တိုက်စွမ်းအားကောင်းတဲ့ စွမ်းရည်မြင့် ရဟတ်ယာဉ် ‘Black Hawk’

တိုက်စွမ်းအားကောင်းတဲ့ စွမ်းရည်မြင့် ရဟတ်ယာဉ် ‘Black Hawk’

ဘလက်ဟော့ခ် (Black Hawk) ရဟတ်ယာဉ်ကို အမေရိကန်အခြေစိုက် Sikorsky ကော်ပိုရေးရှင်းက တည်ဆောက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

နည်းလမ်းမျိုးစုံ အထွေထွေအသုံးပြုနိုင်တဲ့ ရဟတ်ယာဉ် ဖြစ်ပါတယ်။ ပင်မ ပန်ကာလေးလက်နဲ့ အမြှီးပိုင်း ဒလက်တို့ ပါရှိပြီး GE (General Electric) ထုတ် T-700 Turbo shaft အင်ဂျင်၂ လုံး တပ်ဆင်ထားပါတယ်။

၁၉၇၄ ခုနှစ်မှာ မူလ ဒီဇိုင်းပုံစံ ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို စတင်ပျံသန်းခဲ့ပါတယ်။ ဘလက်ဟော့ခ် လေယာဉ်ကို အမေရိကန်တပ်ဖွဲ့မှာ စတင်အသုံးပြုခဲ့တာကတော့ ၁၉၇၉ ခုနှစ်မှ ဖြစ်ပါတယ်။

အဲဒီနောက် မျိုးကွဲများစွာ ပြုပြင်တည်ဆောက်ပြီး အမြောက်အများ ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပါတယ်။

မျိုးကွဲများကတော့ ရေတပ်သုံး အမျိုးအစား SH-60၊ နည်းလမ်းစုံသုံး အမျိုးအစား MH 60 နှင့် အထူးစစ်ဆင်ရေးသုံး အမျိုးအစား HH-60 Paving Hawk စသဖြင့် ထုတ်လုပ်ထားပါတယ်။

အမေရိကန် သာမက ဂျပန်အခြေစိုက် မစ်ဆူဘီရှီ ကုမ္ပဏီကလည်း ဘလက်ဟော့ခ်ရဟတ်ယာဉ် ပုံစံမျိုးကွဲများကို မွမ်းမံပြင်ဆင် ထုတ်လုပ်လျှက်ရှိသည်။

စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ဘလက်ဟော့ခ်ရဟတ်ယာဉ် အစီးလေးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါတောင် အဓိက အပြောင်းအလဲကြီးများ ပြုလုပ်ထားတဲ့ ဘလက်ဟော့ခ်များကို ထည့်တွက်မထားဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့အနှံ့အပြားမှာ ဖြစ်နေတဲ့ စစ်ပွဲများမှာ အမေရိကန်ပါဝင် ပတ်သက်လာရင် ဘလက်ဟော့ခ် ရဟတ်ယာဉ်များလည်း မလွဲမသွေ ပါဝင်ကြပါတယ်။

၂၀၁၁ ခုနှစ်က ဘင်လာဒင်ကို သုတ်သင်တဲ့ စစ်ဆင်ရေးမှာလည်း ဘလက်ဟော့ခ်ရဟတ်ယာဉ်တွေကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ရိုးရိုး ဘလက်ဟော့ခ် ရဟတ်ယာဉ်အပြင် လူသိများတဲ့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်လည်းရှိပါတယ်။ MH-60L DAP ဆိုရင် လက်နက်တပ်ဆင်ထားတဲ့ ဘလက်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစား ဖြစ်ပါတယ်။

ဘလက်ဟော့ခ် ရဟတ်ယာဉ်များဟာ အထွေထွေ အသုံးပြုနိုင်တာကြောင့် တပ်ဖွဲ့ဝင်များစွာကို ရွှေ့ပြောင်းသယ်ဆောင်ပေးနိုင်ပါတယ်။

MH-60L ရဟတ်ယာဉ်ကို အခြေခံပြီး လက်နက်တပ်ဆင်ထားတဲ့ MH-60L DAP ကို အမေရိကန်တပ်ဖွဲ့ရဲ့ အမှတ် ၁၆ဝ အထူးစစ်ဆင်ရေး လေကြောင်း တိုက်ခိုက်ရေးအဖွဲ့က အဓိက အသုံးပြုနေပါတယ်။

MH-60L DAP မှာ ထူးခြားတဲ့ ဂိတ် တံခါး တပ်ဆင်ထားပါတယ်။ Helina တင့်ကားဖျက် ဒုံးကျည် လေးစင်းကို အလျားတိုသည့် တောင်ပံများ အောက်မှာ တပ်ဆင်ထားပါတယ်။

19 round Hydra ၇၀ မမ ဒုံးကျည်တစ်စင်း၊ M230 ၃၀ မမ အမြောက် နှစ်လက်တို့လည်း တပ်ဆင်ထားပါတယ်။

AH-64 Apache ရဟတ်ယာဉ်မှာ M230 ၃၀ မမ အမြောက် တစ်လက်သာ တပ်ဆင်ထားတာ‌ကြောင့် AH-64 အပါချီထက် MH-60L DAP က ပစ်ခတ်အား နှစ်ဆပိုကောင်းပါတယ်။

မြေပြင်စစ်ပွဲများကို ထောက်ပံ့ကူညီရာမှာ AH 64 Apache လက်နက်တပ်ရဟတ်ယာဉ်နှင့် နှိုင်းယှဉ်ပါက အရည်အသွေးညံ့တယ်လို့ မဆိုနိုင်ပါဘူး။

စစ်မြေပြင်မှာ လေကြောင်းကာကွယ်ရေးစနစ် တပ်ဆင်မထား ပါက MH-60L DAP နှင့် ရင်ဆိုင်ရပါက ခုခံနိုင်စွမ်း မရှိနိုင်ပါဘူး။ MH-60L DAP ကို သာမန်စစ်ပွဲအခြေအနေမှာ အသုံးပြုဖို့ အလွန် သင့်တော်ပါတယ်။

လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ် MH-60L DAP မှာလည်း ဒီဇိုင်းအမျိုးမျိုး ရှိပါတယ်။ ဒီဇိုင်းတစ်ခုနှင့် တစ်ခုအကြား အဓိကခြားနားချက်က ရဟတ်ယာဉ်ရဲ့ ဂိတ်တံခါး ( Pylon) ဖြစ်ပါတယ်။

တံခါးဝ ပိုကျယ် ပိုရှည်တဲ့ အမျိုး အစားနှင့် တံခါးဝ သေးငယ်တဲ့ အမျိုး အစားတို့ ဖြစ်ပါတယ်။ တံခါးဝသေးငယ်တဲ့ MH-60L DAP ဟာ တိုက်ခိုက်ဖောက်ခွဲနိုင်တဲ့စွမ်းရည် ထက်ဝက်လျော့ပါတယ်။

စစ်မြေပြင် အခြေအနေကိုလိုက်ပြီး သီးခြား Hellfire အမျိုးအစား တပ်ဆင်ထားတဲ့ ဘလက်ဟော့ခ် ရဟတ်ယာဉ်များကို အသုံးပြုပါတယ်။ ဥပမာ-တင့်ကားဖျက် Haierfa ဒုံးကျည်လေးစင်း နှင့် M230 ၃၀ မမ အမြောက်တစ်လက် ပါပါတယ်။

ရိုးရိုး ဘလက်ဟော့ခ် ရဟတ်ယာဉ်အမျိုးမျိုးရှိသော်လည်း ပျံသန်းလုပ်ငန်းဆောင်ရွက်ရာမှာ တူညီကြပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်ကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရာလည်းမှာ ပစ္စည်းအစိတ်အပိုင်းများကို စုပေါင်းအသုံး ပြုနိုင်ပါတယ်။

ဘလက်ဟော့ခ်ရဟတ်ယာဉ် အမျိုးမျိုးအနက် MH-6DL DAP ဟာ စွမ်း ရည်အမြင့်ဆုံး ဖြစ်ပြီး မြေပြင်တိုက်ပွဲများအတွက် သီးသန့် ဒီဇိုင်းထုတ်ထားတာလည်း ဖြစ်ပါတယ်။

MH-60L DAP ရဟတ်ယာဉ်ပေါ်မှလက်နက်များဟာ မြေပြင်မှာ တိုက်ခိုက်နေတဲ့ ရန်သူများကို ချေမှုန်းရာမှာ အစွမ်းထက်တယ်လို့ ဖော်ပြထားပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.