လာမယ့်နှစ်တွေမှာ မြင်တွေ့သွားရဖွယ် မရှိတော့တဲ့ တိရစ္ဆာန်များ

လာမယ့်နှစ်တွေမှာ မြင်တွေ့သွားရဖွယ် မရှိတော့တဲ့ တိရစ္ဆာန်များ

ကျွမ်းကျင်သူတို့ရဲ့ ပြောကြားချက်အရတော့ မကြာမီအချိန်အတွင်းမှာ တိရစ္တာန်တချို့အတွက် အစုလိုက် အပြုံလိုက် မျိုးသုဉ်းရန် အန္တရာယ်ရှိနေပြီ ဖြစ်ပါတယ်။

အဲဲဒီထဲကမှ မျိုးစိတ် အများစုကတော့ လူသားတွေကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်ခြင်း၊ နေထိုင်ရာများကို ဖျက်ဆီးခြင်း၊ တရားမဝင် အမဲလိုက်ခြင်းတို့ဟာ ဒီမျိုးစိတ်တွေကို မျိုးသုဥ်းပျောက်ကွက်သွားစေတော့မှာပါ။

ဒါကြောင့် နောက်လာမယ့်နှစ်တွေအဗာ မျိုးသုဉ်းသွားနိုင်ဖွယ်ရှိပြီး မြင်တွေ့သွားရဖွယ်မရှိတော့တဲ့ တိရစ္ဆာန် မျိုးစိတ်တွေရဲ့ စာရင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီမျိုးစိတ်တွေကို ကာကွယ်ဖို့အတွက် ရည်မှန်းချက်ကြီးကြီးထားမှသာ ကယ်တင်သွားနိုင်တော့မယ့် အခြေအနေမျိုးပါ။

၁။ ပိုလာ ဝက်ဝံ

ရာသီဥတုပြောင်းလဲမှု အကျိုးသက်ရောက်မှုများကြောင့် မျိုးသုဥ်းသွားနိုင်ဖွယ်အရှိဆုံး မျိုးစိတ်တွေဖြစ်ပါတယ်။

အာတိတ်ဝင်ရိုးစွန်းများ အရည်ပျော်ခြင်းကြောင့် ဝက်ဝံတို့ရဲ့ နေထိုင်ရာနေရာကို ဆယ်စုနှစ်များစွာ ခြိမ်းခြောက်ခံနေရပြီး လာမယ့်နှစ်များအတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်။

၂။ ပင်ဂွင်း

ပင်ဂွင်းမျိုးစိတ်များအတွက်တော့ အပူချိန် မြင့်တက်နေခြင်းဟာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်စေပါတယ်။

သမုဒ္ဒရာ ရေစီးကြောင်းများ ပူနွေးလာမှုကြောင့် အစာသစ်ရှာရန် ကီလိုမီတာ ရာနှင့်ချီ၍ ခရီးထွက်ခဲ့ရတဲ့ ပင်ဂွင်းငှက်များအတွက် နောက်လာမယ့်နှစ်တွေမှာ စားစရာ ပြတ်လပ်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။

၃။ ဂျာဗား ကြံ့

တရုတ် တိုင်းရင်းဆေးပညာမှာ အသုံးပြုကြတဲ့ ကြံ့ ဦးချိုရဲ့ ဂုဏ်သတ္တိတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ မနှစ်က ကြံ့ အရေအတွက် ၂၉ ကောင်ခန့်သာ ကျန်ရှိပါတော့တယ်။

၄။ အာဖရိက ကျားသစ် (သစ်ကျုတ်)

ကမ္ဘာပေါ်ရှိ အလျင်မြန်ဆုံး တိရစ္ဆာန်များထဲမှ တစ်မျိုးဖြစ်တဲ့ ကျားသစ်ဟာလည်း မျိုးသုဉ်းသွားဖို့အတွက် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အာဖရိကတိုက် တစ်ခုလုံးနီးပါးနဲ့ အာရှရဲ့ အချို့သောနေရာများမှာ နေထိုင်ကြတဲ့ မျိုးစိတ်များဟာ ကံမကောင်းစွာဖြင့် မကြာသေးမီက ကမ္ဘာတစ်ဝှမ်းလုံးမှာ နမူနာပေါင်း အကောင်ရေ ၇,၀၀၀ သာ စာရင်းပြုစုထားနိုင်ခဲ့ခြင်းကြောင့် ၂၀၅၀ လောက်ဆိုရင် ဒီကောင်တွေကို မြင်တွေ့ရဖို့ မသေချာတော့ပါဘူး။

၅။ ကျား

သူတို့ရဲ့ နေထိုင်ရာနေရာကို လူတို့ကျူးကျော်ဝင်ရောက်လာမှုကြောင့် ကျား အကောင်ရေဟာ ၆၀% ကျော် လျော့နည်းသွားပြီး တစ်ဖန် မှောင်ခိုအမဲလိုက်မှုများ (အရှေ့တိုင်းဆေးပညာအရ တန်ခိုးရှိတယ်လို့ ယူဆကြ)ကြောင့်လည်း စိုးရိမ်နေရတဲ့ မျိုးစိတ်ပါ။

ကမ္ဘာပေါ်က အကြီးမားဆုံး ကြောင်တစ်ကောင်ဖြစ်ပြီး တူရကီမှ ရုရှားသို့ လွတ်လပ်စွာ သွားလာခဲ့ပေမဲ့ လက်ရှိမှာတော့ မျိုးစိတ်ခွဲများဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကက်စ်ပီယံ ပင်လယ်၊ ဂျာဗား (တိရစ္ဆာန်ရုံများမှာသာ အသက်ရှင်လျက်) နဲ့ ဘာလီတို့မှာတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။

၆။ အနီရောင် တူနာငါး

ဆူရှီလုပ်ငန်းအတွက် ဒီငါးတစ်မျိုးတည်းကို အလုံးအရင်း ပစ်မှတ်ထားလာတာကြောင့် ငါးဖမ်းခြင်းကို ကန့်သတ်ရန် အစီအမံများ လုပ်ဆောင်နေခဲ့ရပါပြီ။

အလွန်အကျွံ ငါးဖမ်းမှုတွေဟာ မကြာသေးမီနှစ်များအတွင်း တူနာ အကောင်ရေ ၈၅% အထိ လျှော့ချခဲ့ပြီး လွန်ခဲ့တဲ့နှစ်များအတွင်းက အလွန်ပေါများခဲ့သော ဤမျိုးစိတ်များကို အန္တရာယ်ဖြစ်စေခဲ့ပါတယ်။

၇။ အာရှ ဆင်

သူတို့နေထိုင်ရာ သစ်တောပြုန်းတီးမှုနဲ့ အဖိုးတန်ဆင်စွယ်များရရှိရန် မှောင်ခို ခိုးယူမှုများကြောင့် မျိုးသုဉ်းလုနီးပါး ဖြစ်နေကြတာပါ။

လက်ရှိမှာဆော့ ဆင်စွယ်ကုန်သွယ်မှုကို တားမြစ်ထားသော်လည်း မှောင်ခို ဈေးကွက်တွေမှာတော့ ကျင့်သုံးနေကြဆဲပါပဲ။

၈။ Vaquita Porpoise

ဒီငါးမျိုးစိတ်ဟာ မက္ကဆီကိုပင်လယ်ကွေ့ မှာသာ နေထိုင်ကြပြီး ၂၀၂၁ ခုနှစ်မှာတော့ အဖွဲ့အစည်းများစွာက ဤသေးငယ်ပြီး လှပတဲ့ မျိုးစိတ် ၂၀၀ ကိုသာ တွေ့ရှိခဲ့ရပါတယ်။

သူတို့ နေထိုင်ရာနေရာဟာ အလွန်ကျဥ်းမြောင်းတဲ့ကြားမှာမှ ပိုက်ကွန်များဖြင့် ငါးဖမ်းခြင်းတို့ကြောင့် မျိုးစိတ်တွေကို ပျောက်ကွယ်သွားစေခဲ့ပါတယ်။

ဒါ့အပြင် ဒီမျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ အခြား ဘယ်နေရာမှာမှ မနေထိုင်ကြပါဘူး။

၉။ တောင်ပေါ် ဂေါ်ရီလာ

ဂေါ်ရီလာ လွင်ပြင်ဟာ လုံခြုံပုံပေါ်ပေမယ့် တောင်တန်း ဝမ်းကွဲတွေကတော့ ၂၀၂၅ ခုနှစ်မှာ လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။

ကုမ္ပဏီများမှ ခိုးယူမှုများနဲ့ တရားမဝင် အမဲလိုက်မှုများကြောင့် သူတို့ နေထိုင်ရာ ဒေသတွေ ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိမှာတော့ ဒီတိရိစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရုန်းကန်နေရပါတယ်။

၁၀။ ဧရာဝတီမြစ်လင်းပိုင်

မြန်မာ ရေပိုင်နက်နဲ့ မဲခေါင်ဒေသ (ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို) တို့မှာ စုစည်းနေထိုင်တဲ့ လင်းပိုင်တို့ဟာလည်း ရေထဲမှာ ဆားငန်နှုန်း မြင့်မားလာခြင်း၊ ဧရိယာအတွင်း ညစ်ညမ်းလာခြင်းနဲ့ မကြာသေးမီက အမဲလိုက်ခြင်းတို့ကြောင့် သေဆုံးနေရပါတယ်။

၂၀၁၁ ခုနှစ်က နောက်ဆုံး အချက်အလက်များအရ ဒီမျိုးစိတ်ဟာ ၈၅ ကောင်သာ တွေ့ရှိခဲ့ရပါတယ်။

၁၁။ ဆူမားတြား မျောက်ဝံ

အိမ်မွေးတိရိစ္ဆာန်များ အမဲလိုက် ရောင်းချခြင်းနဲ့ စားအုန်းဆီလုပ်ငန်းကြီးများဟာ မျောက်ဝံတို့အတွက် စိုးရိမ်ရတဲ့ အကြောင်းရင်းများဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ လွန်ခဲ့သော နှစ် ၅၀ အတွင်း သူတို့ အပူပိုင်းသစ်တောရဲ့ မျက်နှာပြင် ထက်ဝက်ကျော် ဆုံးရှုံးခဲ့ရတာကြောင့် ဘော်နီယိုနှင့် ဆူမာတြားတို့မှာသာ တွေ့ရှိနိုင်တဲ့ မျောက်ဝံတွေဟာ မကြာမီအချိန်အတွင်းမှာ မျိုးသုဥ်းပျောက်ကွယ်သွားနိုင်နေတာပါ။

၁၂။ Baulan လိပ်

မျိုးသုဉ်းရန် အန္တရာယ်အရှိဆုံးသော ပင်လယ်လိပ် မျိုးစိတ်ဖြစ်ပါတယ်။ လူတို့ရဲ့ ခရီးသွားလာရေး၊ ငါးဖမ်းခြင်း၊ ရေညစ်ညမ်းခြင်းနဲ့ အမဲလိုက်ခြင်းတို့ကြောင့် ဥများကိုပါ ထိခိုက်ပျက်စီးစေခဲ့ရပြီး မျိုးစိတ်များကို သုတ်သင်လုနီးပါးဖြစ်နေပြီ ဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *