Sea Glider ကမ္ဘာ့ပထမဆုံး လျှပ်စစ်သင်္ဘောပျံ

Sea Glider ကမ္ဘာ့ပထမဆုံး လျှပ်စစ်သင်္ဘောပျံ

Regent ကုမ္ပဏီက သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ လျှပ်စစ်သင်္ဘောပျံကို စမ်းသပ်ပျံသန်းပြတဲ့ ဗွီဒီယိုကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဗွီဒီယိုထဲ‌မှာ‌တော့ လှပစွာပျံသန်း‌နေတဲ့လျှပ်စစ်သင်္ဘောပျံကို တွေ့ရပါတယ်။

Hydrofoiling ခေါ် ရေပေါ်လျှပ်ပျံဖို့ ဒီဇိုင်းထုတ်ထားပြီး ‌ခေတ်မှီစွမ်းရည်မြင့် ယာဉ်တစ်စီးပုံ ပေါ်လွင်ပါတယ်။

ကမ်းခြေဒေသတွေအတွက် မြန်နှုန်းမြင့်မြင့်နဲ့ အကွာအဝေး များများသွားနိုင်တော့မှာမို့ ဒါက တိုးတက်မှုတစ်ခုဖြစ်လာမှာပါ။

WIG ( Wing-in-Ground ) effect ကို တွက်ချက်ပြီး ပုံစံထုတ်တည်ဆောက်ထားပါတယ်။ ဆိုဗီယက်ခေတ် ဒီဇိုင်းမျိုး ဆင်တူပေမယ့် သူက အတောင်နဲ့ ရေမျက်နှာပြင်ကြားက လေကူရှင် တစ်ခုအပေါ်မှာ မျောနေသလို ပျံသန်းမှာပါ။

ဒါက အမြင့်ပျံလေယာဉ်တွေနဲ့ ကွာခြားပြီး သိသာတဲ့ ပင့်တင်အားတစ်ခုကို ရရှိစေပါတယ်။

Wingspan က လေထဲမှာ ပျံသန်းနေချိန်အတွင်း လုံလောက်တဲ့ တည်ငြိမ်မှု ကို ပေးစွမ်းပါတယ်။ ယာဉ်ဟာ မြေပြင်ပေါ်မှာလဲ ပျံသန်းနိုင်ပေမယ့် အန္တရယ်ရှိလို့ ရေပြင်ပေါ် ပျံသန်းဖို့သာ ညွှန်ကြားထားပါတယ်။

အရင်က ယာဉ်တွေမှာ ဘက်ထရီအားသုံး လျှပ်စစ်မော်တာ အင်ဂျင်ဖြစ်လို့ လေထဲမှာ ကြာရှည်စွာ ပျံသန်းရင် အားမလုံလောက်မှု ပြဿနာတော့ ရှိပါတယ်။

Regent ကုမ္ပဏီဟာ ဒါကိုကျော်လွှားနိုင်ဖို့ လုပ်ခဲ့ပါတယ်။ သင်္ဘောဧရာကို လှေဝမ်းပုံ V shape ပြုလုပ်ထားပါတယ်။ အရှိန်ရလို့ ကြွတက်လာတဲ့အခါ ဒီပုံစံကြောင့် Hydrofoil ဖြစ်ပြီး ပွတ်တိုက်ခုခံမှု နည်းစေပါတယ်။

ကိုယ်ထည်ဟာ ရေပြင်လှိုင်းဒါဏ် မခံရတာကြောင့် ခရီးသည်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ နောက်ဆွဲအား Drag နည်းပါးလို့ ရှေ့ကို မြန်ဆန်စွာ ရွေ့လျားစေပါတယ်။

ကိုယ်ထည်မှာ ခရီးသည် ၁၄ ယောက်တင်နိုင်အောင် ခုံတွေတပ်ဆင်ထားပါတယ်။ မိုင် ၁၈၀ အကွာအဝေးထိ သွားနိုင်ပါတယ်။ Zero emission လို့ခေါ်တဲ့ ပါတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့ ထုပ်လွှတ်မှုမရှိတဲ့ ယာဉ်ဖြစ်ပါတယ်။

အမြန်နှုန်းက တစ်နာရီကို မိုင် ၁၈၀ ရှိပါတယ်။ တပ်ဆင်ထားတဲ့ ဘက်ထရီတွေကလည်း ဈေးသက်သာပေမယ့် အမျိုးအစားကောင်းတာကို သုံးထားပါတယ်။ အခြားယာဉ်ထက် ၆ ဆလောက် ကုန်ကျစရိတ် သက်သာတယ်လို့ ဆိုပါတယ်။

Regent ကုမ္ပဏီကတော့ လူ ၁၅၀ ဆန့် လျှပ်စစ်သင်္ဘောတွေ ဆက်လက်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်လို့ ဆိုပါတယ်။ ကြိုတင်အမှာစာတွေ ရရှိနေပြီဖြစ်ပြီး အမြတ်ငွေ ၇ ဘီလီယမ်အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ပြသခဲ့တဲ့ ဗွီဒီယိုမှာတော့ ၄ ပုံ ၁ ပုံ အချိုးအစားပုံစံဖြစ်ပြီး Wing span က ၁၈.၅ ပေ ရှိပါတယ်။ ရေပြင်ပေါ်မောင်းနှင်ခြင်း၊ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများကို ချောမွေ့စွာ လုပ်ဆောင်ပြခဲ့ပါတယ်။

စိတ်ဝင်စားစရာက ရေပြင်ပေါ်ပြန်ဆင်းတဲ့အချိန်မှာ ကိုယ်ထည်အတွင်းက ခရီးသည်ဟာ ဘယ်လိုခံစားရမလဲ ဆိုတာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာတော့ အရှိန်လျော့ဆင်းသက်မှုဟာ အနည်းငယ်ချောမွေ့ဖို လိုအပ်နေပါသေးတယ်။

ယာဉ်ဟာ လက်တွေ့မှာတော့ Wingspan ၆၅ ပေအထိ ရှိမှာဖြစ်ပါတယ်။ Seaplane အများအပြား ရှိနေပေမဲ့ Regent ကတော့ အောင်မြင်မယ်လို့ ယူဆရပါတယ်။

၂၀၂၄ ခုနှစ်မှာ ဈေးကွက်ထဲဝင်ရောက်လာမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာအပြည့်အဝ နေရာယူနိုင်ဖို့ ရည်မှန်းထားပါတယ်။ ပုံလေးတွေ ရှုစားကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *