Bunker Burster ဘန်ကာဖျက်ဗုံး

Bunker Burster ဘန်ကာဖျက်ဗုံး

ဒီတစ်ခါတော့ မယုံနိုင်အောင်အစွမ်းထက်လှတဲ့ Bunker Burster ခေါ် ဘန်ကာဖျက်ဗုံးအကြောင်း ဖေါ်ပြလိုက်ပါတယ်။

သူဟာ ထူထဲတဲ့ နံရံတွေကို ထွင်းဖေါက်ဝင်ရောက်ပြီးမှ အတွင်းမှာပေါက်ကွဲတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ပစ်မှတ်အမျိုးမျိုးကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။ စစ်ပွဲတွေမှာ သူတို့ရဲ့တိကျတဲ့ စွမ်းရည်နဲ့ ပစ်မှတ်တွေကို ပစ်ခတ်ဖျက်ဆီးပြတာ မြင်ဖူးကြပါလိမ့်မယ်။

ဒီဒုံးအများစုရဲ့ အားနည်းချက်တစ်ခုကတော့ ထူထဲတဲ့နံရံတွေ ကာထားတဲ့ပစ်မှတ်ကို ဖျက်ဆီရာမှာ အားနည်းနေသေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဥပမာ အားဖြည့် ကွန်ကရစ်နဲ့ဆောက်ထားတဲ့ ဘန်ကာတွေ၊ မြေအောက်လှိုင်ခေါင်းတွေ ဖြစ်ပါတယ်။ ဒီအချက်ကိုကျော်လွှားဖို့ ယူအက်စ်နဲ့ရုရှားတို့ဟာ Bunker Burster ဗုံးတွေကို တီထွင်လာကြပါတယ်။

ထင်ရှားတဲ့ ‌ဗုံးအမျိုးအစားတစ်ခုကတော့ GBU -28 ဖြစ်ပါတယ်။ သူ့ကို Desert Storm ကန္တာရမုန်တိုင်း စစ်ဆင်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပါတယ်။

စစ်ရေးကျွမ်းကျင်သူ ပညာရှင်တွေက ဒီ ကန္တာရမုန်တိုင်း စစ်ဆင်ရေးအောင်မြင်ခဲ့တာဟာ ဒီဗုံးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Bunker Burster ဗုံးကို အထူပုံစံထုတ် တည်ဆောက်ထားပါတယ်။ မပေါက်ကွဲခင်မှာ မြေအောက်ကို ထွင်းဖေါက်ဝင်ရောက်ပြီး အထဲကြမှပေါက်ကွဲတာဖြစ်လို့ ကြောက်စရာကောင်းပါတယ်။

မြေသားဆို ပေ ၁၀၀ လောက်ဖေါက်ထွင်းနိုင်ပြီး ကွန်ကရစ်ထုဆို ပေ ၂၀ အထိ ဖေါက်နိုင်ပါတယ်။

ခုလိုအစွမ်းကိုရဖို့ ဗုံးတည်ဆောက်ပုံက အခြေခံ ရူပဗေဒသဘောတရားနဲ့ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။

သေးသွယ်ရှည်လျားတဲ့ပုံစံက နောက်ဆွဲအား drag ကို လျော့နည်းစေပါတယ်။ အပြင်ကိုယ်ထည်ကို သံမဏိ အခွံနဲ့ ပြုလုပ်ထားလို့ ကျဆင်းတဲ့အခါ High Momentum ပြင်းထန်တဲ့အဟုန်ကို ရရှိစေပါတယ်။

GBU-57

ပစ်မှတ်နဲ့ထိတွေ့တဲ့အခါ High impact ပြင်းထန်တဲ့ ထိတွေမှုနဲ့ နံရံတွေကို ဖေါက်ထွင်း ပါလိမ့်မယ်။

ပေါက်ကွဲမှု နောက်ကျစေဖို့ Delay Fuze ထည့်သွင်း ထားပါတယ်။ တချို့က Hard Target Smart Fuze ကို သုံးပါတယ်။ ဒါကြောင့်လဲ ပစ်မှတ်ကိုထိထိခြင်း မကွဲဘဲ နောက်မှကွဲတာ ဖြစ်ပါတယ်။ ပစ်မှတ်တိကျစေဖို့ လေဆာလမ်းညွှန်စနစ် ပါဝင်ပါသေးတယ်။

အခြားထင်ရှားတဲ့ ဗုံးတွေကတော့ GBU-57 နဲ့ KAB-1500L-Pr တို့ဖြစ်ကြပါတယ်။ ဒါတွေကို ရုရှားနဲ့ အမေရိကန်တို့ အပြိုင်အဆိုင် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

KAB-1500L

Bunker Burster ဗုံးတွေကတော့ ကမ္ဘာတလွှားက အကြမ်းဖက်သမား တော်တော်များများကို မြေလျှိုးနေတာတောင် မရရအောင် သုတ်သင်ခဲ့ကြပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Night News © 2022

Leave a Reply

Your email address will not be published. Required fields are marked *