ဂျပန်နိုင်ငံရဲ့ သဘာဝအနီရောင် ပန်းချီကားတစ်ချပ် (သို့) ကိုချီဟာ
နှစ်စဉ်နှစ်တိုင်း ဂျပန်ကို လာရောက်လည်ပတ်ကြသူတွေဟာ တောင်ပြောင်ထူးခြားမှုတွေနဲ့ အနီရောင် ပြောင်းလဲသွားခဲ့တဲ့ မီယာဟာရှီ တောင်ကုန်းရဲ့ အိပ်မက်ဆန်သော အလှတရားကို လာရောက်ရှုစားလေ့ရှိပါတယ်။
ဒီဒေသဟာ သူ့ရဲ့ အနီရောင် လွှမ်းခြုံတွေကြောင့် “မီးလောင်နေသော ချုံပုတ်များ” လို့ နာမည်ပြောင်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒီအနီရောင်တွေကို ခြယ်မှုန်းပေးခဲ့ကြတဲ့ ချစ်စရာ သိုးမွေးပန်းလေးတွေဖြစ်တဲ့ ကိုချီပင်လေးတွေဟာ သူ့အလှတရားရဲ့ သင်္ကေတ ဖြစ်ပါတယ်။
သိုးမွေးပန်း (pom-pom) ဆိုတာကတော့ သာမာန် ဆောင်းဦးရွက်တွေနဲ့ အနည်းငယ် ကွဲပြားတဲ့ ပန်းတစ်မျိုးပါ။ ဒီပန်းလေးတွေက ပြီးပြည့်စုံတဲ့ သဘာဝ ပန်းချီကားတစ်ချက်အတွက် စုတ်တံ ဖြစ်လာခဲ့ပါတယ်။
ကြီးမားလှတဲ့ ၃၅၀ ဟက်တာရှိ ကွင်းပြင်ဟာ Ibaraki ကျွန်းးစု၊ Hitachi Seaside Park က ကိုချီယာ တောင်ကုန်းရဲ့ အံ့မခန်းရှုခင်းကို ဖန်တီးနေတဲ့ Kochia ပန်းပင်ပေါင်း ၃၂,၀၀၀ ကျော်က လွှမ်းခြုံထားပါတယ်။
“နွေရာသီ ထင်းရူး” လို့လည်း လူသိများကြတဲ့ အချင်းချင်း ယိမ်းနွဲ့ ပွတ်တိုက်နေသော Kochia အပင်ငယ်လေးတွေဟာ တစ်နှစ်ပတ်လုံး ကြည့်ရှုရန်အတွက် များများစားစား မရှိသော်လည်း စိုစွတ်ရာသီရဲ့ အဆုံးမှာတော့ နိုးထလာခဲ့ကြပါတယ်။
သူတိူ့ရဲ့ ထူးထူးခြားခြား တောက်ပသော အနီရောင်ကို အသုံးပြုကာ “မီးလောင်နေသော ချုံပုတ်များ” လို့ အမည်တွင်တဲ့အထိ ကိုချီဟာပန်းတွေ (နွေရာသီထင်းရူး) က အစွမ်းကုန် ပွင့်လန်းလာကြပါတော့တယ်။
ဒီသိုးမွေးပန်းလေးတွေ ကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ အရောင်ဟာ နွေရာသီက စိမ်းလန်းတဲ့ အစိမ်းမှ စိမ်းပြာရောင်သို့ ပြောင်းသွားပြီး နောက်ဆုံး အောက်တိုဘာလမှာတော့ တောက်ပ နီမြန်းတဲ့ အရောင်ဘက်သို့ ပြောင်းလဲသွားခဲ့ပါတယ်။
ဂျပန်ဘာသာအရ kochia ကို ‘hokigusa’ လို့ ခေါ်ပြီး အခြောက်ခံပြီးနောက် တံမြက်စည်းပြုလုပ်တဲ့ အပင်လို့ အဓိပ္ပာယ်ရပါတယ်။
ဒီပန်းတွေကို မြင်တွေ့ရာ Hitachi Seaside Park ပန်းခြံဟာ Kanto ဒေသရဲ့ အရှေ့မြောက်ဘက်၊ Ibaraki ကျွန်းစုမှာ တည်ရှိပါတယ်။
ပန်းခြံဟာ နွေဦးရာသီမှာ Nemophila (မျက်လုံးအပြာရောင်) နဲ့ ဆောင်းဦးမှာ Kochia (နွေရာသီ ထင်းရူးပင် သို့မဟုတ် မီးလောင်နေသော ချုံပုတ်များ) တို့အတွက် ကမ္ဘာအနှံ့ ကျော်ကြားပါတယ်။
ဇွန်လရောက်ရင်တော့ Miharashi Hill က ကိုချီယာပင်ပေါင်း ၃၂,၀၀၀ က သူတို့ရဲ့ အရွယ်အစားဟာ ၁၅ စင်တီမီတာမှ ၇၀ မှ ၈၀ စင်တီမီတာအထိ ကြီးထွားလာကြပါတော့တယ်။
ဇူလိုင်လမှ အောက်တိုဘာလအထိ သူတို့ရဲ့အရောင်ဟာ အစိမ်းမှ အနီသို့ တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။
နွေရာသီ နေ့အများစုမှာတော့ ကိုချီဟာတို့ကို စိမ်းလန်းသော အရောင်ဖြင့် ခံစားနိုင်ပြီး ဆောင်းဦးမှာတော့ လှပစွာ လောင်ကျွမ်းနေတဲ့ ချုံပုတ်အသွင် ပြောင်းလဲလာပါတယ်။
ကိုချီဟာပန်းတွေ အနီရောင်ဖြစ်နေတာကို မြင်ချင်ရင်တော့ အောက်တိုဘာလမှာ အဲဒီနေရာကို သွားကြည့်ဖို့ အကြံပြုလိုပြီး ဆောင်းဦးကာလ စက်တင်ဘာလလယ်မှ အောက်တိုဘာ လလယ်အထိ တစ်လခန့် နှစ်စဉ်ပန်းခြံမှာ ကိုချီဟာ ပွဲတော်တစ်ခုစီကို ကျင်းပလေ့ရှိပါတယ်။
ဒါကြောင့် မီယာဟာရှီတောင်ကုန်းက ဒီပန်းခြံလေးယာ ပန်းခင်းတွေ ပတ်လည်၊ ချစ်စရာ ရောင်စုံပန်းပင်တွေနဲ့ ဝန်းရံလို့နေတာကြောင့်လည်း လမ်းလျှောက်ရတာဟာ ပျော်စရာကောင်းလာပါလိမ့်မယ်။
Knight News Team
Knight News © 2022