US တို့ရဲ့ ဂြိုလ်တု ၂ လုံးက ဘာအတွက်လဲ
ယူအက်စ်တို့ဟာ ရုရှားရဲ့ နျူကလီးယားဒုံးကျည်များကို ထောက်လှမ်းနိုင်ဖို့ အာကာသအတွင်းတွင် လျှို့ဝှက်ဂြိုလ်တုနှစ်စင်း ဖြန့်ကျက်ချထားပါတယ်။
အမေရိကအတွက်ကတော့ သူတို့ရဲ့ ကောင်းကင်ယံကို ပိုမိုလုံခြုံစေဖို့ လုပ်ဆောင်ပြီးပါပြီ။
ခုဆို ရန်သူ့ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တာနဲ့ အာကာသထဲက ဂြိုလ်တု ၂ လုံးဟာ ချက်ခြင်း သိနိုင်ပါတယ်။
ဒါကြောင့် ရန်သူ့ ဒုံးကျည်တွေဟာ ယူအက်စ်ရဲ့ လေပိုင်နက်ထဲ မဝင်ရောက်နိုင်တော့ပါဘူး။
ယူအက်စ်က အဆိုပါ ဂြိုလ်တုနှစ်ခုလုံးဟာ ဒုံးကျည်ခြေရာခံခြင်းလုပ်ငန်းကို လုပ်ဆောင်မှာဖြစ်တယ် ပြောကြားထားပါတယ်။
တရုပ်၊ ရုရှား သို့မဟုတ် မြောက်ကိုရီးယားက အသံထက်မြန်တဲ့ ဒုံးကျည်များကို ပစ်လွှတ်သည့်အခါ အဆိုပါ အမေရိကန် ဂြိုလ်တုများက ပင်တဂွန်သို့ ချက်ချင်းအကြောင်းကြားမှာ ဖြစ်ပါတယ်။
ဂြိုလ်တုတွေကို ဖလော်ရီဒါမှာရှိတဲ့ Cape Canaveral Spαce Force Station မှ Atlas-5 (Atlas-V) ဒုံးပျံမှတစ်ဆင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။
ယူအက်စ် အာကာသတပ်ဖွဲ့က ဒီမစ်ရှင်ကို USSF-12 လို့ အမည်ပေးခဲ့ပါတယ်။ ဒုံးပျံရဲ့ ပထမအဆင့်နှင့် ဒုတိယအဆင့် လောင်စာကန်များကို လေးမိနစ်ခွဲကြာ လွှင့်တင်ပြီးနောက် ဖြုတ်ချခဲ့ပါတယ်။
ယင်းနောက် Centaur ရော့ကတ်အင်ဂျင်က နှစ်ကြိမ် ထပ်မံလောင်ကျွမ်းခဲ့ပါတယ်။ ထို့နောက် ဂြိုလ်တုနှစ်ခုလုံးကို ကမ္ဘာမြေပြင်အထက် ၃၅၉၀၀ ကီလိုမီတာအကွာက geosynchronous ပါတ်လမ်းမှာ ဖြန့်ကျက်ချထားခဲ့တာဖြစ်ပါတယ်။
ဂြိုလ်တုများတွင် မည်သည့်စက်ကရိယာအမျိုးအစားကို တပ်ဆင်ထားကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ဂြိုလ်တုနှစ်စင်းထဲက တစ်လုံးကို Wide Field of View (WFOV) လို့ ခေါ်ပါတယ်။ US Spαce Force Spαce System Command (SSC) ကစမ်းသပ်တဲ့ စနစ်ဟာ မျိုးဆက်သစ် ဒုံးကျည်ထောက်လှမ်းရေးနည်းပညာ ဖြစ်တယ်လို့ ဆိုပါတယ်။
Centaur အင်ဂျင်
ဒုတိယဂြိုလ်တုကတော့ အမေရိကန်ကာကွယ်ရေးဌာနမှ နည်းပညာများစွာကို သယ်ဆောင်သွားပါတယ်။ သူ့ကို USSF-12 Ring လို့ ခေါ်ပါတယ်။
ဂြိုလ်တုနှစ်ခုလုံးမှာ တပ်ဆင်ထားသည့် load Data များနဲ့ အကြောင်းအရာ အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူးတဲ့။
USSAF-12 Ring ကို Northrop Grumman ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ ဂျိမ်းဝက် အာကာသမှန်ပြောင်း ထုတ်လုပ်ခဲ့တဲ့အဖွဲ့ကလဲ ပါဝင်ကူညီခဲ့ပါတယ်။
WFOV( Wide Field of View ) စနစ်ကိုတော့ L3 Harris technology ကဖန်တီးပေးခဲ့တာ ဖြစ်ပြီး ၆ ပေအမြင့်ရှိတဲ့ အာရုံခံဖန်သားပြင် တပ်ဆင်ထားပါတယ်။
ဒါကြောင့်လဲ ဂြိုလ်တုဟာ ပုံရိပ်တွေကို ရှင်းလင်းပြတ်သားစွာ ဓါတ်ပုံ ဗွီဒီယို ရိုက်ကူးနိုင်စွမ်း ရှိပါတယ်။
ပင်တဂွန်
နိဂုံးအနေနဲ့ အမေရိကန်ဟာ ဘာကြောင့် ဒီလို လုပ်ရတာလဲဆိုတာ တင်ပြပါရစေ။
မကြာသေးခင်က ရုရှားဟာ သူ့ရဲ့ Kinzhal ဒုံးကျည်နဲ့ ယူအက်စ်ကိုတိုက်ခိုက်ခဲ့ပုံကို ဗွီဒီယိုတစ်ခု ရိုက်ကူးပြီး ယူကျုမှာ လွှင့်တင်ခဲ့ပါတယ်။
အဲဒီ Kinzhal ဒုံးဟာ အသံထက် ၅ ဆမြန်တယ်လို့ ယူဆကြပါတယ်။ လက်ရှိစနစ်တွေမှာ ဒီမြန်နှုန်းကို ခြေရာခံနိုင်တာ မရှိသေးဘူးလို့ ဆိုကြပါတယ်။
ယူအက်စ်က ဒါကို ကျော်လွှားနိုင်ဖို့ Overhead Persistence Infrared Program ကို တီထွင်ခဲ့ပါတယ်။ ဒီစနစ်ဟာ အသံထက်မြန်တဲ့ဒုံးကျည်တွေကို အလွယ်တကူ ခြေရာခံနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် ရုရှားဖြစ်စေ၊ တရုပ်နဲ့ မြောက်ကိုရီးယားပဲဖြစ်စေ ဒုံးကျည်ပစ်လွှတ်ပြီဆိုတာနဲ့ ဒီဂြိုလ်တုက ပင်တဂွန်ကို ချက်ခြင်းအကြောင်းကြားလိုက်မှာဖြစ်လို့ ခရီးလမ်းမှာဘဲ သူတို့ဒုံးတွေ ဖျက်ဆီးခံရမှာ သေချာပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Knight News Team