ကမ္ဘာ့အရှားပါးဆုံး ဝက်ဝံမျိုးနွယ်ဖြစ်တဲ့ ပန်ဒါလေးတွေအကြောင်း

ကမ္ဘာ့အရှားပါးဆုံး ဝက်ဝံမျိုးနွယ်ဖြစ်တဲ့ ပန်ဒါလေးတွေအကြောင်း

ပန်ဒါလေးတွေကိုတော့ လူတိုင်းလည်း ချစ်ခင်ကြမယ် ထင်ပါတယ်။ စိတ်မကောင်းစရာအနေနဲ့ ပန်ဒါမျိုးစိတ်ဟာ မကြာမီအချိန်အတွင်းမှာ မျိုးသုဥ်းပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့ကြောင့် သတိတကြီးနဲ့ ထိန်းသိမ်းလုပ်ဆောင်နေရတဲ့ တိရစ္တာန်လေးတွေလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မိုးများတဲ့ တောင်တန်းတွေကြားက ထူထပ်သော ဝါးတောများပေါ်မှာတော့ ကမ္ဘာ့အရှားပါးဆုံး နို့တိုက်သတ္တဝါများထဲမှ တစ်ခုဖြစ်တဲ့ ပန်ဒါလေးတွေ ကျက်စားနေထိုင်ကြပါတယ်။

ပန်ဒါတွေဟာ ဝက်ဝံမျိုးနွယ်ဝင်တွေပါ။ အဖြူအမည်း ဝက်ဝံတွေဟာ တစ်ကမ္ဘာလုံး စုစုပေါင်း အကောင်ရေ ၁,၅၀၀ ခန့်သာ လက်ရှိမှာ ကျန်ရှိတော့တာကြောင့် မျိုးသုဥ်းခါနီး အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ တိရစ္ဆာန်လေးတွေပါ။

ပန်ဒါတွေက ဝါးနဲ့ အရွက်မှလွဲလို့ ကျန်တာ ဘာမှသိပ်မစားပါဘူး။ ရံဖန်ရံခါမှာတော့ သူတို့ဟာ အခြားအသီးအရွက်များ၊ ငါးများ၊ သို့မဟုတ် နို့တိုက်သတ္တဝါငယ်တွေကို စားကြပေမဲ့လည်း ဝါးဟာ သူတို့ရဲ့ အစားအစာတွေထဲမှာ ၉၉ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ပန်ဒါများတွေဟာ မြန်မြန်နဲ့ များများစားကြပြီး တစ်နေ့တာရဲ့ ၁၂ နာရီခန့်ကို အချိန်ကုန်ဆုံးကြပါတယ်။ ဒီလိုမျိုး စားနေလို့လည်း သူတို့စားတဲ့ ပမာဏရဲ့ ငါးပုံတစ်ပုံလောက်ပဲ အစာချေနိုင်ကြတယ်။

ယေဘုယျအားဖြင့် ဝါးယာ အာဟာရအလွန်မရှိတဲ့ အစားအစာပါ။ ပန်ဒါတစ်ကောင် ကျန်းမာစွာ နေထိုင်ရန်အတွက် ၁၂ နာရီအတွင်း သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းအထိ အများအပြား စားရမှာဖြစ်တာကြောင့် သူတို့ အစာစားတာဟာ မြန်နေတာပါ။

ပန်ဒါတွေရဲ့ အံသွားများဟာ အလွန်ကျယ်ပြီး ပြားပါတယ်။ သွားများရဲ့ ပုံသဏ္ဍာန်ဟာ သူတို့စားနေတဲ့ ဝါးများ၊ အရွက်များနဲ့ ပင်စည်များကို ချေမှုန်းရန်အတွက် ကူညီပေးနိုင်သလို အထူတစ်လက်မခွဲအထိ ဝါးချောင်းကိုလည်း ကိုက်ဖြတ်နိုင်ကြပါတယ်။

ဝါးကို ပါးစပ်ထဲရောက်အောင် ဆုပ်ကိုင်ထားရန်အတွက်လည်း လက်မကဲ့သို့ လုပ်ဆောင်နိုင်တဲ့ လက်ကောက်ဝတ်အရိုးများကို ကျယ်စေတဲ့ ရှေ့လက်ယက်တွေနဲ့ ဝါတွေကို ကိုင်ထားနိုင်ကြပါတယ်။

ပန်ဒါတစ်ကောင်အတွက် အနည်းဆုံး ဝါးမျိုးစိတ် နှစ်ခုရှိသင့်ပါတယ်။ မဟုတ်ပါက ပန်ဒါတို့လို အစာစားပုံကြောင့် အစာငတ်လာမှာပါ။

ဝါး ရှားပါးလာမှုကလည်း မျိုးသုဥ်းခါနီးဖြစ်နေတဲ့ ပန်ဒါဝက်ဝံတွေကို ခြိမ်းခြောက်နေပါတယ်။

အရွယ်ရောက်ပြီးသော ပန်ဒါဝက်ဝံတစ်ကောင်ဟာ အလေးချိန် ပျမ်းမျှ ပေါင် ၂၀၀ ဝန်းကျင်နဲ့ ၅ ပေ ခန့် မြင့်မားပါတယ်။

ပန်ဒါများဟာ အမြင့်ပေ ၁၃,၀၀၀ အထိ တက်နိုင်ပြီး အလွန်ကောင်းမွန်တဲ့ ရေကူးသမားများလည်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာတော့ ပန်ဒါအထီးလေးတွေက သစ်ပင်များကို ဆန့်တန်းကာ အပန်းဖြေကြပါတယ်။

ပန်ဒါတို့ရဲ့ ထူးခြားတဲ့ အချက်တွေကတော့ အထက်မှာ ဖော်ပြခဲ့သလိုပဲ သူတို့တစ်နေတာရဲ့ ၅၀ ရာခိုင်နှုန်းကို အစာစားခြင်းဖြင့် ကုန်ဆုံးကြပါတယ်။

ပန်ဒါလေးတွေက ရှက်တတ်လွန်းတဲ့ အကောင်လေးတွေပါ။ လူတွေနေထိုင်တဲ့ နေရာတွေကို သူတို့ မနှစ်သက်ကြပါဘူး။

ဒါကြောင့် ပန်ဒါတွေကို အလွန်အကန့်အသတ်ရှိသော နေရာတွေမှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။

ပန်ဒါလေးတွေဟာ သူတို့ရဲ့ မျက်လုံးတွေကို မှိတ်ထားလျက် မွေးဖွားလာကြတာဖြစ်ပြီး မွေးပြီး ရှစ်ပတ်လောက် အကြာအထိ သူတို့ မျက်လုံးတွေကို အပြည့်အ၀ မဖွင့်နိုင်ကြပါဘူး။

မွေးကင်းစ ပန်ဒါလေးတွေဟာ မွေးစချိန်မှာ အလွန်သေးငယ်ကြပေမဲ့လည်း မိခင်နို့ကို တစ်နေ့ ၁၄ ကြိမ်အထိ စို့ခြင်းအားဖြင့် ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာကြပါတယ်။

ပန်ဒါတွေကို အတွေ့ရအများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး ထူးထပ်တဲ့ ဝါးတောတွေ၊ ထိန်းသိမ်းရေး စင်တာတွေ၊ အကန့်အသတ်ရှိတဲ့ နယ်မြေတွေမှာသာ သူတို့က ကျင်လည်ကျက်စားကြပါတယ်။

သူတို့တွေရဲ့ ပျမ်းမျှသက်တမ်းဟာ အနှစ် ၂၀ ခန့်ရှိပေမဲ့ သူတို့အစားအစာဖြစ်တဲ့ ဝါးတွေ ရှားပါးလာချိန်မှာတော့ မျိုးသုဥ်းမယ့်အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါပြီ။

စိတ်မကောင်းစွာနဲ့ပဲ သုတေသီတို့ရဲ့ ခန့်မှန်းချက်အရ လာမယ့်နှစ်ပေါင်း ၇၀ အတွင်းမှာ ပန်ဒါမျိုးနွယ်တို့ လုံးဝ ကွယ်ပျောက်သွားနိုင်တယ်လို့ သိရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *