ဣထ္ထိယကို မထိတွေ့ဘူးတဲ့ ကမ္ဘာကျော်ကြီးများ

ဣထ္ထိယကို မထိတွေ့ဘူးတဲ့ ကမ္ဘာကျော်ကြီးများ

နဲနဲတော့ ထူးဆန်းပါတယ်။ လောကကြီးထဲမှာ လူရယ်လို့ ဖြစ်လာရင် အများစုက အိမ်ထောင်သားမွေး ပြုကြပါတယ်။

ခုတင်ပြမယ့် ကမ္ဘာကျော် လူထူးဆန်းတွေကတော့ ဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးများကို ထိတွေ့ရမှန်း‌တောင် မသိကြသူတွေ ဖြစ်ကြပါတယ်။

၁။ ဆာ အိုက်ဆက်နယူတန်

သူဟာ ဘဝတလျောက်လုံး ဘယ်တော့မှ လက်မထပ်ခဲ့ပါဘူး။ တယောက်ထဲ အထီးကျန်နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

သမိုင်းပညာရှင်အများစုက သူဟာ သေတဲ့အထိ လူပျိုစစ်စစ်ဘဝနဲ့ နေထိုင်သွားတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ပင်ကိုယ်စရိုက်က လူကြောက်တတ်တဲ့ သဘာဝရှိပြီး ညှိနှိုင်းရ ခက်တဲ့လူလို့ ဆိုပါတယ်။ သူဟာ အခြားသူများနဲ့ ပူးပေါင်းဆောင်ရွက်ရတာမျိုးကို မုန်းပါတယ်တဲ့။

၂။ အဒေါ့ဖ်ဟစ်တလာ

သူ့ခေတ်သူ့အခါမှာတော့ ဟစ်တလာဟာ အိုင်ဒေါ တစ်ယောက်ပါပဲ။ လူအများစုကတော့ သူလည်း လူပျိုစင်ဘဝနဲ့ သေဆုံးခဲ့တာလို့ ယုံကြည်ကြပါတယ်။

သူဟာ မသေခင်လေးတင် အီဗာဘရောင်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ကောလဟာလအရတော့ သူ့မှာ မိန်းမနဲ့အိပ်ချိန် မရလိုက်ပါဘူးတဲ့။ ဟစ်တလာမှာ တိတ်တိတ်ပုန်းကလေးတွေရှိတယ်လို့ သူသေပြီးမှ သတင်းထွက်ခဲ့ပါသေးတယ်။

ပြင်သစ်အမျိုးသမီးတစ်ယောက်က သူ့သားရဲ့ဖခင်ဟာ ဟစ်တလာပါလို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအချိန်က ဟစ်တလာဟာ စစ်မြေပြင်မှာ ရှိနေချိန်မို့ မဟုတ်ကြောင်း ရှင်းနိုင်ခဲ့ပါတယ်။

၃။ အန်ဒီဝါးဟိုး (Andy Warhol)

၁၉၈၀ ခုနှစ် အင်တာဗျူးတစ်ခုမှာ အန်ဒီဝါးဟိုးက သူဟာ လူပျိုစစ်စစ် ဖြစ်နေတုန်းပဲလို့ ပြောခဲ့ပါတယ်။

သူမသေခင် ၇ နှစ်မှာ လုပ်ခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။ ဒါပေမဲ့ယောက်ျားလေးအများစုက သူနဲ့အိပ်ဖူးတယ်လို့ ဝန်ခံကြပါတယ်။

၄။ နီကိုလာ တက်စလာ (Nikolas Tesla)

သူ့ပုံက လိင်ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီတီထွင်သူကြီးဟာ ဘဝတလျောက်လုံး မိန်းမကိစ္စနဲ့ ကင်းအောင်နေထိုင်သွားခဲ့ပါတယ်။

သူက လိင်ကိစ္စဟာ အလုပ်ကို နှောင့်နှေးစေတယ်လို့ ယုံကြည်ပါတယ်တဲ့။

၅။ ဂျေ အဂ္ဂါဟူးဗား (J.Edgar Hoover)

ကြားဖူးကြမှာပါ။ FBI ရဲ့ အာဏာအရှိဆုံးလူသား ဖြစ်ပါတယ်။ FBI ပထမဆုံး ဒါရိုက်တာပါ။ သူဟာ လုံးဝ လက်မထပ်ခဲ့ပါဘူး။

အသက် ၄၀ အထိ မိခင်နဲ့အတူ နေထိုင်ခဲ့ပါတယ်။မိန်းကလေးတွေနဲ့ ဘာဇါတ်လမ်းမှ မရှိသလို လူမှုရေး အရှုပ်အထွေးလဲ မရှိတဲ့သူပါ။

တချို့က မှန်းဆရာမှာတော့ ဟူးဗားဟာ တိတ်တိတ်လေးခြောက်နေတာဖြစ်မယ်ဆိုဘဲ။ သေချာတာကတော့ သူဘယ်တော့မှ ရိုမန်တစ် မဆန်ခဲ့ပါဘူးတဲ့။

၆။ လူးဝစ်ကာရိုးလ် (Lewis Carroll)

အဲလစ်ကလေးနဲ့ ထူးဆန်းကမ္ဘာ ပုံပြင်ရေးခဲ့တဲ့ စာရေးဆရာပါ။ သူလဲ မိန်းမမယူခဲ့တဲ့အပြင် မိန်းမတွေကို ဘယ်လိုဆက်ဆံ ပြောဆိုရမှန်းတောင် မသိပါဘူးလို့ ဆိုကြပါတယ်။

တချို့ကတော့ သူဟာ ကလေးတွေကိုသာ စွဲလန်းစိတ်ရှိတယ်လို့ ပြောကြပါတယ်။

ဒါကလဲ သူဆွဲတဲ့ ကလေးပုံ ပန်းချီကားတွေနဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ယူဆကြတာ ဖြစ်ပါတယ်။ကလေးပုံအမျာစုမှာ အဝတ်အစားကင်းမဲ့နေတာတွေ့ရပါတယ်။

၇။ ဟန် ခရစ်စတင်း အန်ဒါဆင် (Hans Christian Andersen)

သူကတော့ ရေသူမလေးပုံပြင် ရေးခဲ့သူပါ။သူ့ကို လူ‌တွေယုံကြည်ချက်က သူဟာ လူပျိုကြီးစစ်စစ်ဘဝနဲ့ နေသွားခဲ့တယ်ဆိုတာပါ။

သူ့ရဲ့ကိုယ်ပိုင်ထုတ်ဝေတဲ့ ဂျာနယ်မှာ လိင်ကိစ္စ လုံးဝကင်းရှင်းကြောင်းရေးသားခဲ့သူ ဖြစ်ပါတယ်။ သူက ကျားရော၊ မရော စိတ်ဝင်စားမှု မရှိပါဘူးတဲ့။

အခုတင်ပြခဲ့တာကတော့ ဣထ္ထိယတွေအပေါ်မှာ လုံးဝ စိတ်မယိုင်ခဲ့ကြတဲ့ ကမ္ဘာကျော် ကွီးကြီးတို့ အကြောင်း နှိုက်ချွတ်ဖေါ်ပြလိုက်တာမို့ ကျေနပ်ကြမယ်ထင်ပါတယ်လို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *