ကြောင်ချစ်သူတို့အတွက် နိဗ္ဗာန်ဘုံ (သို့) ဂျပန်နိုင်ငံက “ကြောင်ကျွန်း”

ကြောင်ချစ်သူတို့အတွက် နိဗ္ဗာန်ဘုံ (သို့) ဂျပန်နိုင်ငံက “ကြောင်ကျွန်း”

ကြောင်ချစ်သူတို့အတွက်တော့ ဂျပန်နိုင်ငံကို ရောက်ဖြစ်ခဲ့ရင်တော့ ကံအကောင်းဆုံးဖြစ်မယ်လို့ ဆိုလိုက်ပါရစေ။

ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံမှာ တစ်ကျွန်းလုံးကို ကြောင်လေးတွေအပြည့်နဲ့ ဖုံးလွှမ်းထားတဲ့ Tashirojima ဆိုတဲ့ ကျွန်းလေး တည်ရှိနေလို့ပါပဲ။

လူဦးရေ အရေအတွက်နည်းပြီး ကြောင်လေးတွေကို မရေတွက်နိုင်အောင်တွေ့ရမယ့် ကမ္ဘာတစ်ခုက ပိုကောင်းမယ်ဆိုရင်တော့ ဒီကျွန်းလေးဟာ မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ကြောင်း ကြောင်ချစ်သူတွေလည်း သဘောတူကြလိမ့်မယ် ထင်ပါတယ်။

Tashirojima ကျွန်းဟာ သေးငယ်ပြီး လူဦးရေနည်းပါးတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပြီး သင့်ရဲ့ အလှဓာတ်ပုံတွေကို ပြီးပြည့်စုံစေမယ့် ကြောင်လေးတွေတော့ အများကြီး နေထိုင်ပါတယ်။

အတိအကျဆိုရင်တော့ လူသားနေထိုင်သူ ၈၀ ဝန်းကျင်နဲ့ ရာနှင့်ချီသော ကြောင်ကောင်ရေနှင့်အတူ ကျွန်းငယ်လေးဟာ အလွန်ဆိတ်ငြိမ်ပြီး အေးချမ်းတဲ့ နေရာတစ်ခုအဖြစ်၊ ကြောင်ချစ်သူတွေအတွက် စိတ်ထွက်ပေါက် နေရာလေးအဖြစ် တည်ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ မတူညီသော ကြောင်ကျွန်းတွေ အနည်းငယ်ရှိကြပေမဲ့ Tashirojima ကတော့ Tohoku ဒေသမှာတင် တည်ရှိတာကြောင့် တိုကျိုမြို့မှ သွားရန် အလွယ်ကူဆုံး ကျွန်း ဖြစ်ပါတယ်။

Miyagi စီရင်စုရှိ ကမ်းရိုးတန်းမြို့ Ishinomaki မှ တစ်နာရီခန့်ကြာ သွားရတဲ့ ကျွန်းငယ်လေးအတွက် နေ့စဉ် လှေများရှိပြီး အမှန်တကယ် သွားလာရလွယ်ကူတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။

Ishinomaki မြို့ဟာ ၂၀၁၁ ခုနှစ်က ဆူနာမီဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ပြီး ဒေသတွင်း ခရီးသွားများကို ဆွဲဆောင်ရန် ပရိုမိုးရှင်းများစွာဖြင့် စတင်တည်ဆောက်နေတဲ့ မြို့လေးဖြစ်ပါတယ်။

ကြောင်တွေ ဘာကြောင့်ဒီလောက်များ

Edo ခေတ် (1600-1868) မှာ ကျွန်းသားတွေက အထည်အလိပ် ထုတ်လုပ်ရန်အတွက် ပိုးကောင်များကို မွေးမြူခဲ့ကြသော်လည်း ပိုးကောင်ရဲ့ သဘာဝသားရဲဖြစ်တဲ့ ကြွက်တွေကို ထိန်းချုပ်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

ကြောင်တွေကတော့ ဒီကြွက်တွေရဲ့ ရန်အတွက် သဘာဝ ဖြေရှင်းချက်ဖြစ်ပြီး သူတို့ကို နှစ်ပေါင်းများစွာ အခမဲ့ သွားလာခွင့်ပြုထားပါတယ်။

တံငါလုပ်ငန်းကို အဓိကလုပ်ငန်းတစ်ခုအဖြစ် သိမ်းပိုက်လိုက်ချိန်မှာတော့ ကြောင်များကို အဆွဲဆောင်နိုင်ဆုံး ဒေသလေး တစ်ခုအဖြစ် စတင် အသက်ဝင်လာခဲ့ပါတော့တယ်။

တံငါသည်များက ကြောင်လေးတွေကို လတ်ဆတ်တဲ့ ငါးစိမ်းများ ပေးဆောင်ခဲ့ကြပြီး ကျောက်တုံးပြုတ်ကျ၍ သေဆုံးခဲ့တဲ့ ဒေသခံကြောင်တစ်ကောင်အား ရည်စူးပြီး နတ်ကွန်းတစ်ခု ဆောက်လုပ်တဲ့အထိ ဒီဒေသလေးဟာ ကြောင်တွေကို တန်ဖိုးထားခဲ့ပါတယ်။

ဒါ့အပြင် ယနေ့အချိန်အထိတိုင် ဒီကျွန်းငယ်လေးဟာ ကြောင်လေးတွေက သူတို့ကို ကံကောင်းစေတယ်လို့ ယူဆထားကြပါတယ်။

ဒီကျွန်းဟာ ထူးခြားရှားပါး Bobtail ကြောင် မျိုးစိတ်လေးတွေကို ကြည့်ရှုနိုင်မယ့် နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီကျွန်းက ကြောင်လေးတွေဟာ လမ်းဘေးကြောင်၊ ရိုင်းစိုင်းတဲ့ကြောင်တွေလို့ သာမန်အားဖြင့် တွေးကြည့်နိုင်သော်လည်း သူတို့လေးတွေဟာ ပြည်မကြီးက တိရစ္ဆာန် ဆေးကုဆရာဝန်က ပုံမှန်လာရောက် စစ်ဆေးပေးခြင်း အပါအဝင် အတတ်နိုင်ဆုံး ဂရုစိုက်ခံရတဲ့ ကြောင်လေးတွေဖြစ်သလို လူလည်း အရမ်းခင်ကြပါတယ်။

ယခုအခါ ခရီးသွားလုပ်ငန်းကို အားကိုးကာ ကြောင်လေးတွေကို ထိန်းသိမ်းထားစေဖို့ အမှတ်တရလက်ဆောင်ပစ္စည်းများကို ရောင်းချခြင်း သို့မဟုတ် ကျွန်းရဲ့ ကော်ဖီဆိုင်များကို အားပေးခြင်းဖြင့် ကြောင်လေးတွေအတွက် အစားအစာနဲ့ အခြားသော အသုံးပြုစရိတ်တို့ကို ရရှိစေမှာဖြစ်ပါတယ်။

ကြောင်ကျွန်းကို လည်ပတ်ဖြစ်တဲ့အခါ

ဒီကျွန်က ကြောင်လေးတွေကို အစာကျွေးဖို့တော့ မလိုပါဘူးတဲ့။ လည်ပတ်သူတွေဟာ သူတို့ကို အစာကျွေးခြင်းကိုတော့ တားမြစ်ထားပြီး ဒီလိုတားမြစ်ထားတာကလည်း ကြောင်လေးတွေရဲ့ ကျန်းမာရေးကြောင့်လို့ သိရပါတယ်။

လည်ပတ်သူတွေအနေနဲ့ ကြောင်လေးတွေကို လေးစားစွာ ဆက်ဆံဖို့လည်း လိုအပ်ပါလိမ့်မယ်။

အများစုဟာ ယဉ်ပါးကြပေမဲ့ တချို့ကတော့ ကောက်ယူခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းကို မနှစ်သက်ကြပါဘူး။

ဒါကြောင့် သူတို့က သင့်ထံချဉ်းကပ်ပြီး ဖော်ရွေစွာဆက်ဆံမှသာ ပွတ်သပ်ကိုင်တွယ်တာမျိုး လုပ်ဖို့ ဒေသခံတွေက အကြံပြုထားကြပါတယ်။

ကြောင်နတ်ကွန်း

ကျောက်တုံးတွေ ပြုတ်ကျမှုကြောင့် သေဆုံးသွားခဲ့တဲ့ ကြောင်တစ်ကောင်ကို ရည်စူးပြီး တည်ဆောက်ထားခဲ့တဲ့ ကြောင်နတ်ကွန်းဟာလည်း Odomari နဲ့ Nitoda ရွာနှစ်ရွာကြားက ကြီးကျယ်ခမ်းနားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။

ရာနှင့်ချီသော ရုပ်တုများ တည်ရှိသလို သက်ရှိကြောင်လေးတွေလည်း နေထိုင်လို့ တိတ်ဆိတ်သော နေ့ဖြစ်ပါက သေးငယ်တဲ့ ပျော်ပွဲစားပွဲအတွက် နေရာကောင်းတစ်ခုလည်းဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *