မြန်မာနိုင်ငံရှိ လူသိနည်းသေးသော ရှေးဟောင်းသမိုင်းဝင်နယ်မြေ

မြန်မာနိုင်ငံရှိ လူသိနည်းသေးသော ရှေးဟောင်းသမိုင်းဝင်နယ်မြေ

ကျောက်တောင်ကြီးတစ်ခုလုံးကို မည်သည့် နည်းပညာ အကူအညီမှမပါပဲ လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင် ဖြစ်ပါတယ်။

ရွှေဘတောင်မှာ သမိုင်းဝင် အနုပညာလက်ရာများစွာဟာ ခမ်းခမ်းနားနား တတည်ရှိနေပြီး နှစ်ပေါင်း သက်တမ်း ၉၀၀ ရှိပြီလို့ သိရပါတယ်။

ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုများစွာရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက် ဂုဏ်ကျက်သရေနဲ့ပြည့်စုံတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ရွှေဘတောင်ဟာ မုံရွာတစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ တည်ရှိပါတယ်။

နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နဲ့ တစ်ဆက်တည်းရှိပြီး နာမည်ကျော် ဖိုလ်ဝင်တောင်နဲ့ တောင်ကြော တစ်ဆက်တည်း ဖြစ်ပါတယ်။

မြန်မာရှေးဟောင်း ဘုရား၊စေတီ အများစုဟာ အုတ်သဲများဖြင့်သာ တည်ထားကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကိုတော့ ကျောက်များနဲ့ ထွင်းထုထားပါတယ်။

ကျောက်လှေကား၊ ကျောက်ရေအိုးစဉ် နဲ့ကျောက်ဆင်ရုပ်ကြီး တို့ဟာ အထင်ကရနေရာများ ဖြစ်ပါတယ်။ ။

ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားတာဖြစ်ပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။

ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်က ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုခဲ့ပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်လာတာ ဖြစ်ပါတယ်။

ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှ မပါဝင်ဘဲ လက်နှင့်ဆောက်ကိုသာ သုံးပြီး ကျောက်သားများကို ထွင်းထုခဲ့ကြတာ ဖြစ်ပါတယ်။

ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသာကို အသုံးပြုခဲ့ကြပါတယ်။ ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့ အမျိုးအစားဖြစ်ပြီး အေးသောဓာတ် ရှိပါတယ်။

လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ရသောကျောက် ဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီး မြန်မာမှု ကျောက်ပန်းပု လက်ရာတွေကို ကြည့်ရှုခံစားသင့်ပါတယ်လို့။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *