ကမ္ဘာပျက်စေနိုင်တဲ့ အဓိကအကြောင်းပြချက်တစ်ခု (သို့) ဂြိုဟ်သိမ်ဂြိုဟ်ခဲများ

ကမ္ဘာပျက်စေနိုင်တဲ့ အဓိကအကြောင်းပြချက်တစ်ခု (သို့) ဂြိုဟ်သိမ်ဂြိုဟ်ခဲများ

ကမ္ဘာကို နှစ်သန်းပေါင်း ၁၆၀ ကျော် လွှမ်းမိုးထားပြီးနောက် ဒိုင်နိုဆော မျိုးစိတ်အားလုံးဟာ အာကာသထဲက လွင့်ပျံလာတဲ့ ဂြိုဟ်ခဲကြီးကြောင့် သေဆုံးပျောက်ကွယ်ခဲ့ရဖူးပါတယ်။

ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းခန့်က အနည်းဆုံး ၆ မိုင် (10 ကီလိုမီတာ) အရွယ်အစားရှိတဲ့ ဂြိုဟ်သိမ်တစ်ခုဟာ ဒိုင်နိုဆောကမ္ဘာကို အဖျက်အဆီး ဖြစ်စေခဲ့ပါတယ်။

ငလျင်များ၊ ဆူနာမီများ၊ မီးတောင်ပေါက်ကွဲမှုများနဲ့ ရာသီဥတုကပ်ဆိုးများအပြင် ကမ္ဘာမြေက သက်ရှိအားလုံးရဲ့ ၇၅% ကို ပျောက်ကွယ်သွားစေခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ဟာ ဂြိုဟ်သိမ်တွေကို ခုခံနိုင်စွမ်းရှိရဲ့လား။ ကြောက်စရာကောင်းတဲ့ ဂြိုဟ်သိမ်တွေဟာ ကမ္ဘာကိုအဆုံးသတ်သွားဖို့ လုံလောက်ပါသလား။

အာကာသ ကျောက်တုံးတွေက ကမ္ဘာမြေတစ်ခုလုံးကို အမှန်တကယ် ဖျက်ဆီးဖို့ဆိုရင် ဘယ်လောက်အရွယ်အစားရှိဖို့ လိုအပ်လဲဆိုတာတွေကို ဆွေးနွေးဖော်ပြပေးသွားချင်ပါတယ်။

ခပ်လွယ်လွယ် ဖြေရရင်တော့ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရန်အတွက် ဂြိုဟ်တစ်လုံးကဲ့သို့ ကြီးမားသော ကျောက်တုံးကြီးတစ်ခုက သက်ဆင်းလာရင် မလွဲမသွေ ပျက်စီးသွားမှာပါ။

ဒါပေမဲ့ ကမ္ဘာပေါ်ရှိ သက်ရှိများကို ချေမှုန်းရန် သို့မဟုတ် အများစုကို သေဆုံးစေဖို့အတွက်ဆိုရင်တော့ တိကျတဲ့ အဖြေမျိုး မရှိသေးပါဘူး။

အင်္ဂါဂြိုဟ်ထက် ပိုကြီးတဲ့ အရာဝတ္ထုတစ်ခုက ကမ္ဘာကို အစောပိုင်းက ဝင်တိုက်ခဲ့ပြီး လကို ကမ္ဘာကို မပျက်စီးစေဘဲ ဖန်တီးခဲ့တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံခွဲခန့်က ကမ္ဘာနဲ့ တိုက်မိခဲ့သော မားစ်အရွယ်အစား Theia လို့ ခေါ်တဲ့ ဂြိုဟ်သိမ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ကျွန်တော်တို့တွေဟာ ယနေ့အချိန်အခါမှာ လကို မြင်တွေ့နေရခြင်းဖြစ်တာပါ။

ဒီဂြိုဟ်သိမ်ကြီးဟာ လ အပါအဝင် အာကာသထဲသို့ ကျောက်ဆောင်အပျက်အစီး အများအပြားကို လွှတ်တင်ခဲ့ပါတယ်။

အင်္ဂါဂြိုဟ်ဟာ မိုင်ပေါင်း ၄,၂၀၀ ခန့် ကျယ်ဝန်းပြီး ဒိုင်နိုဆောတွေကို ဖျက်ဆီးခဲ့တဲ့ ဂြိုဟ်သိမ်ရဲ့ အကျယ်အဝန်းထက် အဆ ၅၀၀ ပိုများပါတယ်။

နောက်ထပ် သီအိုရီတစ်ခုအရ Theia ကြောင့် လူသား အပါအဝင် အခြားသော သက်ရှိတွေ အမျိုးပေါင်း သန်းချီ ထွက်ပေါ်လာခဲ့တယ် ဆိုတာပါပဲ။

သိပ္ပံပညာရှင်တွေဟာ Theia ရဲ့ အစိတ်အပိုင်းတွေက လူသားတွေကို ဖန်တီးခဲ့တယ်လို့ အခိုင်အမာ ဆိုထားကြပါတယ်။

ရှေးခေတ်က အခုလို တိုက်မိမှုဖြစ်စဥ်မှာ တိုက်မိပုံနဲ့စပ်လျဥ်းပြီး ကျွမ်းကျင်သူတွေက အငြင်းပွားနေပေမယ့် ထိုအချိန်က ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိနေတဲ့ အရာတိုင်းကို Theia က သုတ်သင်ပစ်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ်။

Theia ရဲ့ သက်ရောက်မှုပြီးနောက် နှစ်သန်းအနည်းငယ် အကြာမှာ သက်ရှိများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၄ ဘီလီယံခန့်က စောစီးစွာပေါ်လာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေ ယူဆထားပါတယ်။

ဒါကြောင့် သီအိုရီတွေအရတော့ ဂြိုဟ်သိမ်တွေဟာ ဖျက်ဆီးတာလည်း ပြုလုပ်သလို၊ ဖန်ဆင်းတာကိုလည်း ပြုလုပ်နိုင်ကြပါတယ်။ ဒိုင်နိုဆောတွေကတော့ ပျက်စီးခဲ့ရပြီး လကတော့ ပေါ်ပေါက်လာခဲ့တယ်။ ဒီနှစ်ခုလုံးက ဂြိုဟ်သိမ်ရဲ့ သက်ရောက်မှုတွေပါ။

ဂြိုဟ်သိမ်တစ်ခုဟာ အချင်း အနည်းဆုံး ပေ ၄၆၀ (၁၄၀ မီတာ) အရွယ်အစားနဲ့ ကမ္ဘာမြေမှ မိုင်ပေါင်း ၄.၆ သန်း (၇.၄ သန်း ကီလိုမီတာ) အတွင်း လှည့်ပတ်ပါက အာကာသအတွင်း ကျောက်တုံးကျောက်ခဲများကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ NASA က ယူဆထားပါတယ်။

ထိုအရွယ်အစား ကျောက်တုံးကြီးရဲ့ သက်ရောက်မှုသည် တစ်မြို့လုံးကို ချေဖျက်နိုင်ပြီး သူ့အနီးတစ်ဝိုက်ရှိ မြေပြင်ကိုပါ ပျက်စီးစေနိုင်ကြောင်း NASA ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အနံ ၀.၆ မိုင် (အကျယ် ၁ ကီလိုမီတာ) ရှိသော ပိုကြီးသော ကျောက်တုံးကြီးနဲ့ တိုက်မိပါက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဘေးအန္တရာယ်များကို စွန့်ထုတ်ခြင်းဖြင့် လူသားမျိုးနွယ်ကို နိဂုံးချုပ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

အကယ်၍သာ ဒိုင်နိုဆောတွေကို သေကျေပျက်စီးစေခဲ့တဲ့ ဂြိုဟ်သိမ် အရွယ်အစားနဲ့ အရာတစ်ခု ရောက်ရှိလာပါက လူသားများ အပါအဝင် ရေမတွက်နိုင်သော အခြားမျိုးစိတ်များစွာကို မျိုးသုဉ်းပျောက်ကွယ်သွားစေပါလိမ့်မယ်။

ကျယ်ပြန့်စွာပြောရင်တော့ အခုလိုမျိုးတိုက်မိခဲ့ပါက ကနဦး အကျိုးသက်ရောက်မှုဟာ မြင်နိုင်သူတိုင်းကို သေဆုံးစေမယ့် ကြီးမားသော မီးလုံးကြီးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

ထို့နောက် မီးခိုးများမှ အမှုန်အမွှားများနဲ့ မီးခိုးတွေဟာ ကမ္ဘာမြေကို ပတ်ပတ်လည် ဝန်းရံသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကို ဆောင်းရာသီလို့ခေါ်တဲ့ အကျိုးသက်ရောက်မှုအဖြစ်သို့ ကျဆင်းသွားစေမှာပါ။

အခုလို ရာသီဥတုမှာ အမှုန်အမွှားများနဲ့ အဆိပ်ဓာတ်ငွေ့များ အလွန်များပြားသဖြင့် အပင်များဟာ နေရောင်ခြည်ရဲ့ photosynthesis ကို စွမ်းအင်အဖြစ်သို့ မပြောင်းလဲနိုင်တော့ဘဲ အောက်ဆီဂျင် မထုတ်နိုင်တော့သလို ကောင်းကင်ယံမှာလည်း တိမ်ထူသွားမှာပါ။

ကမ္ဘာတစ်ဝှမ်းရှိ အပင်များ သေကျေပျက်စီးမယ်ဆိုပါက မကြာမီမှာလည်း တိရစ္ဆာန်တွေအတွက် ဘေးဥပဒ်တွေ စတင်ခံလားရတော့မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မကြာခင်မှာ သက်ရှိတို့ အကုန် သေကျရပါလိမ့်မယ်။

ယနေ့မှာတော့ Nasa အပါအဝင် အခြားသော အာကာသအေဂျင်စီများဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းရှိ အလားအလာရှိတဲ့ သက်ရောက်မှုရှိနိုင်သော ထောင်ပေါင်းများစွာရဲ့ ဂြိုဟ်သိမ်တွေကို အလေးအနက်ထားပြီး အနီးကပ် စောင့်ကြည့်နေကြပါပြီ။

သတင်းကောင်းကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေသို့ အနည်းဆုံး လာမယ့်နှစ်ပေါင်း ၁၀၀ အတွင်း အန္တရာယ်ရှိနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ကျရောက်လာဖို့ မရှိပါဘူးတဲ့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *