မျိုးတူတိရစ္ဆာန်များကြား ကမ္ဘာ့အကြီးဆုံးအဖြစ် သတ်မှတ်ထားသော တိရစ္ဆာန်များ

မျိုးတူတိရစ္ဆာန်များကြား ကမ္ဘာ့အကြီးဆုံးအဖြစ် သတ်မှတ်ထားသော တိရစ္ဆာန်များ

တိရစ္ဆာန်များသည် ပုံသဏ္ဌာန်မျိုးစုံရှိကြပြီး အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရသည့် အရွယ်အစားမှသည် မီတာ ၃၀ အရှည်ရှိသော အရွယ်အစားထိ ရှိကြသည်။

တိရစ္ဆာန်များ၏ ကိုယ်အလေးချိန်၊ အမြင့်၊ အရှည် စသည်တို့သည် မျိုးစိတ်ချင်းတူသည့်တိုင်အောင် ကြီးမားသော အရွယ်ရှိသည့် တိရစ္ဆာန်များ ရှိကြသည်။

ဤတိရစ္ဆာန်များသည် ၎င်းတို့၏ မျိုးစိတ်တူ အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် ကြီးမားကြသည်ကို တွေ့ရသည်။

ထိုသို့ ပုံမှန်တွေ့လေ့ရှိသည့် တိရစ္ဆာန်များထက် အရွယ်အစား ပိုမိုကြီးမားကြသည့် တိရစ္ဆာန်များကို ဗဟုသုတအနေဖြင့် ဖော်ပြသွားပါမည်။

ချေးပိုးထိုး (Goliath Beetle)

ချေးပိုးထိုးကောင်သည် Goliathus မျိုးစုရှိ မျိုးစိတ်ငါးမျိုးအနက်မှ တစ်ခုဖြစ်ပြီး ၎င်းတို့၏အမည် Goliath သည် သမ္မာကျမ်းစာမှ ဆင်းသက်လာခြင်းဖြစ်သည်။

အာဖရိကတိုက်၏ အပူပိုင်းသစ်တော များအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများထဲတွင် ပုန်းအောင်းနေတတ်သော ချေးပိုးထိုးကောင်သည် ကမ္ဘာပေါ်၌ အကြီးဆုံး အင်းဆက်ဖြစ်သည်။

ချေးပိုးထိုးကောင်တို့သည် ၃ ဒသမ ၅ အောင်စထိအလေးချိန်ရှိပြီး အရှည်အားဖြင့် ၄ ဒသမ ၅ လက်မ ရှိကာ အဖြူရောင်၊ အညိုရောင်နှင့် အနက်ရောင် စသော အရောင်ကွဲများဖြင့် ၎င်းကိုတွေ့ရတတ်သည်။

တရုတ်မျိုးရင်း ရေပုတ်သင် (Chinese Giant Salamander)

တရုတ်မျိုးရင်း ရေပုတ်သင်သည် ကုန်းနေ၊ ရေနေသတ္တဝါများဖြစ်ပြီး အလေးချိန်သည် ပုံမှန်အားဖြင့် ၆၆ ပေါင် ခန့်ရှိသော်လည်း ၎င်းတို့သည် အလေးချိန် ၁၃၂ ပေါင်နှင့် အရှည် ခြောက်ပေထိ ကြီးထွားနိုင်သည်။

တရုတ်မျိုးရင်း ရေပုတ်သင်တို့သည်သည် ရှေးယခင်မူလမျိုးစိတ်များနှင့် အနည်းငယ်သာ ပြောင်းလဲလာသည့် မျိုးစိတ်များဖြစ်သဖြင့် ၎င်းတို့ကို သက်ရှိရုပ်ကြွင်းများဟုလည်း လူသိများကြသည်။

၎င်းတို့သည် ထူးခြားလှသော်လည်း မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်ပြီး တောရိုင်းများတွင် ရှားပါးလျက်ရှိသည်ကို တွေ့ရသည်။

၎င်းတို့၏ မျိုးရင်းဒေသသည် တရုတ်နိုင်ငံဖြစ်ပြီး ရေပုတ်သင်ကောင်များသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်းနေ၊ ရေနေသတ္တဝါများဖြစ်သည်။

ငှက်ကုလားအုတ် (Ostrich)

ငှက်ကုလားအုတ်များသည် အမြင့် ကိုးပေနှင့် အလေးချိန် ၃၄၄ ပေါင်ရှိပြီး ၎င်းတို့၏ မျက်လုံးအရွယ်အစားမှာ ၁ ဒသမ ၉ လက်မ ရှိသည့်အတွက် ငှက်အားလုံးတွင် မျက်လုံးနှင့် ကိုယ်ထည်အကြီးဆုံး ဖြစ်သည်။

ငှက်ကုလားအုတ်များတွင် သွားများမရှိပေ။ ငှက်ကုလားအုတ်တို့သည် ကိုယ်အတွင်းပိုင်း၌ ၎င်းတို့စားသော အသီးအရွက်များမှကိုယ်ပိုင်ရေကို ပြန်လည်ထုတ်ယူနိုင်သည့်အတွက် ရေမရှိဘဲ ရက်ပေါင်းများစွာ ရှင်သန်နိုင်ကြခြင်းဖြစ်သည်။

ရေငန်မိကျောင်း (Saltwater Crocodile)

အကြီးဆုံး သက်ရှိတွားသွားသတ္တဝါကို ပြရမည်ဆိုလျှင် ရေငန် မိကျောင်းကို ပြရမည်ဖြစ်သည်။ ၎င်းသည် ပျမ်းမျှအားဖြင့် အရှည် ၁၇ ပေ မှ ၂၁ ပေထိ ကြီးထွားနိုင်ကြပြီး အလေးချိန်အားဖြင့် ပေါင် ၁ဝဝဝ ထိ ရှိကြသည်။

ရေငန်မိကျောင်းများသည် အိန္ဒိယအာရှနှင့် ဩစတြေးလျနိုင်ငံများ၏ စိမ့်ရေနှင့်ဆားငန်ရေများရှိရာ နေရာဒေသများတွင် ကျက်စားကြသည်။

၎င်းတို့သည် အသားစားသတ္တဝါများဖြစ်ကြပြီး ငါးမန်းပေါက်များအပါအဝင် အခြားသော တိရစ္ဆာန်အားလုံးကို စားသောက်ရှင်သန်ကြသည်။

ဝေလငါးမန်း (Whale Shark)

ရေနေသတ္တဝါများထဲတွင် ဝေလငါးမန်းသည် အကြီးဆုံးငါးဟု ဆိုနိုင်ပေသည်။ ၎င်း၏ ခန္ဓာကိုယ်အရှည်မှာ ပေ ၄၀ ဖြစ်သည်။

ကိုယ်အလေးချိန်အားဖြင့် ၂၂ တန်ရှိပြီး ၎င်းတို့သည် အဏ္ဏဝါနေ သတ္တဝါများထဲတွင် ကြီးမားသည့် အရွယ်အစားကို ပိုင်ဆိုင်ထားကြသည်။

ဝေလ ငါးမန်းသည် အသားစားသည့်သတ္တဝါဖြစ်သောကြောင့် ၎င်းကို ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းပင်လယ်ပြင်များတွင် အန္တရာယ်ရှိနိုင်သည်ဟု ယူဆ ကြပြီး အချို့နေရာများတွင် အမဲလိုက်သတ်ဖြတ်ကြကြောင်း သိရသည်။

ဝက်ဝံညိုများ (Brown Bears)

ဝက်ဝံညိုများသည် ပိုလာဝက်ဝံများကြားတွင် နေထိုင်သော အသားစားသတ္တဝါများ ဖြစ်ကြသည်။ ပိုလာဝက်ဝံများထက် ဝက်ဝံညိုများသည် ပိုကြီးမားပြီး အလေးချိန်အားဖြင့်တစ်တန်ရှိသည်။

မတ်တပ်ရပ် အနေအထားနှင့်ဆိုလျှင် ၁ဝ ပေထိ မြင့်မားကြသည်။ မြောက်အမေရိက၊ဥရောပနှင့် အာရှရှိ သစ်တောများနှင့် တောင်တန်းများတွင် ဝက်ဝံညိုများကို တွေ့နိုင်သည်။

သစ်ကုလားအုတ် (Giraffe)

သစ်ကုလားအုတ်များသည် အမြင့် ၁၉ ပေရှိသဖြင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသက်ရှိသတ္တဝါ ဖြစ်သည်။

သူတို့၏ လည်ပင်းတစ်ခုတည်းက ခြောက်ပေအရှည် ရှိသည်။ သစ်ကုလားအုတ်ကို အရှေ့ အာဖရိကရှိ မြက်ခင်းပြင်များတွင် တွေ့ရပြီး သစ်ပင်များမှ အညွှန့်များနှင့် အရွက်များကို ဆွဲယူစားသောက်ရန် ၎င်းတို့၏ ရှည်လျားသော လျှာများကို အသုံးပြုကြသည်။

သူတို့၏ ကိုယ်ဝန်ဆောင်ကာလမှာ ၁၅ လကြာမြင့်ပြီး မီးဖွားပြီးခါစ သားပေါက်ကလေးများသည် နှစ်မီတာ မြင့်သည်။

အာဖရိကဆင် (African Elephant)

ကုန်းမြေ တိရစ္ဆာန်များတွင် အကြီးဆုံးတိရစ္ဆာန်များ ဖြစ်ကြသည်။ ဆင်များထဲမှာမှ ခုနစ်တန်အလေးချိန်ရှိသော အာဖရိကဆင်များသည် ဆင်မျိုးစိတ်များတွင် အကြီးဆုံးဖြစ်သည်။

ဆင်တို့သည် ဦးကင်းမှ အမြီးထိ ၃၅ ပေထိ ရှည်လျားပြီး အမြင့် ၁၃ ပေ ရှိသည်။ ဆင်များကို အထွတ်အမြတ်တိရစ္ဆာန်များအဖြစ် သတ်မှတ်ထားကြပြီး အာဖရိကရှိ အချို့သော ဆင်မျိုးစိတ်များသည် မျိုးသုဉ်းတော့မည့်တိရစ္ဆာန်များ စာရင်းဝင်အဖြစ် သတ်မှတ်ခံနေရသည်။

Source-Yadanarpon Daily

Leave a Reply

Your email address will not be published. Required fields are marked *