ဝင်ရိုးစွန်းဒေသတွေမှာသာ မြင်တွေ့ရမယ့် Aurora အလင်းတန်း ဖြစ်စဥ်များ
Aurora(အော်ရိုရာ) လင်းတန်းများဟာ ကောင်းကင်ယံကို အလင်းရောင် ထွက်ပေါ်စေတဲ့ လေထုရဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
အော်ရိုရာ ကို မြောက်ကမ္ဘာခြမ်းနဲ့ တောင်ဘက်ခြမ်း နှစ်ခုစလုံးရဲ့ ဝင်ရိုးစွန်းများအနီးမှာ မြင်တွေ့နိုင်ပါတယ်။
မြောက်ဘက်က ဖြစ်စဥ်ကိုတော့ Aurora borealis လို့ ခေါ်ပြီး တောင်ဘက်က ဖြစ်စဥ်ကိုတော့ Aurora australis လို့ ခေါ်ပါတယ်။
ဒီ ‘မြောက်’ နဲ့ ‘တောင်ဘက်’ အလင်းရောင်များဟာ လူသားများကို ရာစုနှစ်များစွာ ကြာအောင် ဆွဲဆောင်ခဲ့ပေမယ့် တစ်ဖက်မှာလည်း ဒီဖြစ်စဥ်တွေကို ဖန်တီးခဲ့တဲ့ နောက်ကွယ်အခြေအနေတွေက ထိတ်လန့်စေခဲ့ပါတယ်။
မကြာသေးမီကပဲ ဓါတ်ပုံဆရာတွေဟာ ဒီလေထုအတွင်းက အဖြစ်အပျက်တွေရဲ့ အလှကို ဖမ်းယူနိုင််ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကို အံ့သြမှင်သက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
Aurora borealis (မြောက်ပိုင်းအလင်းများ) ကို ဘာတွေက ဖြစ်စေခဲ့သလဲ
ညကောင်းကင်ယံမှာ မြင်နေရတဲ့ ဒီလှပတဲ့ အလင်းရောင်တွေဟာ နေရဲ့ မျက်နှာပြင်ပေါ်က လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အစစ်အမှန် အလင်းပြန်ခြင်း ဖြစ်စဥ် အမှန်တွေပါ။
ကြယ်ရဲ့ မျက်နှာပြင်ပေါ်ရှိ နေရောင်ခြည် မုန်တိုင်းတွေဟာ လျှပ်စစ်စွမ်းအင်ဖြင့် အမှုန်အမွှားများကို ထုတ်ပေးပါတယ်။
ဒီအမှုန်အမွှားများက မိုင်သန်းပေါင်းများစွာ သွားလာနိုင်ပြီး အချို့မှာတော့ နောက်ဆုံးတွင် ကမ္ဘာနဲ့ တိုက်မိနိုင်ပါတယ်။
ဒီအမှုန်အမွှား အများစုဟာ ဝေးကွာသွားသော်လည်း အချို့မှာ လေထုထဲမှ မြောက်နှင့် တောင်ဝင်ရိုးစွန်းများဆီသို့ အရှိန်မြှင့်ကာ ကမ္ဘာ့သံလိုက်စက်ကွင်းအတွင်း ဖမ်းယူသွားကြနိုင်ပါတယ်။
ဒါကြောင့် Aurora လှုပ်ရှားမှုဟာ သံလိုက် ဝင်ရိုးစွန်းဒေသတွေမှာသာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
အဲဒီအမှုန်တွေဟာ ကမ္ဘာမြေရဲ့လေထုထဲက အက်တမ်နဲ့ မော်လီကျူးတွေထဲကို ရောက်သွားပြီး အဓိကအားဖြင့် သူတို့ကို အပူပေးပါတယ်။
ဒီလို အပူပေးခြင်းကြောင့် တောက်ပထင်ရှားတဲ့ အလင်းရောင်တွေကို ဖန်တီး ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါကြောင့် ဒီ အော်ရိုရာ အလင်းရောင် ဖြစ်စဥ်ဟာ လေထုအတွင်းရှိ အက်တမ်များနဲ့ မော်လီကျူးများဟာ နေမှ ထွက်ပေါ်လာတဲ့ အမှုန်အမွှားများနဲ့ တိုက်မိခြင်း ဖြစ်စဥ်တစ်ခုပါ။
Aurora ရဲ့ လှိုင်းတွန့်ပုံစံများနဲ့ အလင်းတန်းတွေဟာ ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းရှိ အင်အားမျဉ်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
Auroraတစ်ခုရဲ့ အနိမ့်ဆုံးအပိုင်းဟာ ပုံမှန်အားဖြင့် ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် ၈၀ ဝန်းကျင်မှာ ရှိတတ်ပြီး အမြင့်ဆုံး ထိပ်ပိုင်းကတော့ ကမ္ဘာမြေပြင်အထက် မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေနိုင်ပါတယ်။
Aurora ရဲ့ မတူညီသော အရောင်များ ဖြစ်ပေါ်လာပုံ
မတူညီသော ဓာတ်ငွေ့များကို အပူပေးလိုက်တဲ့အခါ မတူညီသော အရောင်များကို ထုတ်ပေးနိုင်ပါတယ်။အလားတူဖြစ်စဉ်ဟာ Aurora ဖြစ်စဥ်မှာ ဖြစ်ပွားနေတာပါ။
ကမ္ဘာ့ လေထုအတွင်းရှိ အဓိကဓာတ်ငွေ့နှစ်ခုမှာ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ဖြစ်ပြီး ယင်းဒြပ်စင်များက Aurora ပြသမှု တစ်ခုအတွင်း မတူညီသော အရောင်များကို ပေးဆောင်ပါတယ်။
Aurora မှာ မြင်တွေ့ရတဲ့ အစိမ်းရောင်ဟာ အောက်ဆီဂျင်ရဲ့ လက္ခဏာဖြစ်ပြီး ခရမ်းရောင်၊ အပြာ သို့မဟုတ် ပန်းရောင်တွေကတော့ နိုက်ထရိုဂျင်ကြောင့် ဖြစ်ပေါ်လာတာလို့ သိရပါတယ်။
တစ်ခါတရံမှာ အံ့သြစရာကောင်းတဲ့ အနီရင့်ရောင်ကို မြင်ရပြီး ဒါဟာ နေရောင်ခြည် အမှုန်အမွှားတွေနဲ့ တုံ့ပြန်တဲ့ အမြင့်အောက်ဆီဂျင်ကြောင့် ဖြစ်လာတာလို့လည်း သိရပါတယ်။
Aurora ဖြစ်စဥ်ကို ဘယ်မှာမြင်တွေ့နိုင်မလဲ
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Aurora borealis များကို မြောက်ဘက်ကမ္ဘာခြမ်းမှာ တွေ့မြင်နိုင်ပြီး Aurora australis ကိုတော့ တောင်ဘက်ကမ္ဘာခြမ်းမှာ တွေ့ရှိနိုင်ပါတယ်။
ရောင်ခြည်မြင်ရန် အကောင်းဆုံးနေရာများဟာ ဝင်ရိုးစွန်းဒေသများ တဝိုက်မှာသာ စုစည်းနေသော်လည်း Aurora borealis ကိုတော့ တစ်ခါတစ်ရံ အင်္ဂလန်နိုင်ငံက မြင်တွေ့နိုင်ပါတယ်။
ကမ္ဘာ့ မြောက်ဘက်ပိုင်းကျလေ ဖန်သားပြင်ကို မြင်နိုင်ခြေပိုများသော်လည်း ယခင်က မြောက်ပိုင်းအလင်းများကို Cornwall နဲ့ Kent တို့လို တောင်ဘက် အစွန်ဆုံး ဒေသတွေအထိ မြင်တွေ့ခဲ့ရဖူးပါတယ်။
ဒါပေမယ့် Aurora ကို မြင်တွေ့နိုင်ဖို့မတွက်ဆိုရင်တော့ အခြေအနေတွေက မှန်ကန်ဖို့ လိုပါသေးတယ်။
မှောင်မိုက်ပြီး ကြည်လင်တဲ့ ညတွေမှာ အလင်းရောင် ညစ်ညမ်းမှု အနည်းငယ်ရှိတာကြောင့် Aurora တွေကို မြင်တွေ့နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပေးပါတယ်။
ဆိုလာ မီးတောက်တွေနဲ့ Aurora ရဲ့ ဆက်နွယ်မှု
Aurora ဖြစ်စဥ်မျိုးဟာ နေရောင်ခြည်ရဲ့ လှုပ်ရှားမှုက ကမ္ဘာမြေကို သက်ရောက်နေတဲ့ နည်းလမ်းများထဲမှ အလွန်ထင်ရှားသော ဥပမာတစ်ခု ဖြစ်ပါတယ်။
ဆိုလာ မီးတောက်များဟာ အာကာသထဲသို့ အမှုန်အမွှားများ ထုတ်လွှတ်ပေးတဲ့ နေရဲ့ မျက်နှာပြင်ပေါ်မှာ ကြီးမားသော ပေါက်ကွဲသံများနဲ့ တူပါတယ်။
အမှုန်အမွှားများ ကမ္ဘာသို့ ရောက်ရှိရန် အတွက် နေပေါ်မှာ မီးတောက်တွေကို အရင်မြင်ရမှာဖြစ်ပြီး နှစ်ရက် ကြာမြင့်ပါတယ်။
ကမ္ဘာကို ရောက်ရှိချိန်မှာတော့ ဒီအမှုန်အမွှားများဟာ Aurora လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သံလိုက်မုန်တိုင်းနဲ့ Aurora ဖြစ်စဥ် ဆက်နွယ်မှု
နေပေါ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုများအပြီး ပြင်းထန်တဲ့ Aurora မျက်နှာပြင်တွေကို ဖြစ်ပေါ်လာစေပါတယ်။
ပေါက်ကွဲမှုများဟာ တစ်နာရီကို မိုင်နှစ်သန်းခန့် သွားလာနေသော ပစ္စည်းတန်ချိန် ဘီလီယံပေါင်းများစွာ ပါဝင်တဲ့ ပူနွေးသော ပလာစမာ တိမ်တိုက်များကို ထုတ်လွှတ်ပေးလိုက်ပါတယ်။
တိမ်များဟာ ကမ္ဘာမြေသို့ ရောက်ရှိသောအခါ သံလိုက်မုန်တိုင်းများကို ဖြစ်ပေါ်စေရန်အတွက် ကမ္ဘာ့ သံလိုက်စက်ကွင်းနဲ့ တုံ့ပြန်ကြပါတယ်။
၁၁ နှစ် ကြာတိုင်း နေရဲ့ လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်တာနဲ့ Aurora ဖြစ်စဥ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နေရောင်ခြည် လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့တဲ့ နောက်ဆုံးအကြိမ်ဟာ ၂၀၁၄ ခုနှစ်မှာဖြစ်ပြီး ယခုအခါ စက်ဝန်းဟာ အနိမ့်ဆုံးသို့ ရောက်ရှိနေပါပြီ။
ဒါပေမဲ့လည်း နေရောင်ခြည် လှုပ်ရှားမှုဟာ အခု နှစ်ကုန်ပိုင်းအထိ ထပ်မံမြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပြီး နေရဲ့ လှုပ်ရှားမှု မည်သို့ပင်ရှိစေကာမူ၊ လေထုဟာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ဆဲဖြစ်ပြီး Aurora ဖြစ်စဥ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
Knight News Team