ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် စတုန်းဟင်းခ်ျ ကျောက်တုံးများ

ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် စတုန်းဟင်းခ်ျ ကျောက်တုံးများ

စတုန်းဟင်းချ် (Stonehenge) ဆိုသည်မှာ သမိုင်းမတိုင်မီကာလကပင် တည်ရှိခဲ့သော အထိမ်းအမှတ်အဆောက်အအုံတစ်ခု ဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၊ဝစ်ရှိုင်းယား(Wiltshire) ခရိုင်၊ အမတ်စ်ဘူရီ(Amesbury)မြို့ မြောက်ဘက် ၂ မိုင် (၃ ဒသမ ၂ ကီလိုမီတာ)အကွာ စလစ်စ်ဘူရီ (Salisbury)မြို့၏ မြောက်ဘက် ၈ ဒသမ ၁ မိုင် (၁၃ ကီလိုမီတာ)အကွာတို့တွင် တည်ရှိသည်။

စတုန်းဟင်းချ်တွင် မြေကတုတ်နှင့် ထိုအရာကို စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းရံထားသော ထောင်မတ်နေသည့် ကြီးမားသောကျောက်တုံး များပါဝင်သည်။

ရှေးဟောင်းသုတေသနပညာရှင်များက ဤကျောက်တုံးသဏ္ဌာန်တည်ဆောက်မှုသည် ဘီစီ ၂၅၀၀ ခန့်ကပင် တည်ရှိခဲ့ပြီး ဘီစီ ၂၄ဝဝ မှ ၂၂၀၀ အထိ အချိန်ကာလအတွင်း တိုးတက်ပြောင်းလဲလာခဲ့သည်ဟု ယူဆကြသည်။

သို့သော် ယခုလက်ရှိတွေ့မြင်နေရသော ကျောက်တုံးများမှာ ထိုနေရာရှိ အစောဆုံး ကျောက်တုံးတည်ဆောက်မှုများမဟုတ်ပေ။

ပထမဦးဆုံးတည်ဆောက်မှုတွင်ပါဝင်ခဲ့ပြီး ယခုထက်တိုင် ဘေးပတ်ဝန်းကျင်တွင် တွေ့မြင် နိုင်သည့် ပုံဖော်ထားသောမြေကြီးနှင့်တူးမြောင်းများကို ဘီစီ ၃၀၀၀ ခန့်တွင် တည်ဆောက်ခဲ့ကြသည်။

ထိုနေရာနှင့် ပတ်ဝန်းကျင်နေရာ များကို ယူနက်စကို၏ ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်များအဖြစ် ၁၉၈၆ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီး အေ့ဗ်ဘူရီဟင်းချ် တည်ဆောက်မှုများ (Avebury henge monument)နှင့်အတူ တွဲဖက်၍ စာရင်းသွင်းခဲ့သည်။

ထို့ပြင် အင်္ဂလန် နိုင်ငံ၏အမျိုးသားရေးရာ အရေးကြီးထိန်းသိမ်းရမည့် ရှေးဟောင်းတည်ဆောက်မှုများ (Scheduled Ancient Monument) တွင်လည်း တရားဝင်စာရင်းဝင်သည်။

စတုန်းဟင်းချ်ကို ဗြိတိန်မှ ပိုင်ဆိုင်ပြီး နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးမှ ကြီးကြပ်သည်။ ပတ်ဝန်းကျင်မြေနေရာများကိုမူ နေရှင်နယ်ထရပ်စ်မှ ပိုင်ဆိုင်သည်။

စတုန်းဟင်းခ်ျ ရေးဗားဆိုက်ပရောဂျက် (Stonehenge Riverside Project) မှ အသစ်ထပ်မံတွေ့ရှိရသော ရှေးဟောင်း သုတေသနအထောက်အထားများအရ စတုန်းဟင်းချ်သည် အစောဆုံးစတင်တည်ရှိစဉ်အခါကပင် သင်္ချိုင်း မြေအဖြစ် တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။

ကျန်ရှိနေသောအရိုးပြာများကို ကာဗွန်ဒိတ်တင်း နည်းဖြင့် ဆန်းစစ်ကြည့်ရာတွင် မြှုပ်နှံမှုများမှာ ပထမ ဆုံးတူးမြောင်းကို အဆောက်အအုံ၏ ပတ်ပတ်လည်တွင် စတင်တူးဖော်ခဲ့သောအချိန်ဖြစ်သည့် ဘီစီ ၃၀၀၀ ခန့်ကပင် စတင်ခဲ့သည်ဟု ညွှန်ပြနေသည်။

စတုန်းဟင်းချ်တွင် နောက်ထပ်အနည်းဆုံးနှစ်ပေါင်း ၅ဝဝ ကျော်ကြာသည်အထိ မြှုပ်နှံမှုများ ဆက်လက်ပြုလုပ် နေခဲ့ကြပြီး ယခုအထိမ်းအမှတ်ဖြစ်နေသော ကျောက် တုံးကြီးများကို ထူထောင်ထားခဲ့ကြသည်ဟု စတုန်းဟင်းချ်ရေးဗားဆိုက် ပရောဂျက်၏ ခေါင်းဆောင် ပရော်ဖက်ဆာမိုက်ပတ်ထားပီရာဆင်က ဆိုသည်။

ကမ္ဘာကျော် စတုန်းဟင်းချ် ကျောက်တုံးများ

ကမ္ဘာကျော် စတုန်းဟင်းချ် ကျောက်တုံးများကို လျှို့ဝှက်မှုများနှင့်အတူ ဖွဲ့စည်းတည်ရှိနေကြသည်ဟုဆိုက မှားမည်မဟုတ်ပေ၊ ကျောက်တုံးများရဲ့ပုံစံသည် ကျောက်တိုင်များဖြင့် ပြုလုပ်ထားသည့်လက်စွပ်ပုံစံ ကဲ့သို့ပင် ထင်မှတ်မှားလောက်ပေသည်။

ယေဘုယျ အားဖြင့် စတုန်းဟင်းချ်ကျောက်တုံးများကို တဖြည်းဖြည်းနှင့် စနစ်တကျတည်ဆောက်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

တချို့သောသုတေသီတွေရဲ့အဆိုအရ ဒီကျောက် တိုင်တွေကို လွန်ခဲ့သောနှစ်ပေါင်း ဘီစီ ၃၅၀၀ မှ ဘီစီ ၄၀၀၀ ခန့်ကြားတွင် တည်ဆောက်ပြီးစီးခဲ့တယ်လို့ဆို ကြပြန်ပါသည်။

ထိုသို့တည်ဆောက်ပြီးစီးရန်မှာလည်း လုပ်သားအင်အားများပြားစွာဖြင့် တည်ဆောက်ရမည် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် အဆိုပါ ကျောက်တုံးများသည် ပုံတွင်ပြထားသည့်နေရာများသို့ ရောက်ရှိရန်ပင် လွယ်ကူမည်မဟုတ်ပေ၊ အတွင်းပိုင်းမှ ကျောက်တုံးများသည် Bluestone များဖြစ်ပြီး ၎င်း ကျောက်တုံးများသည် ဝေးလ်ပြည်နယ်ရှိတောင်များမှ ရယူခြင်းမှတစ်ပါးမရှိပေ။

၎င်းအတွက် ထိုခေတ်က အသပြာငွေကြေးနှင့်အချိန်ကိုလည်း မည်သူမျှမခန့် မှန်းနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဝေးလ်ပြည်နယ်နှင့် စတုန်းဟင်းချ်ကျောက်တုံးများ၏တည်နေရာသည် ၃၀ ကီလိုမီတာအကွာအဝေးတွင် တည်ရှိခြင်းပင်ဖြစ်ပါသည်။

ထိုခေတ်အခါကပင် ၎င်းကျောက်တုံးများကို သယ်ယူရန် အလွန်ပင်ခက်ခဲလှပသည်။ တစ်နည်းအားဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို မြစ်နှစ်ခုကိုလည်း ၎င်းကျောက်တုံးတွေနှင့်အတူဖြတ်သန်း ခဲ့ရမှာတော့ သေချာနေပါသည်။

အဆိုပါကျောက်တုံ၊ တစ်တုံး၏အလေးချိန်သည်ပင် ခန့်မှန်း ၄ တန်လောက် ရှိပါသည်။ရှေးဟောင်းအယူအဆရှိသူများကတော့ ထိုခေတ်လူများသည် မှော်ပညာအစွမ်းဖြင့် အသုံးပြုပြီး အာဖရိကမှ ကျောက်တုံးများကို ထို‌ခေတ်ကနတ်ဘီလူးများအား သယ်ယူတည်ဆောက်စေခဲ့တာလို့ ဆိုကြပြန်ပါသည်။

တချို့ကတော့ ရှေးခေတ်လူသားများ၏ ဘုရားသခင်အား ဝတ်ပြုရန်နေရာလို့ ယူဆကြပြန် သည်။

တချို့ကလည်း အချိန် နှစ်၊ လရက်တွေအတွက် နက္ခတ်ကြည့်နေရာဟုလည်းဆိုကြပါသည်။ ထို့အပြင် အယူအဆအမျိုးမျိုးရှိကြပါသည်။

ဥပမာ- အားကစားကွင်း၊ အစည်းအဝေးကွင်းစသည်ဖြင့် မည်သို့ပင်ဆိုစေကာမူ သေချာသည်ကတော့ ၎င်းကျောက်တုံး ကျောက်တိုင်များသည် လူအများအတွက် အထိမ်းအမှတ်နေရာတစ်ခုခုကိုရည်ရွယ်ပြီး တည်ဆောက်ထားခဲ့ခြင်းပင် ဖြစ်ပါသည်။

နောက်ဆုံးရလဒ်မှာ အထောက်အထားတိတိ ကျကျ မတွေ့ရသည့်အတွက် အယူအဆများက အမျိုးမျိုးရှိကြသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း ၎င်းကျောက်တုံးများသည် စနစ်တကျနှင့်ပုံစံတကျ တည်ဆောက်ခဲ့သည် ဆိုတာကိုတော့ မည်သူမျှငြင်း မရနိုင်ပေ။

လက်ရှိအချိန်ထိ ၎င်းကျောက်တုံးများ၏ ဖွဲ့စည်းတည်ဆောက်ထားပုံနှင့်ပတ်သက်ပြီး ယနေ့တိုင် သုတေသီပညာရှင်အသီးသီးက စူးစမ်းရှာဖွေဖော်ထုတ် နေကြဆဲပင်ဖြစ်ပါသည်။

နောက်ဆုံးတွင် ၎င်းစတုန်းဟင်းချ် ကျောက်တုံးကြီးများနှင့် ပတ်ဝန်းကျင်ဒေသ တစ်ဝိုက်ကို ၁၉၈၆ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် သတ်မှတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။

မျက်မှောက်ခေတ်တွင် ၎င်းနေရာသို့ ကမ္ဘာလှည့်ခရီးသွားများနှင့်လေ့လာ သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရပါသည်။

Source_Knowledge Light Magazine

Leave a Reply

Your email address will not be published. Required fields are marked *