ထူးခြားဆန်းပြား ရေအောက်ထဲက မြို့တော်များ

ထူးခြားဆန်းပြား ရေအောက်ထဲက မြို့တော်များ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အလက်ဇန်ဒရီရာ(Alexandria)လို ရှေးခေတ်အီဂျစ်မြို့နဲ့ ကိုက်ညီနိုင်တဲ့ ရေနေ အပျက်အစီးတွေ အနည်းငယ်ရှိပေမယ့် ကမ္ဘာတစ်ဝှမ်းက ပင်လယ်ရေပြင်အောက်မှာ ရေအောက်မြို့တွေ အမြောက်အများ တည်ရှိနေပါတယ်။

အများစုမှာ ရေလှောင်ကန်များ သို့မဟုတ် ရေလမ်းများ ဖောက်လုပ်ခြင်းကြောင့် ရေလွှမ်းမိုးခြင်း ခံခဲ့ရပါတယ်။

အခု ပြောပြပေးမှာကတော့ ရေအောက်က သွားရောက်လည်ပတ်နိုင်တဲ့ ရင်သပ်ရှုမောဖွယ် မြို့တွေအကြောင်း ဖြစ်ပါတယ်။

၁။ Shicheng , တရုတ်

တရုတ်နိုင်ငံက Qiandao ရေကန်ရဲ့ အောက်မှာတော့ Chun’an နဲ့ Sui’an လို့ခေါ်တဲ့ ဒေသနှစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ဖူးသော မြို့များနှင့် မြို့အပျက်အယွင်းများ ရှိနေပါတယ်။

National Geographic ၏ အဆိုအရ ထိုဒေသမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရင်း ၁၉၅၇ ခုနှစ်မှာ မြို့များ နစ်မြုပ်သွားခဲ့ရတာပါ။

ယနေ့မှာတော့ ထိုနေရာဟာ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်ရန် နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Lake of the Thousand Islands လို့ လူသိများတဲ့ ရေအောက် မြို့လေးဟာ ချင်မင်းဆက်ခေတ်က ဒဏ္ဍာရီလာ သတ္တဝါရုပ်ပုံများ ထွင်းထုထားခဲ့တဲ့ အဆောက်အအုံများနဲ့ မြို့တော်ဝင်ပေါက်ကို မြင်တွေ့ရမှာပါ။

၂။ Kalyazin, ရုရှား

ရုရှားနိုင်ငံရဲ့ Kalyazin ရေအောက်မြို့ကိုတော့ ရေငုပ်ရှာဖွေဖို့ မလိုလောက်အောင်ကို သူ့ရဲ့ ဘုရားရှိခိုးကျောင်းက အထွတ်အထိပ်ဟာ ရေအထက်မှာ မြင့်တက်နေတာပါ။

ဒီမြို့ဟာ ၁၉၄၀ ခုနှစ်မှာ Úglich ရေလှောင်ကန် တည်ဆောက်မှုကြောင့် အများစုဟာ နစ်မြုပ်သွားခဲ့ပြီး မြို့နေ လူဦးရေကိုလည်း ပိုမိုမြင့်မားသောနေရာများသို့ ပြောင်းရွှေ့ခဲ့ရတာပါ။

၃။ Sant Romà de Sau, စပိန်

စပိန်နိုင်ငံ၊ Catalonia က Osona ဒေသမှာတော့ San Romà de Sau ဟုခေါ်သော ရွာလေးတစ်ရွာက ရေအောက်ထဲ လုံးဝ နစ်မြုပ်နေပါတယ်။

ရွာမှာ မူလက အိမ်များ၊ တံတားနဲ့ ဘုရားကျောင်းများ ရှိခဲ့ပေမယ့် ရေလှောက်ကန်ကြောင့် နစ်မြုပ်ခဲ့ရပြီး San Romà de Sau ဘုရားကျောင်းက ခေါင်းလောင်းမျှော်စင်ကတော့ ရေပေါ်မှာ ပေါ်နေလျက်ရှိပါတယ်

မိုးခေါင်နေချိန် ရေမရှိရာမှာ အဲဒီနေရာက အပျက်အစီးတွေအားလုံးက ပြန်ထွက်ပေါ်လာတတ်တယ်လို့ သိရပါတယ်။

၄။ Mediano, စပိန်

စပိန်နိုင်ငံ၊ Huesca မှာတော့ ရေလှောင်ကန် တည်ဆောက်မှုကြောင့် ရေမြုပ်သွားခဲ့တဲ့ နောက်ထပ် ရွာလေးတစ်ရွာရှိပါတယ်။

ယနေ့ချိန်ထိလည်း ရေမျက်နှာပြင်အထက်ရှိ အဆောက်အအုံအချို့ကို သင်တွေ့မြင်နေရဆဲပါ။

အဆိုပါဧရိယာမှာ တည်ဆောက်ထားတဲ့ ရေလှောင်ကန်ကြောင့် Mediano ဟာ ၁၉၆၉ ခုနှစ်မှာ လုံးဝနစ်မြုပ်ခဲ့ရပြီး ရွာရဲ့ ဘုရားကျောင်း ခေါင်းလောင်းမျှော်စင်မှလွဲပြီး အဆောက်အဦများအားလုံး ရေအောက်မှာ ပျောက်ကွယ််ခဲ့ရပါတယ်။

၅။ Port Royal, ဂျမေကာ

ဂျမေကာနိုင်ငံရဲ့ ရှေးအကျဆုံးဒေသတစ်ခုအနေနဲ့ Port Royal ဆိပ်ကမ်းမြို့လေးဟာ ပင်လယ်အောက်မှာ တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေပါတယ်။

နစ်မြုပ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ Port Royal မြို့လေးဟာ ၁၆၉၂ ခုနှစ်မှာ ဆူနာမီကြောင့် ရေမြုပ်သွားခဲ့ရတာပါ။

ဒါ့အပြင် Port Royal အနီးတစ်ဝိုက်မှာ ရှေးဟောင်းသုတေသနဆိုင်ရာ ရွှေတွင်းတစ်ခုရှိတယ်လို့လည်း ပြောစမှတ်ပြုကြပါတယ်။

၆။ Ontario, ကနေဒါ

Ontario ကတော့ ကနေဒါနိုင်ငံရှိ နစ်မြုပ်သွားခဲ့တဲ့ မြို့ပေါင်း ၁၀ ခုကို လွှမ်းခြုံထားတဲ့ အခေါ်ပါ။

ဒီမြို့များအားလုံးဟာ ၁၉၅၈ ခုနှစ်မှာ ရေလမ်းဖောက်လုပ်ပြီးနောက် ရေမြုပ်သွားခဲ့ရပါတယ်။

ယနေ့အချိန်အထိ ရေမျက်နှာပြင်အထက် အချို့နေရာများမှာ မြင်တွေ့နေရတဲ့ လူသွားစင်္ကြံများနဲ့ အဆောက်အအုံများ ရှိနေသေးပြီး နစ်မြုပ်ခဲ့တဲ့ မြို့များအတွက် ရည်စူးထားတဲ့အနေနဲ့ ပြတိုက်ကို အမှတ်တရအဖြစ် ဆက်လက်ရှင်သန်နေစေခဲ့ပါတယ်။

၇။ Pavlopetri, ဂရိ

Pavlopetri ဟာ သမိုင်းတစ်လျှောက် ရှေးအကျဆုံး ရေအောက်မြို့တော် ဖြစ်နိုင်ပါတယ်။

ဂရိနိုင်ငံတောင်ပိုင်း Lakonia ကမ်းရိုးတန်းမှာ တည်ရှိပြီး မြို့တော်ကို ရေလွှမ်းမိုးမှုဟာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က ဖြစ်ပွားခဲ့တာပါ။

ဒီမြို့ကို ၁၉၆၇ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ပြီးကတည်းက တန်ဖိုးကြီးမားတဲ့ ရှေးဟောင်းသုတေသန နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

လမ်းတွေ၊ အဆောက်အဦတွေ၊ ပန်းခြံတွေ၊ သင်္ချိုင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့တူတဲ့ ပင်လယ်ကြမ်းပြင်မှာ ပြီးပြည့်စုံလုနီးပါးရှိတဲ့ မြို့တစ်မြို့ကို တွေ့ရှိရမှာပါ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *