UFO ပေါ် ခေါ်သွားခံရအပြီး ဂြိုဟ်သားလေးကို သဘောကျမိခဲ့တယ်ဆိုတဲ့ မင်းသမီး
ကမ္ဘာပေါ်ရှိ အမျိုးသားများကို စိတ်နာနေပုံရတဲ့ လန်ဒန် အမျိုးသမီးတစ်ယောက်က သူမဟာ ဂြိုဟ်သားတွေနဲ့လည်း ချစ်ကြိုးသွယ်လို့ရကြောင်း ပြောကြားခဲ့ပါတယ်။
ဒီသတင်းက အတော်လေးကို အူကြောင်ကြောင်နိုင်ပြီး ယုတ္တိမရှိပေမဲ့ အမျိုးသမီးဖြစ်သူက လန်ဒန်ရဲ့ မင်းသမီးတစ်ဦး ဖြစ်တာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းက မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြခံခဲ့ရပါတယ်။
သူမရဲ့ လက်တွဲဖော်ကို ရှာဖွေဖို့အတွက် လန်ဒန် မင်းသမီး အဘီး ဘယ်လ်လာ (Abbie Bela) က ကောင်းကင်ကို မျှော်ကြည့်နေပါတယ်။
တစ်နေ့မှာတော့ ဂြိုဟ်သားတစ်ယောက်ရဲ့ UFO (ပန်းကန်ပြားပျံ) ထဲကို ဘယ်လိုမှန်းမသိ ရောက်နေခဲ့တယ်လို့ သူမက ဆိုပါတယ်။
ဒီလိုဖြစ်ရပ်တွေ မဖြစ်ပွားမီက သူမဟာ ဂြိုလ်သားတစ်ဦးကို ပြန်ပေးဆွဲစေလိုကြောင်း အွန်လိုင်းပေါ်က အရွှန်း ဖောက်ခဲ့ဖူးပါတယ်။
သိပ်မကြာခင်မှာပဲ သူမဟာ “အဖြူရောင်အလင်းတန်း”ကို ထူးဆန်းစွာ အိပ်မက်မက်ခဲ့သလို အဲဒီနောက် မေလ ၃၁ ရက်နေ့မှာတော့ Bela က သူမရဲ့ အိပ်မက်ထဲမှာ အသံတစ်ခု ကြားလိုက်တယ်လို့ ဆိုပါတယ်။
အိပ်မက်ထဲမှာတော့ “ဒီနေရာမှာ စောင့်နေပါ” ဆိုပြီး ဂြိုဟ်သားတစ်ယောက်က သူမကို အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်နေ့ညနေမှာ အဆိုပါ အမျိုးသမီးဟာ ဖွင့်ထားတဲ့ ပြတင်းပေါက်ဘေးမှာ ထိုင်နေခဲ့ပြီး သူမအိပ်ပျော်သွားပြီး ညနက်ချိန်အရောက်မှာတော့ UFO ရဲ့ အောက်ဘက်ကို ရောက်နေခဲ့တယ်လို့ သိရပါတယ်။
ဘယ်လ်လာက သူမ အသိစိတ်ဝင်ထားတော့ အိပ်ခန်းထဲမှာ မရှိတော့ဘဲ UFO ဆီကို ပို့ဆောင်ပေးတဲ့ တောက်ပတဲ့ အစိမ်းရောင်အလင်းတန်းတစ်ခု ရှိနေပြီး ဂြိုဟ်သားတစ်ယောက်က ပွေ့ချီထားတယ်လို့ ဆိုခဲ့ပါတယ်။
ထိုသို့သော အလှည့်အပြောင်းမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံရချိန်မှာတော့ အများစုမှာ ထိတ်လန့်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လ်လာကတော့ အဲဒီလိုမဟုတ်ဘဲ စိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ တစ်သက်လုံး ဘယ်သူမှ မကြုံတွေ့ဖူးတဲ့ ထူးထူးခြားခြား အတွေ့အကြုံမျိုးကို ကြုံဖူးခဲ့တဲ့ သူတွေထဲက တစ်ယောက်ပါလို့လည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့တာပါ။
ဘယ်လိုပဲပြောပြော ဘယ်လ်လာကတော့ ကမ္ဘာပေါ်မှာ လူအနည်းငယ်သာ သွားဖူးခဲ့တဲ့ ပန်းကန်ပြားပျံ (UFO) ဝမ်းဗိုက်ပိုင်းကို ရောက်ရှိခဲ့ပြီး အထဲမှာ ဘယ်လိုမျိုးတွေ ရှိတယ်ဆိုတာ သူကိုယ်တိုင် တွေ့ရှိခဲ့သူပါ။
ဘယ်လ်လာရဲ့ ပြောပြချက်အရ သူမဟာ UFO ထဲမှာ ဂြိုလ်သားငါးယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူတို့ဟာ အရပ်ရှည်ပြီး သွယ်လျပေမယ့် Bela ကတော့ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို မီဒီယာတွေ ပုံကြမ်းဆွဲရလွယ်အောင် မဖန်တီးနိုင်ခဲ့ပါဘူး။
Bela က သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘဲ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို မြင်ဖို့ အဆင်သင့်မဖြစ်သေးခဲ့ဘူးလို့ အံ့အားသင့်ပြီး မှင်သက်နေခဲ့ရပုံကိုလည်း ဖော်ပြသွားခဲ့ပါတယ်။ ”
သူမရဲ့ ဖော်ပြချက်အရ ဂြိုဟ်သားတစ်ကောင်ရဲ့ အသွင်ဟာ အစိမ်းရောင် အနည်းငယ်ရှိပြီး မျက်ခုံးမွှေးလိုမျိုး လူသားအသွင်အပြင်နဲ့ အနက်ရောင် မျက်လုံးကြီးတွေကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
Caters News အတွက် သူမ ရေးဆွဲထားသော ပုံကြမ်းအရ ဂြိုလ်သားတွေဟာ မျက်နှာဝိုင်းဝိုင်းနဲ့ မြွေလိုမျိုး အကြည့်မျိုးတွေကို ပိုင်ဆိုင်ထားတယ်လို့ သိရပြီး အထူးသဖြင့် သူတို့ရဲ့ မျက်လုံးအရွယ်အစားတွေဟာ အလွန်ကြီးမားပါတယ်တဲ့။
ဒါပေမယ့် Bela ကတော့ မကြောက်ခဲ့တဲ့အပြင် ဂြိုဟ်သားတစ်ကောင်နဲ့ သံယောစဥ်ဖြစ်ခဲ့တယ်လို့တောင် ဆိုခဲ့ပါတယ်။
Bele က “ကျွန်မနဲ့ အဆက်အသွယ်ရှိတဲ့ သူတစ်ယောက်ရှိတယ်”လို့ သူမက ထုတ်ဖော်ပြောပြခဲ့ပြီး “ကျွန်မ သူ့နာမည်ကို မရရှိခဲ့ပေမယ့် ကျွန်မကတော့ ထပ်တူထပ်မျှ ခံစားခဲ့ရတယ်လို့ ယုံကြည်တယ်” လို့ ဆိုသွားခဲ့ပါတယ်။
ဒါပေမဲ့ Bela က ဂြိုဟ်သားတွေအတွက် လူသားနဲ့ ချိန်းတွေ့တာမျိုးကို တားမြစ်ထားကြောင်း ပြောခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ Bela က သူမဟာ ကမ္ဘာမြေကို စွန့်ခွာဖို့ ဂြိုဟ်သားတွေနောက် လိုက်သွားခဲ့ဖို့ မသေချာခဲ့ပါဘူးလို့ ဆိုပါတယ်။
သူတို့နဲ့ လိုက်ဖို့ သဘောတူရမယ်လို့ ဂြိုဟ်သားက ပြောခဲ့ပေမယ့် ကမ္ဘာမြေကို ထာဝရ စွန့်ခွာဖို့ရာ သတ္တိမရှိခဲ့ဘူးလို့ သူမက ဆိုပါတယ်။
ဒါကြောင့် Bela က မိနစ် ၂၀ အကြာမှာ UFO မှ ထွက်ခွာလာခဲ့ရပါတယ်။ ကမ္ဘာမြေကို ပြန်ရောက်သွားချိန်မှာတော့ Bela က ဂြိုလ်သားတွေနဲ့ ကမ္ဘာမြေက လူသားတွေရဲ့ ကွာဟချက်တွေကို ညည်းတွားခဲ့ပါတယ်။
ဂြိုလ်သားတွေဟာ အကြင်နာတရားပြည့်ဝသလို သူမကို ဂရုစိုက် စောင့်ရှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Bela က အချို့သောသူများက လူသားနဲ့ ဂြိုဟ်သားတို့ ဆက်ဆံရေးအတွက် အဓိပ္ပာယ်မရှိဘူးဆိုတဲ့ မှတ်ချက်တွေကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။
Bela ကတော့ ချစ်ခြင်းမေတ္တာဟာ ကန့်သတ်ချက်တွေ မရှိဘူးလို့ဆိုကာ ဂြိုဟ်သားတစ်ယောက်ကိုလည်း ချစ်ခင်မိခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။
သူမရဲ့ ဇာတ်လမ်းကို တော်တော်များများ မျက်ခုံးပင့်ခဲ့ကြပေမယ့် ဂြိုဟ်သားတွေနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ လူသားတွေကတော့ သူမတစ်ယောက်တည်း ရှိလိမ့်မယ် မထင်ပါဘူး။
တကယ်တမ်းမှာလည်း ကပ်ရောဂါကာလအတွင်း UFO များကို မြင်တွေ့မှုတိုးလာပြီး National UFO Center အဆိုအရ ၂၀၂၀ မှာ UFO အစင်းရေ ၁,၀၀၀ ခန့် ခုန်တက်သွားပြီး ပြင်ပမှ ဂြိုဟ်များနဲ့ ထိတွေ့မှုများဟာလည်း ၇,၂၀၀ အထိ တိုးလာခဲ့တယ်လို့ သိခဲ့ရပါတယ်။
Knight News Team
Knight News © 2022