ပါယ်ရပါတယ်။ စာချုပ်တံဆိပ်ခေါင်းတွေလဲ ပြောင်းရမှာပါ။

နောက်ထပ် အတိုအထွာတွေကတော့ ရဲခေါင်းဆောင်းတံဆိပ်ကလဲ ပြောင်းမယ့်အထဲမှာ ပါပါတယ်။ ပါလီမန်မိန့်ခွန်းအစမှာ ဘုရင်မကြီးကို ချီးမွမ်းတာလဲ ပြောင်းရပါမယ်။

ချီးယားစ် လုပ်ရင် For Queen အစား For King လို့ ပြောင်းဆိုရပါလိမ့်မယ်။ ဘက်ကင်ဟမ်နန်းတော်ရဲ့ အစောင့်တပ်နာမည်လဲ ပြောင်းရပါမယ်။ Queen Counsel အစား King Counsel လို့ ဖြစ်ပါတယ်။

လန်ဒန်က Her Majesty Therater ကိုလဲ His Majesty Therater လို့ ပြောင်းပါလိမ့်မယ်။အကျဉ်းသားတွေဟာလဲ ဘုရင်မကြီးအမိန့်တော်အရ ပစ်ဒါဏ်ခံနေရာကနေ ဘုရင်ကြီး အမိန့်တော်အရ ပစ်ဒါဏ်ခံရတာ ဖြစ်သွားပါပြီ။

နောက်ဆုံးအနေနဲ့ တင်ပြခြင်တာကတော့ ထီးနန်းဆက်ခံရမဲ့ စာရင်းပါ။ အိမ်ရှေ့စံအနေနဲ့ ချားလ်ရဲ့ နေရာကို ဝီလျံက ရရှိသွားပါပြီ။

ချားလ်မရှိရင် သူက ထီးနန်းဆက်ခံရမှာပါ။ သူ့သားလေး George က ဒုတိယနေရာမှာ ဖြစ်ပါတယ်။

မိဖုရားကြီး ကမ်မီလာကတော့ ဘုရင်မဖြစ်ခွင့် မရှိပါဘူး။ သူ့ဘွဲ့ကတော့ Queen Consort ဖြစ်ပါတယ်။သဘောကတော့ ဘုရင်ကြီးဘေးမှာသာ ပါရမီဖြည့်ရင်း နေရမယ်လို့ ဆိုလိုတာဖြစ်ပါကြောင်း။

Knight News Team

Leave a Reply

Your email address will not be published.