ခြင်တွေကို ကိတ်မုန့်အဖြစ်လုပ်စားကြတဲ့ ဒေသ
ခေါင်းစဥ်ကို ဖတ်ပြီး ထူးဆန်းအံ့သြနေမယ်ဆိုရင်တော့ ဒါဟာ တကယ်လို့ ဆိုလိုက်ပါရစေ။
ခြင်တွေကို သူတို့တွေက ကိတ်မုန့်လုပ်စားတဲ့ အပြင် ခြင်ကိတ်မုန့်ဟာ သူတို့အတွက် ရိုးရာ အစားအစာတောင် ဖြစ်ပါသတဲ့။
ကျွန်တော်တို့ရဲ့ သွေးတွေကို စုပ်ယူနေတဲ့ ဒီမုန်းစရာ တိရစ္ဆာန်တွေကို အာဖရိကကတော့ အမြတ်တနိုးနဲ့ ခြင်ဘာဂါအဖြစ်၊ ခြင်ကိတ်မုန့်တွေအဖြစ် လုပ်စားနေကြပြီး အာဟာရဓာတ်ကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင်လည်း အမဲသားမှာပါဝင်တဲ့ ပရိုတင်း ပမာဏထက် ၇ ဆ မြင့်မားပါသတဲ့။
အာဖရိကရဲ့ ပူပြင်းတဲ့ နွေရာသီမှာ ခြင်တွေကတော့ နေရာတိုင်းမှာ များပြားနေပြီး သာမန်လူတွေကတော့ ဒီခြင်တွေကို ရွံရှာစက်စုပ်ကြပေမဲ့လည်း အာဖရိကန်များကတော့ ထိုခြင်များကို အရသာတစ်မျိုးအဖြစ် သတ္တိရှိရှိ မှတ်ယူကြသူတွေပါ။
သူတို့အတွက် ခြင်တွေကို မြင်တွေ့ရတာဟာ သူတို့ချစ်ရတဲ့သူတွေကို တွေ့ရသလိုပဲ အရမ်းကို ပျော်ရွှင်ဖွယ်ရာပါ။ အကြောင်းရင်းကတော့ ဤရွံရှာဖွယ်ခြင်များဟာ အာဖရိကန်များအတွက် မရှိမဖြစ် “ပရိုတင်းအစားအစာ” ဖြစ်နေတာကြောင့်ပါပဲ။
အာဖရိက “ပရိုတင်း” အစားအစာ – Mosquito Meatloaf
နွေရာသီ အချိန်အခါမှာတော့ အာဖရိကဟာ ရေနွေးငွေ့နဲ့ တူပြီး အပူချိန်မြင့်မားသော ရာသီဥတုမျိုးမှာ ခြင်တွေကတော့ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။
အာဖရိကန် လူမျိုးများရဲ့ အမြင်မှာတော့ ဒီခြင်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရတန်ဖိုးအလွန်မြင့်မားတာကြောင့် “ခြင်ကိတ်မုန့်” အဖြစ် ဖန်တီးစားသုံးကြပါတယ်။
ဒယ်အိုးတွေကတော့ ခြင်များကို ဖမ်းရန်အတွက် အကောင်းဆုံး ကိရိယာ ဖြစ်နိုင်ပြီး အိုးတွေထဲမှာ အိုးမည်းသုတ်ထားခြင်းဖြင့် ခြင်တွေက ဒယ်အိုးနဲ့ ထိလိုက်တဲ့အခါ မူးမေ့သွားကြပါတယ်။
အာဖရိကရဲ့ ဒေသခံ ကလေးငယ်အများအပြားကတောင် အုပ်စုလိုက်ခြင်ဖမ်းရန်အတွက် လက်လုပ်သိပ်သည်းသောပိုက်များ သို့မဟုတ် ထူးဆန်းတဲ့ ကိရိယာများကို အသုံးပြုကြပါတယ်။
ခြင်တွေ လုံလုံလောက်လောက် ဖမ်းမိတဲ့အခါမှာတော့ “ခြင်ကိတ်မုန့်” လုပ်စားကြပါတယ်။
ခေတ်နောက်ကျနေတဲ့ အာဖရိကသားများအတွက်တော့ “ခြင်” ကဲ့သို့သော အလွန်သေးငယ်သော အင်းဆက်များဟာ သူတိုါအတွက် အဆင့်မြင့် စားဖွယ်ရာအဖြစ် သတ်မှတ်ထားပြီးသားပါ။
ခြင်တွေကို အချက်အပြုတ် နည်းလမ်းတွေအတွက် အာဖရိကန်လူမျိုးများက ဖမ်းမိထားတဲ့ ခြင်ကောင်တွေကို ပန်းကန်လုံးထဲမှာ ထူထပ်စွာ ထုပ်ပိုးထားပြီး လက်ဖြင့်ဖိကာ နယ်ဖတ်လိုပ်ူလို ပြုလုပ်ရင်း ထပ်ခါတလဲလဲ ကြိတ်ချေပြီး ကိတ်မုန့်တစ်ခုလို ပေါင်းစပ်သွားကြပါလိမ့်မယ်။
မိသားစုတွေမှာ အာဖရိကန်လူမျိုး တစ်ယောက်ရှိပါက ခြင်ဆေးမည်းမုန့်များဟာ ကြွပ်ရွ နူးညံ့ပြီး ထမင်းစားပွဲပေါ်မှာ အရသာရှိတဲ့ အစားအစာ ဖြစ်ကြောင်း ပြောပြကြပါလိမ့်မယ်။
အာဖရိကန် လူမျိုးများဟာ ခြင်ကိတ်မုန့်များကို အနံ့အရသာလုံးဝမထည့်ဘဲ ကြော်ရန်အတွက် ဒယ်အိုးထဲမှာ ထည့်ထားကြတာကြောင့် ခြင်များရဲ့ မူရင်းနဲ့ သဘာဝအရသာကို ထိန်းသိမ်းထားသလို ဖြစ်သွားပါတယ်။
ခြင်တွေကို ကြော်ခြင်းအပြင် အိုးထဲထည့်ပြီး ပြုတ်နိုင်ပါသေးတယ်။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ခြင်ကိတ်မုန့်ကို အိုးထဲက ထုတ်ပြီး သုံးဆောင်နိုင်ပါပြီ။
စာရင်းဇယားများအရ ခြင်ကိတ်တစ်ခုစီအတွက် လိုအပ်သော ခြင်အရေအတွက်မှာ ငါးသိန်း နီးပါးအထိ မြင့်မားတယ်လို့ ခန့်မှန်းရပါတယ်။
အာဖရိကန်လူမျိုးများရဲ့ အမြင်မှာတော့ ခြင်တွေက လူရဲ့ သွေးကိုစုပ်ယူတဲ့ အင်းဆက်များဖြစ်တာကြောင့် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပရိုတင်းဓာတ် ကြွယ်ဝပြီးသာဖြစ်ပြီး အမဲသားမှာ ပါရှိတဲ့ ပရိုတင်းဓာတ်ထက် ၇ ဆခန့် ကျော်လွန်သွားတယ်လို့ ကောက်ချက်ချထားကြပါတယ်။
အာဖရိကန် ဒေသခံတစ်ဦးကတော့ “ဒီခြင်ကိတ်မုန့်ရဲ့ အရသာက ကြက်သားနဲ့ တူပါတယ်။ အရမ်းလတ်ဆတ်ပြီး နူးညံ့ပါတယ်။ ဗာဒံ ရနံ့သင်းသင်းလေးလည်း ရှိပါလိမ့်မယ်။
ဒါက အရသာအရှိဆုံး အစားအစာပါ။ ပိုသန့်တယ်လို့ ပြောလို့ရပါတယ်။ အမဲသားဘာဂါထက် အဆပေါင်းများစွာ ပိုအရသာရှိတယ်” လို့ ခြင်ကိတ်မုန့်ရဲ့ ထူးရှယ် အရသာကို ပြောပြလာပါတယ်။
အာဖရိကသားတွေဟာ ဒီထူးဆန်းတဲ့အစားအစာ “ခြင်ကိတ်မုန့်”ကို ဘာကြောင့် ကြိုက်နှစ်သက်ကြတာလဲ
ပရိုတင်းဓာတ် ကြွယ်ဝသောကြောင့် အာဖရိကသားတွေက “ခြင်ကိတ်မုန့်” ကို ကြိုက်နှစ်သက်တာလား။ အမှန်တော့ မဟုတ်ပါဘူး။
အထူးသဖြင့် အာဖရိကရှိ ဝေးလံခေါင်သီသော ကျေးလက်မျိုးနွယ်စုများဟာ “ဆင်းရဲမွဲတေမှု”ကြောင့် သူတို့ရဲ့ အစားအစာတွေဟာလည်း သာမန် မဟုတ်နိုင်ခဲ့ပါဘူး။
အမဲသားတို့လို အသားတွေနဲ့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများဟာ သူတို့ရဲ့ အစာစာရင်းမှာ မပါရှိကြပါဘူး။
ဒါကြောင့် အာဖရိကန်လူမျိုးများရဲ့ အရသာဟာ သာမန်နဲ့ ပိုပြီး ဝေးကွာလာတာပါ။
ကြွက်များ၊ ချင်ပန်ဇီများ၊ မြွေများ စသည်တို့ကိုကိုပင် အာဖရိကန်တို့က စားသောက်ကြပါတယ်။
အသားစားချင်တဲ့အခါ သစ်တောထဲမှာ အမဲလိုက်ဖမ်းဖို့ ကိရိယာတွေယူလာပြီး ဟင်းခတ် အမွှေးအကြိုင်တွေမပါဘဲ ချက်စားကြပါတယ်။
သူတို့မျက်လုံးထဲမှာတော့ ဒါက မူရင်းနဲ့ သဘာဝ အရသာပါပဲ။ အာဖရိကကလေးများကပင် သူတို့စားလေ့ရှိသော သရေစာများဟာ အလွန်ထူးခြားနေတာကို တွေ့နိုင်ပါတယ်။ ဥပမာဆိုရရင် ကျိုင်းကောင်များနဲ့ ပြုလုပ်ထားသော အသားခြောက်တွေပါ။
တောထဲရှိ ကျိုင်းကောင်များကို ဖမ်းပြီးနောက် အခြောက်ခံ ပြုပြင်ပြီးနောက် အာဖရိကကလေးများရဲ့ သရေစာများ ဖြစ်လာပါတယ်။
ဒါကြောင့်လည်း “ခြင်ကိတ်မုန့်” ကဲ့သို့သော အရသာဟာ အာဖရိကန် လူမျိုးများရဲ့ အမြင်မှာတော့ လတ်ဆတ်ကောင်းမွန်တဲ့ ဟင်းတစ်ခွက်၊ အချစ်ခင်ရဆုံး စားဖွယ်တစ်ခု ဖြစ်နေတာပါ။
Knight News Team