ထူးခြားဆန်းပြား ရဟတ်ယာဉ်များ

ထူးခြားဆန်းပြား ရဟတ်ယာဉ်များ

ရဟတ်ယာဉ်တွေဟာ ဒီနေ့ခေတ်မှာ နည်းလမ်းအမျိုးမျိုးနဲ့ လူသားအကျိုးသယ်ပိုးနေကြပါပြီ။ အပျော်စီး၊ တိုက်ခိုက်ရေး၊ ကယ်ဆယ်ရှာဖွေရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစုံပါပဲ။

ခုတစ်ခါ ဒီ ရဟတ်ယာဉ်တွေထဲက ထူးခြားတဲ့ ရဟတ်ယာဉ်တွေအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

၁။ Piasecki H-21

Piasecki H-21

သူ့ကို Flying Banana လို့ ချစ်စနိုးခေါ်ကြပါတယ်။ ၁၉၅၀ ခုနှစ်လောက်က ထုတ်လုပ်ပါတယ်။ အာတိတ်ဒေသမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့ ထုတ်ခဲ့တာဖြစ်ပါတယ်။

ရေပေါ်ဆင်းတဲ့ ဖေါ့ ( Float )၊ဘီးနဲ့ ရေခဲပေါ်ဆင်းဖို့ Ski သုံးမျိုး တပ်ထားပါတယ်။ အနုတ် ၆၅ ဒီဂရီ ဖါရင်ဟိုက်မှာတောင် စက်နှိုးနိုင်ပါတယ်။ လူ ၂၂ ယောက်၊ ထမ်းစင် ၁၂ ခု ဆရာဝန် ၂ ဦး သယ်ဆောင်နိုင်ပါတယ်။

၂။ Boeing A160 Hummingbird

Boeing A160 Hummingbird

အလိုအလျောက်မောင်းနှင်နိုင်တဲ့အမျိုးအစား ဖြစ်ပါတယ်။ ခရီးရှည်နဲ့ အမြင့်ကို များများတက်နိုင်အောင် တည်ဆောက်ထားပါတယ်။

တစ်နာရီ မိုင် ၁၄၀ ကျော် မောင်းနှင်နိုင်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ထုတ်လုပ်မှု ရပ်နားခဲ့ပါတယ်။

၃။ Kellett Hughes XH-17

Kellett Hughes XH-17

လေးလံတဲ့ ပစ္စည်းတွေကို သယ်ယူနိုင်ပြီး ခက်ခဲတဲ့နေရာတွေမှာ နေရာချပေးနိုင်ပါတယ်။ Hughes ကုမ္ပဏီဟာ XH-17 ကို ၁၉၅၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီခေတ်မှာ သူကအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ အင်ဂျင်ပါဝါ ကြီးလွန်းလို့ အိတ်ဇောက မီးတောက်တွေထွက်လေ့ရှိပြီး အသံကို ၈ မိုင်အကွာက ကြားရပါတယ်။

၄။ Kaman K-Max K-1200

Kaman K-Max K-1200

ကိုယ်ထည် အကျယ်က ၂ ပေခွဲ ရှိပါတယ်။ ပန်ကာ ဘလိတ်တွေရဲ့ တည်ငြိမ်မှုက ကောင်းလွန်းပါတယ်။ ပိုင်းလော့အတွက် ရှေ့မြင်ကွင်းကျယ်ဝန်းပြီး ယာဉ်က ပေါင် ၆၀၀၀ သယ်နိုင်ပါတယ်။ ဒါက ဟယ်လီကော်ပတာရဲ့အလေးချိန်ထက်တောင် များပါတယ်။

၁၉၉၁ ခုနှစ်မှာ ထုတ်လုပ်ပြီး ၂၀၀၃ ခုနှစ်မှာ ရပ်နားခဲ့ပေမယ့် လိုအပ်ချက်အရ ၂၀၁၅ ခုနှစ်မှာ တစ်ခါပြန်ထုတ်လုပ်ခဲ့ပါတယ်။

၅။ Fiat 7002

Fiat aviazione က ထုတ်လုပ်တဲ့ တစ်ခုတည်းသော ရဟတ်ယာဉ် ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်၊ဇန္နဝါရီမှာ စတင်စမ်းသပ်ခဲ့ပါတယ်။

Fiat 7002

ကိုယ်ထည်ကို ပေါ့ပါးတဲ့ သတ္တုစပ်နဲ့တည်ဆောက်ထားပါတယ်။ ယာဉ်မောင်းနှစ်ယောက်စာ အခန်းဖွဲ့ထားပြီး ခရီးသည် ၅ ဦး လိုက်ပါနိုင်ပါတယ်။

၆။ Sikorsky H-5

Sikorsky H-5

Sikorsky က ၁၉၄၄ မှ ၁၉၅၁ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်အမျိုးအစား ဖြစ်ပါတယ်။

ယူအက်စ်မှာ ကမ်းခြေစောင့်တပ်နဲ့ စာပို့ဌာနတွေအတွက် အသုံးပြုပါတယ်။ သူက အရင်တုန်းက အများအပြား ထုတ်လုပ်ခဲ့ဘူးတဲ့ R-4 အမျိုးအစားထက် ပိုမာကျောပြီး ပိုကောင်းပါတယ်။ ၁၉၄၂ ခုနှစ်၊ ဇန္နဝါရီ ၁၃ မှာ စတင်ပျံသန်းနိုင်ခဲ့ပါတယ်။

၇။ KA-52 Alligator

ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပါတယ်။ တကယ့် လူသဝာ် ယန္တယားတစ်ခု ဖြစ်ပါတယ်။ စစ်အေးကာလ အလွန်မှာ ထွက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်လောက်မှာ စတင်ပြီး အဆက်မပြတ် ထုတ်လုပ်ခဲ့ပါတယ်။

KA-52 Alligator

၁၅၅ စီးလောက် ထုတ်လုပ်ခဲ့ပေမယ့် မြင့်မားတဲ့ ကုန်ကျစရိတ်ကြောင့် ပြည်ပတင်ပို့ဖို့ကတော့ အကန့်အသတ်ရှိပါတယ်။အီဂျစ်ရေတပ်အတွက် ၄၆ စီး တင်ပို့ထားပါတယ်။

လက်နက်အများအပြား တပ်ဆင်ဖို့ Hard point ၁၂ ခုတောင် ပါရှိပါတယ်။ စက်သေနတ်လည်း ပါပါတယ်။ X-310 ဒုံးကျည်တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။

ဒါပေမဲ့ ယူကရိန်းရဲ့ MANPAD ဒုံးကျည်ကြောင့် ဂုဏ်သတင်း ကျဆင်းသွားပါတယ်။

၈။ De Lackner HZ-1 Aerocycle

အဆိုဝါးဆုံ ပုံစံလို့ ပြောရမလိုပါဘဲ။ ပိုင်းလော့ဟာ ပန်ကာဘလိတ် အပေါ်တဲ့တဲ့မှာ ရပ်ပြီး မောင်းနှင်ရပါတယ်။

De Lackner HZ-1 Aerocycle

၁၉၅၄ ကနေ ၁၉၅၆ ခုနှစ်အတွင်း ပုံစံအမျိုမျိုး စမ်းသပ်ထုတ်လုပ်ခဲ့ဘူးပါတယ်။ ပိုင်းလော့က ဆိုင်ကယ်ကို မတ်တပ်စီးသလို မောင်းရတာပါ။

လေ့ကျင့်ချိန် နာရီဝက်လောက်ဆို စီးတတ်ပါပြီ။ ဒါပေမဲ့ မတော်တဆမှု အဖြစ်များပါတယ်။ အောက်ကနေ ရန်သူကလဲ အလွယ်တကူ ပစ်ချနိုင်ပါတယ်။

အစပိုင်းမှာ အောင်မ့င်မှုရှိလို့ ယူအက်စ်က သီခြားတပ်ခွဲ တစ်ခုလုပ်ဖို့အထိရည်ရွယ်ခဲ့ပါတယ်။ မိုးပျံတပ်ဖွဲ့လို့ပြောရမလားဘဲ။ဒါပေမဲ့ မလုပ်ဖြစ်ခဲ့ဘူးလို့သိရပါတယ်။

၉။ Mil V-12

ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး ဆိုဗီယက်ယူနီယံခေတ်မှာ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ မိုင် ၆၂၁ မိုင်အထိ ပျံသန်းနိုင်ပါတယ်။ ခရီးသည် ၁၉၆ ယောက် တင်ဆောင်နိုင်ပါတယ်။

Mil V-12

ဒါ့အပြင် ကုန်တင်ခန်း အကြီးကြီး ပါပါသေးတယ်။ ယာဉ်အလေးချိန်က ၇၆ တန် ရှိပါတယ်။ ပန်ကာတွေကို ပြွန်နဲ့တူတဲ့ အတောင်ရှည်တွေထိပ်မှာ တပ်ဆင်ထားပါတယ်။

၁၉၇၁ ခုနှစ်မှာ ဒီကိုရုပ်ဆိုးကြီးကို ပါရီလေကြောင်းပြပွဲမှာ ပြသခဲ့ပါတယ်။ ဝယ်သူရှိတယ်လို့တော့ မကြားမိပါဘူးလို့ တင်ပြရင်း အဆုံးသတ်ပါရစေ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *