အဖြေရှာမရသေးတဲ့ မေးခွန်းနှစ်ခု

အဖြေရှာမရသေးတဲ့ မေးခွန်းနှစ်ခု

ဒီတခါတော့ Knight News ချစ်သူများအတွက် စဉ်းစားစရာမေးခွန်းနှစ်ခုအကြောင်း တင်ပြခြင်ပါတယ်။ ဖြေကြည့်ကြပါနော်။

မေးခွန်းတွေကတော့ စင်္ကြာဝဠာထဲမှာ ကျနော်တို့ပဲ ရှိသလား ဆိုတာရယ်၊ စင်္ကြာဝဠာ ဘယ်နှစ်ခု ရှိသလဲ ဆိုတာရယ် ဖြစ်ပါတယ်။

ဒီမေးခွန်းရဲ့အဖြေကို လူသားတွေဟာ ရာစုနှစ်နဲ့ချီပြီး အဖြေရှာနေကြဆဲပါ။ လူသားတွေအတွက်ကတော့ ကမ္ဘာကြီးဟာ ကြီးမားလှပါတယ်။

ဒါပေမဲ့ နေမင်းကြီးနဲ့ ယှဉ်ကြည့်လိုက်ရင် ကမ္ဘာက သေးသေးလေးပါ။ ကမ္ဘာ ၁ သန်းလောက်ကို နေမင်းကြီးထဲ သွတ်သွင်းလိုက်ရင်တောင် မပြည့်သေးပါဘူး။

နေဆိုတာကလဲ ကြယ်တစ်မျိုးပဲ ဖြစ်ပြီး Milky way လို့ ခေါ်တဲ့ နဂါး‌ငွေ့တန်းကြီးထဲမှာ သူ့လိုကြယ်မျိုး ဘီလီယံ သန်း ၄၀၀ လောက် ရှိပါတယ်။ အခုထိ တယ်လီစကုပ်နဲ့ ထောက်လှမ်းသိရှိရသလောက် Galaxy က ဘီလီယမ် ၁၀၀ လောက် ရှိပါတယ်။

စတီဖင်ဟော့ကင်းနဲ့ တခြားနက္ခတ္တရူပဗေဒ ပညာရှင်တွေကလဲ ဒီထက်မကသော Galaxy တွေ ရှိနေသေးတယ်လို့ အခိုင်အမာဆိုကြပါတယ်။

အာကာသကြီး ကိုယ်နှိုက်ကလဲ တဖြည်းဖြည်း ပြန့်ကားထွက်နေပါတယ်။ တချို့ Galaxy တွေဟာ ကျနော်တို့နဲ့ ဝေးရာကို အလင်းအလျင်နဲ့ရွေ့လျားနေတာ နောက်ဆုံးလွှတ်တင်ခဲ့တဲ့ ဝဘ်မှန်ပြောင်းကတဆင့် သိခဲ့ရပါတယ်။

ဒါကြောင့် သူတို့ရဲ့အလင်းဟာ ကျနော်တို့ကမ္ဘာကို ရောက်မလာတဲ့အတွက် ကျနော်တို့က မမြင်နိုင်တာ ဖြစ်ပါတယ်။

လတ်တလော ထွက်ပေါ်လာတဲ့ သီအိုရီတွေကလည်း မရေတွက်နိုင်တဲ့ တခြားစင်္ကြာဝဠာတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

သူတိုဟာ ခြားနားတဲ့ အမှုန်တွေနဲ့ဖွဲ့စည်းထားပြီး ဖြစ်တည်မှု သဘာဝလဲကွဲပြားနိုင်ပါတယ်။ အများစုကတော့ သက်ရှိတွေ ရှင်သန်နိုင်တဲ့အခြေအနေမျိုး မရှိပါဘူး။

ရှိခဲ့ရင်တောင် တိုတောင်းတဲ့သက်တမ်းပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ဒီအရာတွေက ကြီးမားတဲ့ Maltiverse တွေ ပြန်လည် ဖြစ်ပေါ်စေနိုင်ပါတယ်။

String Theory အရဆို ဒီ Maltiverse တွေက Universe ၁၀ ကနေ ၅၀၀ အထိ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တချို့ရူပဗေဒ ပညာရှင်တွေက အချိန်နဲ့နေရာ Space time ဆက်သွယ်တည်ရှိမှုဟာ အဆုံးမရှိဘူးလို့ ယူဆကြပါတယ်။

သူတို့က စင်္ကြာဝဠာဟာ pocket အိတ်သဖွယ် စုဝေးနေပြီး အရေအတွက်က ခန့်မှန်း မရနိုင်ဘူးလို့ ဆိုပါတယ်။

ကွမ်တမ် သီအိုရီအရကြပြန်တော့ အပြိုင်စင်္ကြာဝဠာတွေ မရေတွက်နိုင်အောင် ရှိတယ်ဆိုပါတယ်။

တချို့ကတော့ စင်္ကြာဝဠာဟာ တစ်ခုထဲဘဲလို့ ပြောကြသူတွေ ရှိပါတယ်။ တချို့ကတော့ စင်္ကြာဝဠာက ကြောက်စရာအရှိန်နဲ့ ပေါက်ကွဲ ပြန့်ကားနေတာလို့ ဆိုပါတယ်။

အဖြေကတော့ ရှင်းပါတယ် သင်္ချာနည်းအရဆို ကျနော်တို့ ဖြစ်တည်မှုဟာ သုံညကနေ အနန္တကြား ( Zero to infinity) မှာ ရှိနေပါတယ်။ ဒါကတော့ ဒုတိယ မေးခွန်းအတွက်ပါ။

ပထမမေးခွန်းဖြစ်တဲ့ စင်္ကြာဝဠာမှာ ကျနော်တို့လူသားတွေပဲ ရှိတာလားဆိုတာကို အဖြေရှာကြည့်ရအောင်။ ဂြိုလ်သား (Alien) ဆိုတာ မကြာခန ကြားနေရတဲ့ စကားပါ။

သူတို့ရှိတယ်ဆိုရင် ဘာလို့ကျနော်တို့သေချာ မတွေ့ရသေးတာလဲ။ ကျနော်တို့ စကြာဝဠာဟာ ကြီးမားပြီး အမျိုးမျိုး ကွဲပြားတဲ့ အခြေအနေတွေ ရှိနေပါတယ်။

တခြား ဂြိုလ်တွေမှာလဲ သက်ရှိတွေဖြစ်တည်ဖို့ အခြေအနေ ရှိနိုင်ပါတယ်။ Conspiracy theory သမားတွေအဆိုအရတော့ ဂြိုလ်သားတွေဟာ ကမ္ဘာကို အမှန်တကယ် လာရောက်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။

ဒါပေမဲ့ အဖြစ်မှန်တွေဟာ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်တာကို ခံနေရပါတယ်တဲ့။ ဒါတွေက မှန်းဆချက်သက်သက်လဲ ဖြစ်နိုင်ပေမဲ့ Caplar ဂြိုလ်တုဟာ ဂြိုလ်တွေအများကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာမြေပေါ်ကို ဓါတ်ပုံမှတ်တမ်းတွေ ပေးပို့လာခဲ့တာ ရှိပါတယ်။

နေမိသားစု

နေလို ပူပြင်းတဲ့ ကြယ်အနားမှာ ရှိနေတဲ့ ဂြိုလ်ပေါင်းဟာ ၁ ထရီလီယမ်ရဲ့တဝက်နီးပါး ရှိပါတယ်။

ဒါတောင် ကျနော်တို့ရဲ့ Galaxy အတွင်းမှာပဲ ရှိသေးတာပါ။ အဲဒီ ဂြိုလ်တွေပေါ်မှာလဲ အခြေအနေအမျိုးမျိုးနဲ့ သက်ရှိတွေ ရှိနိုင်တာပါပဲ။

ကမ္ဘာက Big Bang ခေါ် ပေါက်ကွဲမှုကနေ ဖြစ်တည်လာတာပါ။ သက်တမ်းက နှစ်ပေါင်း ၉ ဘီလီယမ်လောက် ရှိပြီလို့ ဆိုပါတယ်။

ဒါဆိုရင် တခြားဂြိုလ်တွေကရော ကျနော်တို့ကမ္ဘာထက်စောပြီး ဖြစ်တည်လာတာမျိုး မရှိနိုင်ဘူးလား။

ဒီထဲမှာ ကျနော်တို့ထက် ဉာဏ်ရည်မြင့် သက်ရှိတွေ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်လဲ ကျနော်တို့လူသားတွေထက် နှစ်သန်းပေါင်းများစွာ ဖွံ့ဖြိုးပြီး ဖြစ်ပါလိမ့်မယ်။

သူတို့ဟာ ဉာဏ်ရည်မြင့် ဂြိုလ်သားအဖွဲ့အစည်းဖြစ်လို့သာ UFO (ပန်းကန်ပြားပျံ) တွေလို အဆင့်မြင့် ယာဉ်တွေ တည်ဆောက်ပြီး Galaxy ထဲမှာ ခရီးသွားနေကြတာ ဖြစ်ပါတယ်။

ဒါကို ဖမ်းယူရရှိထားတဲ့ အသံလှိုင်းအချက်ပြတွေက အနည်းဆုံးသက်သေပြချက်အဖြစ် ယူဆလို့ ရပါတယ်။

ကျနော်တို့က အကုန်မကြားနိုင်သေးတာလဲ ဖြစ်နိုင်ပါတယ်။ ကြယ်တွေအကြောင်း သိတာတောင် နည်းနည်းပဲ ရှိပါသေးတယ်။ ကျနော်တို့ သုံးနေတဲ့ စက်ကရိယာတွေကရော အမှန်တကယ် ခေတ်မီရဲ့လား စဉ်းစားစရာပါ။

ဂြိုလ်သားနည်းပညာတွေက လူသားတွေအတွက် ရှုပ်ထွေးနေဆဲပါပဲ။ ကျနော်တို့က မထောက်လှမ်းနိုင်သေးတာလဲ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ သိမှုနယ်ပယ်ရဲ့ အကန့်အသတ်ထက် သူတို့က ကျော်လွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

သိမှုနယ်ပါယ်ဆိုတာ ကွဲပြားပါတယ်။ ကမ္ဘာပေါ်က လူနဲ့ တိရစ္ဆာန် မျိုးစိတ်တွေကိုဘဲ ကြည့်ပါ။ မတူတာတွေ့မှာပါ။

အင်္ဂါဂြိုလ်ပေါ်မှာ တချိန်က ရေတွေရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေတွေ့ခဲ့ပါပြီ။ ဒါဆို အဲအချိန်က သက်ရှိဇီဝတွေ ရှိခဲ့မှာပါပဲ။

ကျနော်တို့ တကယ်တော့ အနီးပါတ်ဝန်းကျင်က ဂြိုလ်တွေအကြောင်းတောင် နည်းနည်းပဲ သိသေးတာဖြစ်ပါတယ်။

နောက်ထပ် စူးစမ်းရှာဖွေမှုတွေ ပြုလုပ်တာက အဖြေတစ်ခုခု‌တော့ ထုတ်ပေးမှာက သေချာပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *