မအောင်မြင်တဲ့လုပ်ကြံမှုတွေနဲ့ ရုရှားသမ္မတ

မအောင်မြင်တဲ့လုပ်ကြံမှုတွေနဲ့ ရုရှားသမ္မတ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို လုပ်ကြံဖို့ အမျိုးမျိုး ကြိုးစားခဲ့ကြပါတယ်။ ပူတင်ရဲ့ ကားတန်းကို ဗုံးခွဲဖို့ လုပ်ခဲ့ဘူးပါတယ်။

ချေချင်းညှာ သူပုန်တွေကလည်း သူ့ကို သုတ်သင်ဖို့ ကြိုးစားပါတယ်။ တစ်ခါဆိုရင် ပူတင့်ကို ကယ်တင်ရင်း အသက်ပေးခဲ့ရသူတောင် ရှိခဲ့ပါတယ်။

ပူတင်ဟာ လုပ်ကြံခံရမှာကို အမြဲတန်းစိုးရိမ်နေရသူ ဖြစ်ပါတယ်။ ဒီ အာဏာရှင်ဟာ လုပ်ကြံသူများရန်ကလွတ်အောင် သွားလေရာမှာ လက်ဖြောင့်သေနတ်သမားတွေကို နေရာချထားတတ်ပါတယ်။

မသင်္ကာတာနဲ့ ချက်ခြင်းပစ်ဖို့ အမိန့်ပေးထားပါတယ်။ သူဟာ တစ်ခါတစ်လေ နျူကလီးယားကာကွယ်နိုင်တဲ့ ဘန်ကာမှာ ပုန်းနေတတ်ပါတယ်။ အဲဒီဘန်ကာက Altai တောင်တန်းမှာရှိပါတယ်။

သူ့ရဲ့အစားအသောက်တွေကို နေ့စဉ် စစ်ဆေးပေးရသူတွေ ရှိပါတယ်။ အဆိပ်ခတ်မှာစိုးလို့ပါ။ သူကူးတဲ့ရေကူးကန်မှာ ဓါတုပစ္စည်းတွေ ပါဝင်မှု ရှိမရှိ တစ်နေ့ကို အကြိမ်များစွာ စစ်ဆေးကြရပါတယ်။

အဲဒီလောက် ဂရုစိုက်တဲ့ကြားက သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။ ကြည့်ရအောင်နော်။

လတ်တလော ကြိုးပမ်းမှုတစ်ခုကတော့ ယူကရိန်းကို ကျူးကျော်အပြီးမှာ ဖြစ်ခဲ့တာပါ။ ဒီသတင်ကို ထုတ်ပြန်ခဲ့တာကတော့ ယူကရိန်းထောက်လှမ်းရေးက အရာရှိတစ်ယောက် ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ပူတင်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်တာက ကော့ကေးဆပ်ဒေသမှာပါ။ ဖြစ်ပျက်ပုံ အသေစိတ်ကိုတော့ ဖေါ်ပြ မထားပါဘူး။

၂၀၂၀ ခုနှစ်မှာ ပူတင်ဟာ အဇာဘိုင်ဂျန်ကို သွားခဲ့တုန်းကလဲ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက် ခံရဘူးပါတယ်။ အီရတ်လူမျိုးတစ်ဦးက သူ့ကိုလုပ်ကြံဖို့ ကြံစည်ခဲ့တာပါ။

အဲဒီလူဟာ လုပ်ငန်းမစခင် အဖမ်းခံလိုက်ရပါတယ်။ သူက အာဖဂန်နဲ့ ချေချင်းသူပုန်တွေနဲ့ အဆက်အသွယ်ရှိတဲ့လူ ဖြစ်ပါတယ်။

အီရတ်လူမျိုးဟာ ပူပေါင်းလှုပ်ရှားတဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဖေါက်ခွဲရေးပစ္စည်းတွေနဲ့ လုပ်ကြံဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ထောင် ၁၀ နှစ် ကျသွားပါတယ်။

နောက်တစ်ခုကတော့ ၂၀၀၂ ခုနှစ်မှာဖြစ်ခဲ့တာပါ။ နိုဝင်ဘာလထဲမှာ ပူတင်ဟာ ကရင်မလင်နန်းတော် အနီးကနေ မော်တော်ယာဉ်နဲ့ သွားဖို့ စီစဉ်ထားပါတယ်။

အမည်မသိ အဖွဲ့တဖွဲ့က လမ်းဆိုင်းဘုတ် ပြင်နေကြပါတယ်။ ပေါင် ၉၀ လောက်ရှိတဲ့ ဖေါက်ခွဲရေးပစ္စည်းတွေကို တပ်ဆင်နေကြတာပါ။ စနက်တံတွေက အလျင်အမြန် ကွဲသွားပါတယ်။

ပူတင်က တခြားလမ်းကသွားတာဖြစ်လို့ မထိခိုက်ခဲ့ပါဘူး။ ကရင်မလင် တာဝန်ရှိသူတွေကတော့ ဒါကို မတော်တဆမှုတစ်ခုလို့ ပြောခဲ့ပါတယ်။

နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုဟာ တစ်လအကြာမှာ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်ဟာ နန်းတော်ဝင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။

သူက လုံခြုံရေးတွေကို ခုလိုအော်ပြောပါတယ်။ ” ငါ့နာမည်က Ivan Zaitsev ကွ။ ငါက ရုရှားသမ္မတပဲ။ အခုချက်ခြင်း ပူတင့်ဆီ ခေါ်သွားပေးကြစမ်း။ ”

သူဟာ စိတ်ချို့ယွင်းနေသူတစ်ဦးလို့ ကြေငြာခံရပြီး စိတ်ကျန်းမာရေးဆေရုံကို အပို့ခံလိုက်ရပါတယ်။ သူက ပူတင်ဟာ အသွင်ယူထားတဲ့ သူလျှိုတစ်ယောက် ဖြစ်ပါတယ်တဲ့။ ငါ သူ့ခေါင်းကို ဖြတ်ပစ်ရမယ်လို့ သူရဲ့ဒိုင်ယာရီမှာရေးထားတာ တွေ့ကြရပါတယ်။

၂၀၀၃ ခုနှစ်မှာလဲ တစ်ခါဖြစ်ခဲ့ပါသေးတယ်။ ပူတင့်ကို လုပ်ကြံမယ့်သူများဟာ လန်ဒန်မှာ ရှိနေခဲ့ကြပါတယ်။ ဗြိတိသျှရဲတွေက ပူပင်ခဲ့ကြလို့ မသင်္ကာသူ ကျား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

သူတို့က ပူတင်ကို ပစ်ခတ်လုပ်ကြံမယ်လို့ ယူဆရပါတယ်။ တစ်ယောက်ဟာဆိုရင် ရုရှားအထူတပ်ဖွဲ့ လူဟောင်းတစ်ယောက် ဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ကြရပါတယ်။

သူက အတွင်းလူတွေဆီကနေ ပူတင်ရဲ့ ခရီးစဉ်တွေကို သိခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့အမည်က Alexander Litvinenko ဖြစ်ပါတယ်။

Alexander Litvinenko

သူက FSB အေးဂျင့်ဟောင်းတဦးဖြစ်ပါတယ်။ သူ့ကို နောက် ၃ နှစ်အကြာမှာ ပူတင်က သေဒါဏ်ပေးခဲ့ပါတယ်။

နောက်တစ်ခုကလည်း လန်ဒန်မှာပဲ ဖြစ်ခဲ့တာပါ။ အဒမ် အိုစမာရိဗ် (Adam Osmayev) ဆိုသူဟာ လန်ဒန်မှာ ကျောင်းတက်နေပါတယ်။ဘက်ကင်ဟန်မှာပါ။

သူဟာ စာမေးပွဲ မအောင်လို့ ကျောင်းထွက်ခဲ့ရပါတယ်။ သူနဲ့ ချေချင်ညှာက အဖွဲ့သားတွေဟာ ၂၀၁၃ ခုနှစ်မှာ ပူတင်ကို လုပ်ကြံဖို့ အစီအစဉ် ဆွဲခဲ့ကြပါတယ်။ သူတို့ဟာ သူတို့နေတဲ့အိမ်မှာပဲ မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

အိုစမာရဲ့အဖေါ်တစ်ယောက် သေသွားပါတယ်။ ရဲက စစ်ဆေးတဲ့အခါမှာတော့ မြေပုံတွေ၊ ခဲယမ်းတွေ တွေ့ရှိခဲ့ပါတယ်။ အိုစမာဟာ အဖမ်းခံရပြီး ဝန်ခံခဲ့ပါတယ်။

Adam Osmayev

ကျုပ်တို့ရည်ရွယ်ချက်က မော်စကိုအထိသွားပြီး ပူတင့်ကို သုတ်သင်ဖို့ဗျ။ ပါတဲ့ခများ။ သူ့ကို ၂၀၁၄ ခုနှစ်မှာလွှတ်ပေးခဲ့ပါတယ်။

အခုဆို သူက ယူကရိန်းဖက်ကနေ စစ် မြေပြင်မှာ ဝင်တိုက်ပေးနေပါပြီတဲ့။ဒွန်ဘတ်စ် ရှေ့တန်းစခန်းမှာ ဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *