ငွေဒင်္ဂါးများနဲ့ မယုံနိုင်စရာတန်ဖိုး

ငွေဒင်္ဂါးများနဲ့ မယုံနိုင်စရာတန်ဖိုး

တစ်ခါတစ်လေမှာ ကြားရတာ ယုံဖို့ခက်ခဲပေမယ့် အမှန်တွေ ဖြစ်နေတတ်ပါတယ်။ သင့်ဆီက ငွေအကြွေစေ့တွေဟာ သူ့ပေါ်က ရိုက်နှိပ်ထားတဲ့ တန်ဖိုးထက် များနေတတ်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သက်တမ်း၊ စစ်မှန်မှု၊ သွန်းလုပ်စဉ်ကအခြေအနေနဲ့ သမိုင်းနောက်ခံ အကြောင်းအရာတွေကြောင့်ပါပဲ။

ခုတစ်ခါတော့ စာရေးသူ တင်ပြမယ့် စာရင်းကို သေသေချာချာကြည့်ပြီး မိမိ လက်ထဲက ငွေအကြွေစေ့ရဲ့တန်ဖိုးကို အကဲဖြတ်နိုင်ပါလိမ့်မယ်။

ဒီအချက်အလက်‌တွေက ဝဘ်ဆိုဒ်အများစုထဲက စုဆောင်းထားတာ ဖြစ်ပါတယ်။ ကြည့်ရအောင်

၁။ Liberty Head Nickel ( 1913 )

တန်ဖိုးက ဒေါ်လာ ၃.၇ သန်း ဖြစ်ပါတယ်။ အတိအကျဆို လေလံဈေးက ၃,၇၃၇,၅၀၀ ပါတဲ့။ ဈေးကွက်မှာ ၅ ခုလောက်သာ ရှိပါတယ်။

၂။ Bust Dollar -Class1-Dexter-Poque Specimen ( 1804 )

၃.၈ သန်း တန်ပါတယ်။ သူ့မှာ ရှည်လျားတဲ့ သမိုင်ကြောင်း ရှိခဲ့ပါတယ်။ စာလုံးအသေးနဲ့ d အက္ခရာကို တိမ်တစ်ခုအပေါ် တည့်တည့်မှာ ထွင်းထားပါတယ်။

ဒါက အလွန်ကြွယ်ဝမှုကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ပုံထဲက အမည်အပြည့်အစုံကတော့ James V Dexter ဖြစ်ပါတယ်။

ဒီအကြွေစေ့ကို ပြန်တွေ့တာ ၁၈၀၄ ခုနှစ်၊ ဂျာမနီမှာ ဖြစ်ပါတယ်။ ဒီ Class 1 ငွေဒင်္ဂါးကတော့ အနည်းငယ်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ သက်တမ်းက ၁၈၃ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ လေလံပွဲမှာ ဒေါ်လာ ၃,၈၆၅,၇၅၀ ရရှိထားပါတယ်။ Stack’s Bowers Gallaries & Sotherby’s မှ လေလံအောင်ခဲ့ပါတယ်။

၃။ $ 1 million gold Canadian Maple Leaf

တန်ဖိုးက ဒေါ်လာ ၄.၀၂ သန်း ဖြစ်ပါတယ်။ Dorotheum လေလံဌာနက ၂၀၁၀ ခုနှစ်မှာ ရောင်းချခဲ့တဲ့ ဈေးပါ။ဩစတြီးယားက ဗီယင်နာမြို့မှာပါ။

ကမ္ဘာ့ဈေး အကြီးဆုံးဖြစ်ပြီး ကနေဒါက ၂၀၀၇ ခုနှစ်မှာ သွန်းလုပ်ခဲ့ပါတယ်။ ရွှေ ၉၉.၉၉၉ ရာခိုင်နှုန်းဖြစ်ပြီး အလေးချိန် ၁၀၀ ကီလိုဂရမ် အထိရှိတဲ့‌ ရွှေတွေကို ဒင်္ဂါးသွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ဈေးကွက်မှာ အနည်းသာရှိ‌ တော့တယ်လို့ ဆိုပါတယ်။

၄။ Silver Dollar -Class1( The Watter-Child’s Specimen )

တန်ဖိုးဒေါ်လာ ၄.၁ သန်း

၁၉၉၉ ခုနှစ်၊ ဩဂုတ်လမှာ လေလံအောင်ခဲ့ပါတယ်။ King of US Coins လို့ တင်စားကြပါတယ်။ ပိုင်ဆိုင်သူများကတော့ Muscat ရဲ့ ဆူလတန်ဘုရင်တို့၊ Henry Chapman တို့ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ပြန်လည် လေလံတင်တဲ့အခါမှာတော့ ဒေါ်လာ ၁၀,၅၇၅,၀၀၀ အထိ စံချိန်တင် ရရှိခဲ့ပါတယ်။

၅။ Liberty Head Nickel Morton Smith Bliaspberg (1913 )

တန်ဖိုးက ၄.၅ သန်း ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် လေလံမှာ အောင်ပွဲခံပါတယ်။ လက်ရာကောင်းလွန်းတယ်လို့ ဆိုပါတယ်။

မျက်နှာပြင်ဟာ မှန်သားလို ချောမွတ်နေပါတယ်။ ပရိုဖက်ရှင်နယ်အဆင့်သတ်မှတ်ချက်က MS-62 Proof 64 ပါ။တရားဝင်ထုတ်လုပ်မှု မှတ်တမ်းတော့ မရှိဘူးလို့ ဆိုပါတယ်။

၆။ Edward III Flo (တန်ဖိုး ၆.၈ သန်း)

လက်ရှိ ပေါက်ဈေး ၇ သန်းအထိ ရှိနေပါပြီ။ သက်တမ်းက နှစ် ၆၇၀ လောက်ရှိတာကလည်း ဈေးကြီးရခြင်း အချက်တစ်ချက်ပါ။

Tyne မြစ်ထဲက ၂ ခုရှာတွေ့ခဲ့ပါတယ်။ ဗြိတိသျှက ပြတိုက်မှာ ပြသထားပါတယ်။

၇။ Brasher Doubloon
( 1787) (တန်ဖိုး ၇.၄ သန်း)

နာမည်ကျော် ပန်းတိမ်ဆရာ Brasher ရဲ့ ၂၂ ကာရက် ရွှေနဲ့ သွန်းလုပ်ခဲ့တဲ့လက်ရာပါ။ အနည်းငယ်သာ ထုတ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်၊ ဝေါစထရိ ရင်းနှီမြုပ်နှံမှုအဖွဲ့က လေလံအောင်ခဲ့ပါတယ်။

၈။ Saint -Gaudens Double Eagle ( 1907 ) (တန်ဖိုး ၇.၆ သန်း)

ထုတ်လုပ်ဖို့ ခက်ခဲခဲ့လို့ နာမည်ကြီးခဲ့တာပါ။ ရှုပ်ထွေးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ in god we trust စာသားကို မူလက ထည့်ဖို့ရှိပေမယ့် ယူအက်စ် ငွေဒင်္ဂါးသွန်းအဖွဲ့က Charles Barber ဆိုသူက မထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၉။ Double Eagle ( 1933) (တန်ဖိုး ၇.၆ သန်း)

ဒီကွိုင် ပိုင်ဆိုင်မှုကို တရားမဝင်ဘူးလို့ ကြေငြာထားတယ်လို့ သိရပါတယ်။ သင့်မှာရှိနေရင် လျှို့ဝှက်ထားပါ။

စိတ်ချရသူနဲ့သာ ရောင်းချပါလို့ တိုက်တွန်းပါရစေ။ ၂၀၀၂ ခုနှစ်မှာ ဒေါ်လာ ၇,၅၉,၀၂၀ နဲ့ လေလံအောင်ပါတယ်။

၁၀။ Flowing Hair Silver/Copper Dollar (1794/5 ) (တန်ဖိုး ၁၀ သန်း)

ငွေနဲ့ ထုတ်လုပ်တဲ့ ပထမဆုံး ကွိုင်ပါ။ ကမ္ဘာမှာ နံပါတ်တစ် ဈေးအကြီးဆုံး စံချိန်တင်ထားပါတယ်။ နှစ် ၂၀၀ သက်တမ်းရှိပြီ ဖြစ်ပါတယ်။

ဒီစာရင်းလေးကို ကြည့်ပြီး ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ မိမိလက်ထဲက အကြွေစေ့နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့လဲ မမေ့ကြပါနဲ့နော်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *