ကမ္ဘာ့အထင်ကရအဖြစ်ခဲ့ဆုံး တိရစ္ဆာန်ရွှေ့ပြောင်းနေထိုင်မှုများ

ကမ္ဘာ့အထင်ကရအဖြစ်ခဲ့ဆုံး တိရစ္ဆာန်ရွှေ့ပြောင်းနေထိုင်မှုများ

ပြင်းထန်တဲ့ ရာသီဥတု၊ အစာကွင်းဆက် အခြေအနေနဲ့ မျိုးနွယ်စုရဲ့ ပြောင်းလဲမှုတို့ကြောင့် တိရစ္ဆာန်တွေဟာ အုပ်စုလိုက် အသိုက်အမြုံ ရွှေ့ပြောင်းနေထိုင်မှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။

တစ်ခါတလေမှာတော့ ဒီလိုရွှေ့ပြောင်းမှုတွေဟာ မထင်မှတ်ထားလောက်အောင် ကြီးမားသွားခဲ့ပြီး သူတို့ရွှေ့ပြောင်းတဲ့ အကွာအဝေး ပမာဏဟာလည်း မိုင်ပေါင်း ထောင်သောင်းများစွာ ဖြစ်ပေါ်လာခဲ့ရပါတယ်။

သူတို့သည် ကြမ်းတမ်းသော မြေပြင်ပေါ်မှာ မိုင်ရာနှင့်ချီပြီး သွားလာရခြင်း၊ လျင်မြန်စွာ စီးဆင်းနေတဲ့ မြစ်ချောင်းများကို ဖြတ်ကျော်ပြီး သူတို့ရဲ့ ပန်းတိုင်သို့ ရောက်ရှိဖို့အတွက် မယုံနိုင်လောက်တဲ့ အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါကြောင့် ကမ္ဘာ့အထင်ကရ အဖြစ်ခဲ့ဆုံးသော တိရစ္ဆာန်တို့ရဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖော်ပြပေးသွားချင်ပါတယ်။

၁။ မီးခိုးရောင် ဝေလငါး

အရှေ့ဘက် မီးခိုးရောင် ဝေလငါးတစ်ကောင်ဟာ ရုရှားရေပိုင်နက်မှ မက္ကဆီကိုသို့ အပြန် မိုင် ၁၄,၀၀၀ နီးပါး ခရီးဖြင့် နို့တိုက်သတ္တဝါများရဲ့ အဝေးလံဆုံး ရွှေ့ပြောင်းနေထိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂။ Humpback ဝေလငါး

မီးခိုးရောင် ဝေလငါးရဲ့ မျိုးနွယ် Humpback ဝေလငါးဟာလည်း ၂၀၁၁ ခုနှစ်က ၁၁,၇၀၆ မိုင် အသွားအပြန် ခရီးကို ရွှေ့ပြောင်းခဲ့ရင်း ယခင်က ပြောင်းရွှေ့မှုစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

မြောက်ပစိဖိတ်ဒေသခံ ဝေလငါးများဟာ နွေရာသီမှာ Alaskan ရေပြင်သို့ အေးမြစေရန် ရွှေ့ပြောင်းနေထိုင်ကြလေ့ရှိကြပါတယ်။

၃။ Blue Wildebeest

မိုးရာသီ ကုန်ဆုံးချိန်မှာတော့ အရှေ့အာဖရိကမှ Blue Wildebeest တို့ဟာ ဆာရီဂတ်တီတစ်ဝိုက် မိုင် ၅၀၀ မှ ၁၀၀၀ ကြား စက်ဝိုင်းပုံစံ ရွှေ့ပြောင်းနေထိုင်ရာသစ်များဆီသို့ အကောင်ပေါင်း သောင်းနဲ့ချီပြီး ဦးတည်သွားကြလေ့ရှိပါတယ်။

နွားရိုင်းများဟာ လွင်ပြင်များကို ဖြတ်ကျော်ရင်း ကမ်းပါးများနဲ့ မြစ်များကိုဖြတ်ကာ အတားအဆီးများကို စုပေါင်း ကျော်လွှားပြီး ၂၅ မိုင်အထိ ရှည်လျားသော ခရီးရှည်ကို အတူတူရွှေ့ပြောင်းကြပါတယ်။

၄။ မြင်းကျားမျာ

၂၀၁၄ ခုနှစ်၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ဖောင်ဒေးရှင်းရဲ့ လေ့လာမှုအရ မြင်းကျားတွေဟာ အာဖရိကရဲ့ အထင်ကရအဖြစ်ဆုံး ကုန်းနေ-နို့တိုက်သတ္တဝါများ ရွှေ့ပြောင်းနေထိုင်မှုကို လုပ်ဆောင်ခဲ့ကြပါတယ်။

သူတို့ရွှေ့ပြောင်းရာ နမီးဘီးယားနဲ့ ဘော့ဆွာနာ အကြား ခရီးဟာ မိုင် ၃၀၀ ကျော် အသွားအပြန် ခရီးဖြစ်သလို အကောင်ရေပေါင်း ထောင်သောင်းချီပြီး လမ်းတစ်လျှောက်က အခက်အခဲ တားဆီးတွေကို ဖြတ်ကျော်ရင်း စုပေါင်းရွှေ့ပြောင်းကြပါတယ်။

မြင်းကျားများသည် လမ်းများနှင့် ခြံစည်းရိုးများကဲ့သို့သော လူလုပ်အတားအဆီးများနှင့် ရှင်သန်နေထိုင်ရာ အပိုင်းအစများ ကွဲအက်စေသည့် လယ်ယာစိုက်ပျိုးမှုများကြောင့် သိသိသာသာ အနှောင့်အယှက်များ ကြုံတွေ့ရသည်။

၅။ ဒရယ်များ

နွေဦးရာသီမှာ အပူဒဏ်ကို တိမ်းရှောင်ရန်နဲ့ သူတို့ရဲ့ စားကျက်နေရာကို ဖြည့်ဆည်းရန်အတွက် ကနေဒါနှင့် အလက်စကာရှိ ပေါက်တောများမှ ဒရယ်လေးတွေဟာ မြောက်ဘက်သို့ ရွှေ့ပြောင်းလေ့ ရှိကြပါတယ်။

နှစ်စဉ် ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဒရယ်တွေရဲ့ သွားရာ လမ်းကြောင်းများတစ်လျှောက်ဟာ မိုင်ပေါင်း ၁,၅၀၀ အထိ ရောက်ရှိနိုင်ပါတယ်။

သူတို့ရဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ အာတိတ်ဒေသရဲ့ အထင်ကရအဖြစ်ဆုံးသော ရွှေ့ပြောင်းနေထိုင်မှုလည်း ဖြစ်ပါတယ်။

၆။ ငါးမန်းဖြူ

တောင်အာဖရိကနဲ့ ဩစတြေးလျကမ်းရိုးတန်းကြားရှိ ကြီးမားတဲ့ အဖြူရောင် ငါးမန်းကြီးကို သိပ္ပံပညာရှင်တွေက အရှည်ကြာဆုံး ငါးမန်းရွှေ့ပြောင်းမှုအဖြစ် ၂၀၀၃ ခုနှစ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။

မိုင်ပေါင်း ၆,၉၀၀ လောက်ခရီးကို ငါးမန်းက ၉၉ ရက်ပဲ အချိန်ယူပြီး ရွှေ့ပြောင်းခဲ့ပါတယ်။

အဲဒီနောက် ဂျီပီအက်စ် ခြေရာခံကိရိယာဟာ ပျက်စီးခဲ့တာကြောင့် ငါးမန်းဖြူကို တောင်အာဖရိကရေပြင်မှာ ပြန်လည်ပေါ်လာချိန်မှာမှ အနည်းဆုံး မိုင်ပေါင်း ၁၂,၄၀၀ ခရီးနှင်ခဲ့တယ်လို့ ခန့်မှန်းလိုက်ကြပါတယ်။

၇။ လိပ်များ

လိပ်များဟာလည်း ဥ ဥရန်အတွက် ဝေးကွာလှတဲ့ ကမ်းခြေတွေဆီသို့ ရွှေ့ပြောင်းကြပါတယ်။ Leatherback လိပ်တွေဟာ ပုံမှန်အားဖြင့် မိုင်ပေါင်း ၆,၀၀၀ ခန့် ရွေ့ပြောင်းကြပေမဲ့ အချို့မှာတော့ အဲဒီထက် ပိုမိုဝေးဝေး သွားကြပါတယ်။

အင်ဒိုနီးရှားနဲ့ အနောက်မြောက်အမေရိကကြား မိုင်ပေါင်း ၁၂,၇၀၀ ခရီးကို ၆၄၇ ရက်အကြာ လိပ်တွေက ခရီးနှင်ခဲ့ပြီး ဒီခရီးဟာ မှတ်တမ်းဝင်သမျှ အရှည်ကြာဆုံး ပင်လယ်ပြင် ရွှေ့ပြောင်းနေထိုင်မှုတွေထဲက တစ်ခုပါ။

၈။ ပင်ဂွင်းများ

Adelie ပင်ဂွင်းများဟာ ဆောင်းရာသီမှာ ဖြစ်ထွန်းလာတဲ့ “အမြန်ရေခဲများ” ပေါ်က အန္တာတိကတိုက် အနီး Ross ပင်လယ်တစ်ဝိုက် မိုင် ၈,၀၀၀ ဝေးသော စက်ဝိုင်းပုံစံ အနေအထားနဲ့ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

ထိုသို့လုပ်ဆောင်ခြင်းဟာ ပင်ဂွင်းတွေကို နေရောင်အောက်မှာသာ ထားရှိပြီး နွေရာသီလများအတွက် လက်ယာရစ် ရွှေ့ပြောင်းခြင်းဟာ သူတို့ရဲ့ ကုန်းမြေနဲ့ မျိုးပွားနယ်မြေများသို့ ပြန်လည်ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။

၉။ လိပ်ပြာများ

Monarch လိပ်ပြာတွေရဲ့ ရွှေ့ပြောင်းမှုဟာ မိုင် ၅,၅၀၀ ခရီးဖြစ်ပြီး မျိုးဆက် လေးဆက်အထိ ကြာရှည်ပါတယ်။

အလယ်ပိုင်း မက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယားမှာ စတင်ပြီး ပထမမျိုးဆက်ကတော့ ဥဥပြီး သေဆုံးတဲ့ Texas နဲ့ Oklahoma သို့ ပျံသန်းပါတယ်။

နောင်မျိုးဆက်များကလည်း အလားတူမလုပ်မီ မြောက်ဘက်သို့ ထွက်ခွာသွားကြပါတယ်။

တတိယမျိုးဆက်ကတော့ အမေရိကရဲ့ ဂရိတ်ကန်ကြီးများသို့ ရောက်ရှိပြီး စတုတ္ထမျိုးဆက်ကတော့ သူတို့ရဲ့ဥများကို နေရာချရန်အတွက် တောင်ဘက်သို့ မိုင် ၃,၀၀၀ အထိ တောက်လျှောက်ပျံသန်းခြင်း ပြုလုပ်ကြပါတယ်။

၁၀။ ပုစဥ်းများ

အချို့ ပုစဉ်းမျိုးစိတ်များဟာ အိန္ဒိယတောင်ပိုင်းနဲ့ အာဖရိကတောင်ပိုင်းကြားကို နှစ်စဉ်နှစ်တိုင်း သွားလာကြပြီး မော်လ်ဒိုက်မှာတော့ ရပ်တန့်ပြီး အရှေ့အာဖရိက ကမ်းရိုးတန်းကို လမ်းတစ်လျှောက် ဖြတ်သွားကြတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ပုစဥ်းတို့ရဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ မိုင်ပေါင်း ၈,၀၀၀ မှ ၁၁,၀၀၀ အတွင်း အသွားအပြန်ရှိပြီး ဒီအကွာအဝေးဟာ အင်းဆက်မျိုးစိတ်များထဲမှာ အဝေးလံ အရှည်ကြာဆုံးပါပဲ။

၁၁။ Godwit ငှက်များ

Godwit ငှက်ဟာ လေထဲမှာ အကြာဆုံး မရပ်မနား ပျံသန်းခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းခရီးအတွက် စံချိန်တင်ထားခဲဲ့ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *