ဟယ်လီကော်ပတာ ခေါင်းခန်း
ဒီနေ့ခေတ်မှာ အပေါ့စား ဟယ်လီကော်ပတာတွေဟာ ခေတ်းစားလာပါတယ်။ နာမည်ကြီး ဆယ်လီတွေ၊ အားကစားသမားတွေ၊ နိုင်ငံရေးသမားတွေနဲ့ မီလီယံနာကြီးတွေအထိ ကိုယ်ပိုင် ရဟတ်ယာဉ်များနဲ့ ခရီးသွားကြတာ သမားရိုးကြ ဖြစ်နေပါပြီ။
နာမည်ကျော် အဲဘတ်စ်လို ကုမ္ပဏီကြီးတွေတောင် အပေါ့စား ရဟတ်ယာဉ်တွေ ထုတ်လုပ်နေကြပါတယ်။
ခုတစ်ခါတော့ အပေါ့စား ခရီးသည်တင် ရဟတ်ယာဉ်ရဲ့ ဒိုင်ခွက် ( Indicator ) တွေကို လက်လှမ်းမီသလောက် ရှာဖွေတင်ပြလိုက်ပါတယ်။
လက်ယာရစ်အတိုင်း ပုံနဲ့ယှဉ်တွဲကြည့်ရှုရင်း အပျင်းလဲပြေ ဗဟုသုတလဲ ရကြပါစေလို့။
၁။ Airspeed Indicator
သူကတော့ အမြန်နှုန်းပြ ဒိုင်ခွက်ပါ။ ယူနစ်က တစ်နာရီကိုသွားနိုင်တဲ့ Knotical Mile နဲ့ ပြပါတယ်။
၂။ Artificial Horizon Indicator
သူက Gyro နဲ့ တည်ဆောက်ထားပါတယ်။ ရဟတ်ယာဉ်ကွေ့တာ၊ စောင်းတာ၊ အပေါ်တက်၊ အောက်ဆင်းစသဖြင့် ပြုလုပ်တဲ့အခါ ယာဉ်ရဲ့ position ကို ပြသပါတယ်။
၃။ Altimeter
အမြင့်ပေကို ပြသပါတယ်။ Capsule ထည့်သွင်းတည်ဆောက်ထားပြီး Atmosphere ရဲ့လေထုဖိအားကို သုံးပြီး အမြင့်ပေကို ပြသပါတယ်။
၄။ VOR/ILS
သူကတော့ မြေပြင်က Bacon လို့ခေါ်တဲ့စခန်းတွေက ထုတ်လွှင့်တဲ့ ဆစ်ဂနယ်တွေကို ဖမ်းယူပြီး လေယာဉ်ကွင်းရဲ့ တည်နေရာ ရှာဖွေဖို့ အလုပ်လုပ်ပါတယ်။
၅။ Marker Bacon
ပြေးလမ်းရှေ့တည့်တည့် မျဉ်းဖြောင့် အကွာအဝေးအတိုင်း Marker Bacon ၃ ခု တပ်ထားပါတယ်။ Inner , outer နဲ့ Midium ဆိုပြီး ၃ ခုရှိပါတယ်။
ဒီ Bacon ၃ ခုက လွှင့်တဲ့ ဆစ်ဂနယ်ကို ဖမ်းယူပြီး ရဟတ်ယာဉ် ဘယ် Marker အပေါ်ကို ရောက်ရှိနေပြီဆိုတာ သိနိုင်ပါတယ်။
ပုံမှန်ကတော့ အချက်ပြမီး ၃ လုံးနဲ့ ပိုင်းလော့ကို အချက်ပြပါတယ်။ အသံနဲ့လဲ Alert လုပ်ပါတယ်။
၆။ ADF ( Automatic Direction Finder)
မြေပြင်က ADF station တွေရဲ့ ထုတ်လွှင့်မှုကို ဖမ်းယူပြီး မိမိတည်နေရာနဲ့လမ်းကြောင်းကို ပြသပါတယ်။
၇။ DME (Distance Measuring Equipment)
မိမိနဲ့ ကွင်းအကွာအဝေးကို ပြသပါတယ်။
၈။ Transponder
မြေပြင်အခြေစိုက်စခန်းနဲ့ ဆက်သွယ်တဲ့ ကိရိယာ ဖြစ်ပါတယ်။
၉။ GPS ( Global Positioning system )
ဂြိုလ်တုဆက်သွယ်ရေး ကိရိယာဖြစ်ပြီး မိမိတည်နေရာ ကိုဩဒီနိတ်နဲ့ မြေပြင်အနေအထားတွေကို သိနိုင်ပါတယ်။
၁၀။ Vertical Velocity Indicator
အရင်က Vertical speed indicator လို့လည်း ခေါ်ပါတယ်။ အမြင့်တက်တဲ့နှုန်း၊ အောက်ဆင်းတဲ့နှုန်းတွေကို တစ်မိနစ်မှာ ပေ ဘယ်လောက်ဆိုပြီး ပြသပါတယ်။
၁၁။ Directional Gyro
သူကတော့ အိမ်မြှောင်ညွှန်းကို ပြပါတယ်။ ကမ္ဘာ့သံလိုက်စက်ကွင်းကို လျှပ်စစ်သံလိုက်တစ်ခုနဲ့ အာရုံခံပါတယ်။
ခြားနားချက်ကို Gyro signal နဲ့ပေါင်းစပ်ပြီး ဒိုင်ခွက်ပေါ်မှာ ဦးတည်ရာကို ပြသပါတယ်။ မိမိသွားလိုတဲ့ အိမ်မြှောင်ညွှန်းကို Cursor နဲ့ select လုပ်ပြီး ဒိုင်ခွက် အပေါ်ဖက်ကအမှတ်အသားနဲ့ တည့်တဲ့အထိလေယာဉ်ကို ကွေ့ စောင်းပေးပါ။
တည့်သွားရင် မိမိသွားလိုတဲ့ အိမ်မြှောင်ညွှန်းတဲ့တဲ့ကို ပျံသန်းနေပါပြီ။
၁၂။ Turn and Slip Indicator
ရဟတ်ယာဉ် ကွေ့တာ၊စောင်းတာ ဘယ်လောက်ဒီဂရီ ဆိုတာကို ပြသပါတယ်။ မှန်ကန်တဲ့ ကွေ့မှု ( Correct Coordinate Turn ) ဖြစ်မဖြစ်ကို Slip ball ကိုကြည့်ပြီး သိနိုင်ပါတယ်။
ဒါကတော့ Centrifugal နဲ့ Centripetal forces တွေကြောင့် ကွေ့တဲ့အချိန်မှာ Slip ဖြစ်သလား၊ Skip ဖြစ်သလားဆိုတာ သိနိုင်ပါတယ်။
ခုတင်ပြခဲ့တာတွေမှာ အမှားပါခဲ့ရင် စာရေးသူရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်လို့။ ကျေးဇူးတင်ပါတယ်။
သတင်းစုံ ဗသုသုတများကို ရှာဖွေတင်ဆက်နေတာမို့ Knight News Page မှာ စောင့်မျှော်အားပေးကြပါအုံးလို့။
Knight News Team