ယူအက်စ်ရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အသစ် B-21 Raider

ယူအက်စ်ရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အသစ် B-21 Raider

အမေရိကန်လေတပ်ဟာ အလွန်လျှို့ဝှက်သိုသိပ်စွာ တီထွင်ထုတ်လုပ်နေတဲ့ B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို လာမည့် ဒီဇင်ဘာလ ပထမအပါတ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအား ထုတ်ဖော် ပြသမယ်လို့ ပင်တဂွန်က ကြေညာလိုက်ပါတယ်။

မျိုးဆက်သစ် B-21 Raider ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကို Northrop Grumman ကုမ္ပဏီက တီထွင်ထုတ်လုပ်နေတာဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာမှာရှိတဲ့ အမေရိကန်လေတပ်ရဲ့ B-1B Lancer နဲ့ B-2 Sprit ဗုံးကြဲလေယာဉ်တွေနေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။

အမေရိကန်လေတပ်ရဲ့ လက်ရှိ B-2 Spirit ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များဟာ တာဝေးပျံသန်းနိုင်စွမ်း အားနည်းပါးတယ်။

အာရှပစိဖိတ်ဒေသမှာ တရုပ်နဲ့စစ်ပွဲဆင်နွှဲမည်ဆိုပါက အမေရိကန်ဗုံးကြဲလေယာဉ်များဟာ တာဝေး ပျံသန်းရန် လိုအပ်ပါတယ်။

ဒါ့ကြောင့် အမေရိကန်လေတပ်ဟာ B-21 Raider ဗုံးကြဲလေယာဉ် အသစ်ကို တီထွင်ထုတ်လုပ်ခြင်းလည်း ဖြစ်ပါတယ်။

B-21 Raider ဗုံးကြဲလေယာဉ်ဟာ B-2 ဗုံးကြဲလေယာဉ်လို တောင်ပံပုံစံမျိုးကို အသုံးပြုထားပါတယ်။ လေယာဉ်ကိုယ်ထည်ဟာ B-2 ထက် ပိုမိုသေးငယ်ပေမဲ့ B- 2 ထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားပါးတယ်။

ယခင် ဗုံးကြဲလေယာဉ်တွေလိုပဲ ကမ္ဘာ့တိုက်ကြီးတွေအကြား မဟာဗျူဟာ‌မြောက် ဒုံးကျည်တွေအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အပေါ့စား တိုက်လေယာဉ်တွေမှာသယ်ဆောင်တဲ့ B61 နည်းဗျူဟာမြောက် နျူကလီးယားဗုံးတွေထက် ပိုမိုကြီးမားတဲ့ မဟာဗျူဟာမြောက်နျူကလီးယား ဒုံးကျည်ထိပ်ဖူးတွေကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ရန်သူ့မြို့တော်တွေနဲ့ နျူကလီးယား စက်ရုံတွေကို ကာကွယ်ထားတဲ့လေကြောင်းကာကွယ်‌ရေးစနစ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

B-21 Raider ဗုံးကြဲလေယာဉ်ဟာ ပိုမိုမြင့်မားတဲ့ အမြင့်ကနေ စစ်ဆင်ပျံသန်းနိုင်မှာဖြစ်သလို ထောက်လှမ်းမှုအလွန်ခက်ခဲစေပြီး ရေဒါကနေရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက်ဒီဇိုင်းနဲ့ ခေတ်မီ အီလက်ထရွန်းနစ်စစ်ဆင်ရေးစနစ်တွေကို အသုံးပြုလုပ်ဆောင်နိုင်ပါတယ်။

B-21 Raider ဗုံးကြဲလေယာဉ်အနေနဲ့ ၎င်းရဲ့ ဗုံးကြဲနိုင်မှု အခန်းကဏ္ဍအပြင် အခြားအခန်းကဏ္ဍ အများအပြားကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တဲ့ ဘက်စုံအသုံးပြုနိုင်မယ့် လေယာဉ်လည်း ဖြစ်ပါတယ်။

ဗုံးကြဲလေယာဉ်တစ်စင်းစီမှာ ဒုံးကျည်များစွာကို သယ်ဆောင်နိုင်သလို အားကောင်းပြီး အလွန်ကြီးမားတဲ့အာရုံခံကိရိယာတွေကို အသုံးချပြီး အကွာအဝေး အတိုင်းအတာ အလွန်ဝေးတဲ့နေရာတွေက ရန်သူ့တိုက်လေယာဉ်တွေ၊ AEW ဂျက်လေယာဉ်တွေ၊ ဆီသယ်လေယာဉ်တွေနဲ့ အခြား လေယာဉ်အမျိုးမျိုးတွေကို စောင့်ကြပ်စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

B-21 Raider မှာအသုံးပြုထားတဲ့ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ အလွန်မြင့်မားတဲ့ ကွန်ပျူတာ စွမ်းအားတွေက ၎င်းလေယာဉ်ရဲ့အာရုံခံကိရိယာတွေမှတစ်ဆင့် ရရှိတဲ့ဒေတာ အချက်အလက်တွေကို စိစစ်တွက်ချက်ကာ ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်း ခြောက်မှုတွေကို အလျင်အမြန်ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

လေထဲမှာ တာရှည်ပျံသန်းနိုင်မှုဟာ ပိုမိုရှည်လျားတဲ့အကွာ အဝေးနဲ့ ပိုမိုမြန်တဲ့ အမြန်နှုန်းကို ခွင့်ပြုပေးပြီး B-21 လေယာဉ်ဟာ Supersonic အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Maintainers and crew chiefs from the 509th Aircraft Maintenance Squadron at Whiteman Air Force Base, Mo., prepare B-2 Spirits March 19, 2011, for Operation Odyssey Dawn. (U.S. Air Force photo/Senior Airman Kenny Holston)

ပိုမိုမြင့်မားတဲ့ အမြင့်ပေကနေ ပျံသန်းနိုင်တာမို့လို့ B-21 Raider လေယာဉ်ဟာ မြေပြင်ပစ်မှတ်တွေကို ပိုမိုမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ပိုမိုမြင့်မားတဲ့အမြင့်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်မှုက B-21 ရဲ့ချောင်းမြောင်းတိုက်ခိုက်နိုင်မှုစွမ်းဆောင်ရည်တွေကို တိုးမြှင့်စေပြီး လောင်စာဆီသုံးစွဲမှုကို သိသိသာသာလျှော့ချပေးပါလိမ့်မယ်။

လေထဲမှာကြာကြာပျံသန်းနိုင်မှုက အခြားတိုက်ကြီးတွေရှိ ပစ်မှတ်တွေဆီကို ရောက်ရှိနိုင်ရုံသာမက သင့်လျော်တဲ့ အာရုံခံ ကိရိယာတွေနဲ့ ဒေတာအချက်အလက်ချိတ်ဆက်မှုတွေကို အသုံးပြုလုပ်ဆောင်ပြီး လုပ်ငန်းတာဝန်တွေကို အထောက်အပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ B-21 လေယာဉ်ဟာ ထိုးဖောက်တိုက်ခိုက်နိုင်မှု၊ ရပ်တည်နိုင်မှုစွမ်းအားနည်းပါးတဲ့ လေယာဉ်အမျိုးမျိုးရဲ့ ဘက်စုံထိုးဖောက်တိုက်ခိုက်မှုတွေကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီလိုစွမ်းဆောင်နိုင်မှုတွေကြောင့် B-21 ဗုံးကြဲလေယာဉ်ဟာ ဘက်စုံအသုံးပြုနိုင်တဲ့ ကြောက်စရာ အကောင်းဆုံး တိုက်လေယာဉ် ဖြစ်လာမှာ ဖြစ်လာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်လေတပ်က B -21 လေယာဉ်နမူနာ ၆ စီး တည်ဆောက်ကာ စမ်းသပ်မှုများ ဆောင်ရွက်နေပါတယ်။ မြေပြင်စမ်းသပ်မှုများ အဆင်ပြေပါက လာမည့်နှစ်ထဲမှာပဲ လေထဲ၌ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းရန်မယ်လို့ သိရပါတယ်။

ရုရှားရဲ့ ဆဋ္ဌမမျိုးဆက် MiG-41 ကြားဖြတ်တိုက်လေယာဉ်နဲ့ S-550 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ တရုပ်ရဲ့ Quantum လေကြောင်းရန်ကာကွယ်ရေး ရေဒါတွေစတဲ့ ခေတ်မီဆန်းပြားတဲ့ ကာကွယ်ရေးစနစ်အမျိုးမျိုးထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။ ဒီ ကာကွယ်ရေးစနစ်တွေနဲ့ B-21 Raider ဘယ်သူက ပိုစွမ်းမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *