အနာဂတ်အတွက် ဟယ်လီကော်ပတာ
အမေရိကန်ဟာ ကြီးမားတဲ့ ဟယ်လီကော်ပတာ တပ်ဖွဲ့ကို ကမ္ဘာ့အဆင့်မီ တည်ထောင်နေပါတယ်။
ဒီထဲက အများစုဟာ စစ်အေးကာလ အတွင်း ပေါ်ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် တိုက်ခိုက်ရေးအတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ S-97 Raider ဆိုတဲ့ ရဟတ်ယာဉ်တစ်မျိုး ပေါ်ထွက်လာပါပြီ။
S-97 ဟာ မျိုးဆက်သစ် အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်မျိုးဖြစ်ပါတယ်။ သူဟာ ကင်းထောက်ခြင်း၊ တိုက်ခိုက်ခြင်း နှစ်မျိုးလုံး သုံးနိုင်ပါတယ်။ စစ်သည် ၆ ဦးအပြင် လက်နက်တွေ တပ်ဆင်ထားပါသေးတယ်။
ထုံးစံအတိုင်း လက်နက်ဘီလူးကြီး Lockheed Martin က ထုတ်လုပ်တာပါ။ Fly by wire management system တပ်ဆင်ထားပြီး Flight Control စနစ်ကို ထိန်းချုပ်ပါတယ်။
အခြား ဟယ်လီကော်ပတာတွေနဲ့ ယှဉ်ရင် အမြန်နှုန်းက သိသိသာသာ မြန်ပါတယ်။ ခရီးစဉ်တလျောက်လုံး အင်ဂျင်ပါဝါ ၁၀၀ ရာနှုန်းအပြည့်နဲ့ပျံသန်းနိုင်ပါတယ်။
ပုံစံကိုက ပေါ့ပါးသွက်လက်ပြီး အမြန်နှုန်းအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
အမြန်ပျံနိုင်သလို မြေပြင်နားကပ်ပြီး အနှေးပျံတဲ့အချိန်မှာလည်း Manualbility ကောင်းကောင်းနဲ့ ပျံနိုင်ပါတယ်။
တနာရီ မိုင် ၂၂၀ နှုန်းအထိ ပျံနိုင်ပါတယ်။ ( သာမန် ရဟတ်ယာဉ်တွေက တစ်နာရီ မိုင် ၁၅၀ နဲ့ ၁၇၀ ကြားသာ ပျံနိုင်ပါတယ် )။ High and Hot လို့ ခေါ်တဲ့ ပျံသန်းမှုအတွက် အမြင့်ပေ ၁၀,၀၀၀ မှာ ၉၅ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပါတယ်။
အကွာအဝေးကလဲ လေးစားလောက်ဖွယ် ပျံသန်းနိုင်ပါတယ်။ ဒီရဟတ်ယာဉ် ၄၀ ရာခိုင်နှုန်းကို အာဖဂန် စစ်မြေပြင်မှာ အသုံးချပြီး ဖြစ်ပါတယ်။ ၉၇ ရာခိုင်နှုန်း ဘေးကင်းလုံခြုံစွာနဲ့ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
ထူခြားတာတစ်ခုက Automatic Diagnostic System ပါရှိလို့ ချို့ယွင်းချက်ကို အလိုအလျောက် သိနိုင် မှတ်သားနိုင်ပါတယ်။
ဒါက ပြုပြင်ထိန်းသိမ်းသူတွေကို အထောက်အကူ ဖြစ်စေပါတယ်။ အချိန်တိုအတွင်း ပြင်ဆင်နိုင်ပါတယ်။
ဒီရဟတ်ယာဉ်တွေကို ယူအက်စ်ရဲ့ ရေတပ်၊ လေတပ်၊ မရိန်းတွေအပြင် အထူးစစ်ဆင်ဆင်ရေးတွေအတွက်ပါ သုံးစွဲနေပါပြီ။
အနာဂတ် တိုက်ခိုက်ရေးအတွက် အသုံးတည့်လှတဲ့ အမျိုးအစားဖြစ်လို့ ပုံလေးတွေကိုကြည့်ရင်း ကျေနပ်နိုင်ကြပါစေလို့။
Knight News Team