နန်းတွင်းခေတ်မှာ ကစားခဲ့ကြတဲ့ ဗမာ့ရိုးရာကစားနည်းများ
ဟိုးလွန်ခဲ့ နှစ်ပေါင်းများစွာထဲက မြန်လူမျိုးတွေ တစိုက်မတ်မတ် ကစားလာခဲ့ကြတဲ့ အချို့သော ရိုးရာကစားနည်းတွေကို ယနေ့ချိန်ထိတိုင် မြင်တွေ့ရဆဲဖြစ်ပါတယ်။
အဆိုပါ ကစားနည်းတွေထဲမှာ လက်ဝှေ့၊ ကြက်တိုက်၊ ခြင်းလုံး အစရှိတာတွေကိုတော့ ယနေ့ချိန်ထိတိုင် တွေ့မြင်နေရဆဲဖြစ်ပါတယ်။
နန်းတွင်းခေတ်မှာ ပျော်ပျော်ပါးပါး ကစားခဲ့ကြတဲ့ ဗမာ့ရိုးရာကစားနည်းတွေ အကြောင်းကိုလည်း ဗဟုသုတရဖွယ်ရာ ဖော်ပြပေးသွားချင်ပါတယ်။
၁။ ခြင်းလုံး
မြန်မာနိုင်ငံရဲ့ ရိုးရာ အားကစားနည်းတွေထဲက တစ်ခုအဖြစ် ခြွင်းချက်မရှိတဲ့ ခြင်းလုံးဟာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ ကစားနည်းဆိုလည်း မမှားပါဘူး။
ချောချောမွေ့မွေ့ဖြတ်တောက်ထားတဲ့ ကြံ သို့မဟုတ် ကြိမ် ကြိုးခြောက်ချောင်းဖြင့် ပြုလုပ်ထားတဲ့ ဘောလုံးနဲ့ကစားရတဲ့ ကစားနည်းပါ။
ဂိမ်းရဲ့ ရည်ရွယ်ချက်ကတော့ ခြင်းလုံးကို ထိန်းထားနိုင်ဖို့ ကြိုးစားရတာပါ။ခြင်းလုံးကို ခြေထောက်နဲ့ တတ်နိုင်သမျှ လေထဲမှာ ရှိနေပြီး မြေပေါ်သို့ မကျသွားစေရန် ခြေဖမိုး၊ ခြေဖဝါး၊ ခြေဖနောင့်၊ ဒူး၊ ရင်ဘတ်၊ ခေါင်းတို့နဲ့ ထိနိုင်သော်လည်း လက်နဲ့တော့ မထိရပါဘူး။
နန်းတွင်းခေတ်မှာတော့ ဆိုင်းသံ၊ ဗုံသံတွေနဲ့ ဝန်းရံရင်း အကအခုန်တို့နဲ့ စည်ကားသိုက်မြိုက်စွာ ခြင်းခတ်လေ့ရှိကြပြီး ခါးတောင်းကျိုက်ထားတဲ့ အမျိုးသားကောင်း ၄ ယောက်ကနေ ၆ ယောက်ကြား ကစားလေ့ရှိပါတယ်။
ယနေ့ချိန်ထိတိုင် အိမ်တွင်း၊ အပြင်ဘက်၊ ရာသီတိုင်းနဲ့ အသက်အရွယ်အလိုက် ကစားနေကြဆဲဖြစ်တဲ့ ခြင်းလုံးဟ ခြေဗလာဖြင့်လည်း ကစားနိုင်ပါတယ်။
မြန်မာလူမျိုးတို့က ဒီရိုးရာကစားနည်းကို ခြေထောက်ကြွက်သားများ လေ့ကျင့်ရန်၊ ကြံ့ခိုင်မှုတည်ဆောက်ရန်နဲ့ ခန္ဓာကိုယ်ပျော့ပျောင်းစေရန်အတွက် ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။
၂။ ပိုလို
အခြားကစားနည်းတွေမှာတော့ ပိုလို၊ လှံပစ်ခြင်း၊ မြင်းပြိုင်ပွဲနဲ့ ကြက်တိုက်ခြင်းတို့ ပါဝင်ကြပါတယ်။
သမိုင်းကြောင်းအရ မြန်မာတော်ဝင်များက ပိုလိုကစားနည်းကို အလွန်နှစ်သက်ကြတာကို သိရမှာပါ။
ကွင်းပြင်ကျယ်အတွင်း မြင်းကျောပေါ်မှ စစ်သူရဲ ၉ ဦးမှ ၁၀ ဦးအကြား စုပေါင်းပြီး ပိုလိုကစားလေ့ရှိကြပါတယ်။
မြန်မာ့သမိုင်း အရင်းအမြစ်များ အဆိုအရ ဒီဂိမ်းကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူရမြို့မှ မြန်မာပြည်သို့ ယူဆောင်လာခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပိုလိုကတော့ မြင်းစီးကစားသမားတွေကို နှစ်ဖက် အသင်းတွေဟာ နှစ်ဖက်အသင်းခွဲပြီး ဂိုးတိုင်ကနေတစ်ဆင့် ဘောလုံးကို ဂိုးပေါက်ထဲကို တုတ်နဲ့ ဝင်အောင်ထည့်သွင်းရတဲ့ ကစားနည်းပါ။
၃။ ကြက်တိုက်
အားကောင်းမောင်သန် ကြက်ကြီးနှစ်ကောင်ကို အချင်းချင်း တိုက်ခိုက်စေပြီး လူအများက လောင်းကစား လုပ်ကြတာမျိုးပါ။
ကြက်တိုက်ခြင်းက ရှေးယခင်ကတည်း ရွာသူရွာသားများ အနှစ်သက်ဆုံးကစားနည်းဖြစ်ပြီး ဘာသာရေးအရ ရှုတ်ချခြင်းခံရပေမဲ့ ယနေ့ထိတိုင် မြင်တွေ့နေရတဲ့ ကစားနည်းတစ်ခုပါပဲ။
၄။ လက်ဝှေ့
မြန်မာ့ရိုးရာ လက်ဝှေ့မှာတော့ လက်ဝှေ့သမားနှစ်ယောက်ရှိပြီး ခြေထောက်များကို လွယ်ကူစွာ ရွေ့လျားနိုင်ရန်အတွက် ခါးတောင်ကျိုက်ကြလေ့ ရှိပါတယ်။
အပေါ်ပိုင်း အဝတ်ဗလာနဲ့အတူ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများမှာတော့ လက်အိတ်မ၀တ်ရပါဘူး။
အဲဒီအစား လေထဲကို ခုန်ပျံပြီး ခြေဗလာနဲ့ အပြန်အလှန် ကန်ခြင်းတို့ တည်ရှိပါတယ်။
လက်ဝဲဘက်မှာတော့ တော်ဝင်လက်ဝှေ့ပွဲအား ကြည့်ရှုကြပြီး လက်ယာဘက်မှာတော့ ဂီတပညာရှင်များက တီးမှုတ်ခြင်းတို့နဲ့ ဖျော်ဖြေကြပါတယ်။
၅။ မြင်းစီး
ပြိုင်ပွဲဝင်တို့ဟာ မင်းသားများ၊ မှူးမတ်များ၊ အရာရှိကြီးများ၊ စစ်သည်များဖြစ်ကြပြီး မြင်းစီးရင်း လှံများကို အမြင့် ၁၅ မှ ၅၀ မှ အတောင် ၁၀၀ အထိ မြင့်သော တိုင်များပေါ်တွင် တင်ထားသော ပစ်မှတ်များကို ပစ်ပေါက်ကြတာမျိုးပါ။
ဘုရင်စနစ်အောက်မှာ ဘုရင်များက မြင်းစီးခြင်းအတွက် အကောင်းဆုံးစစ်သည်များကို ရွေးချယ်ရန်အတွက် အခုလိုမျိုး မြင်းစီးပြိုင်ပွဲများကို ကျင်းပခဲ့ပါတယ်။
Knight News Team
Knight News © 2022