၅ ဘီလီယံအထိ ကုန်ကျသွားမယ့် ဒူဘိုင်းရဲ့ စိတ်ဝင်စားဖွယ် လကမ္ဘာ ဟိုတယ်စီမံကိန်း

၅ ဘီလီယံအထိ ကုန်ကျသွားမယ့် ဒူဘိုင်းရဲ့ စိတ်ဝင်စားဖွယ် လကမ္ဘာ ဟိုတယ်စီမံကိန်း

ဒူဘိုင်းဟာ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဗိသုကာလက်ရာတွေကြောင့် လူသိများတဲ့ နိုင်ငံတစ်နိုင်ငံပါ။

အခုတစ်ခါမှာလည်း ကမ္ဘာလှည့် ခရီးသွားတွေအတွက် စိတ်လှုပ်ရှားစရာ စီမံကိန်းတစ်ခုကိုလည်း တင်ပြလို့လာခဲ့ပါပြီ။

ဒူဘိုင်းဟာ လကမ္ဘာစီမံကိန်းဆိုပြီး အမည်ပေးထားတဲ့ ပရောဂျက်တစ်ခုနဲ့ ယူအေအီးရဲ့ လူဦးရေအများဆုံးမြို့ကို ပြန်လည်ပုံဖော်ရန် ဟိုတယ်အသစ်တစ်ခုကို ဆောက်လုပ်သွားဖို့ စီစဉ်နေပါပြီ။

ဒီစီမံကိန်းကို ကနေဒါအခြေစိုက် ကုမ္ပဏီက ဒူဘိုင်းအတွက် တာဝန်ယူပေးသွားမှာဖြစ်ပြီး လ အပန်းဖြေစခန်း လေးခုကို ကမ္ဘာ့ပထမဆုံးအဖြစ် ဒူဘိုင်းကို တည်ဆောက်ပေးသွားဖို့ စီစဉ်နေပါတယ်။

စီမံကိန်းအရ အမြင့် ၇၃၅ ပေအထိ ရှိနေတယ့် လပုံစံကြီးဟာ ဇိမ်ခံအပန်းဖြေစခန်းရဲ့ ထိပ်ဆုံးမှာ နေရာယူထားမယ်လို့ မျှော်လင့်ရပြီး ကမ္ဘာ့အဆင့်မီ အပန်းဖြေနိုင်မှုများအပြင် ကမ္ဘာမြေကနေ အာကာသထဲသို့ လည်ပတ်နိုင်မယ့် အထူး အတွေ့အကြုံများ ပါဝင်လာမယ်လို့လည်း သိရပါတယ်။

ဒေါ်လာ ၅ ဘီလီယံတန် ဒီစီမံကိန်းဟာ ကမ္ဘာမြေသို့ အာကာသခရီးသွားလုပ်ငန်းကို သယ်ဆောင်လာစေရန် ရည်ရွယ်တဲ့ “လကမ္ဘာကိုလိုနီ” နဲ့ “လမျက်နှာပြင်” အတွေ့အကြုံ နှစ်မျိုးလုံး ပါရှိလာမှာပါ။

ကုမ္ပဏီတည်ထောင်သူများဖြစ်သည့် Sandra Matthews နှင့် Michael Henderson တို့ရဲ့ အဆိုအရ အဆိုပါအပန်းဖြေစခန်းဟာ တစ်နှစ်ကို ဧည့်သည် ၁၀ သန်းအထိ တည်းခိုသွားနိုင်တယ်လို့လည်း သိရပါတယ်။

လကမ္ဘာကိုလိုနီ တစ်ခုတည်းမှာပဲ တစ်နှစ်ကို ဧည့်သည် ၂.၅ သန်းခန့် ထားရှိနိုင်ပြီး အာကာသ အေဂျင်စီများနဲ့ အာကာသယာဉ်မှူးများအတွက်လည်း လေ့ကျင့်ရေး ပလက်ဖောင်းတစ်ခု ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါဟာ အပန်းဖြေစခန်းတစ်ခုအဖြစ် ရှိနေမှာဖြစ်တဲ့အတွက် ဧည့်သည်တွေဟာ အံ့အားသင့်ဖွယ် အတွေ့အကြုံနဲ့ ပျော်ရွှင်စရာတွေ အများကြီး ကြုံတွေ့ရပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

အပန်းဖြေစခန်းထဲမှာ ဧည့်သည် ၅,၀၀၀ အထိ ဧည့်ခံနိုင်မယ့် ဖျော်ဖြေရေးစင်တာတစ်ခု၊ ရေပူစမ်း၊ ကျန်းမာရေးစင်တာ၊ ဂျက်ဇ်စန္ဒယား၊ နားနေခန်းတွေနဲ့ ဂြိုလ်များနဲ့ အာကာသယာဉ်တွေကို အခြေခံတဲ့ အဆင့်များစွာရှိသော နားနေခန်းတို့လည်း ပါဝင်မှာဖြစ်ပါတယ်။

နည်းပညာနဲ့ အာကာသနယ်ပယ်များမှာ ပြခန်းပြသသူများကို ဆွဲဆောင်ရန်အတွက် ကြီးမားတဲ့ ကွန်ဗင်းရှင်းစင်တာတစ်ခုလည်း ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

MOON အမည်ရ ဒီဇိမ်ခံ အပန်းဖြေစခန်းကြီးဟာ ကိုယ်ပိုင်နေထိုင်မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နေထိုင်လိုသူများ ဝယ်ယူရန်အတွက်လည်း ဇိမ်ခံအလုံးရေ ၁၄၄ လုံးကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

စတုရန်းပေ ၂,၀၀၀ အထိ ကျယ်ဝန်းသော ဗီလာတစ်ခုစီဟာ ပိုင်ဆိုင်သူများအတွက် သီးသန့်အခွင့်အရေးများ (ဥပမာအားဖြင့် MOON ရဲ့ တစ်သက်တာ အသင်းဝင်ခွင့်) ရရှိမှာ ဖြစ်ပါတယ်။

ဒူဘိုင်းဟာ ဒီပရောဂျက်ကြီးအတွက် တရားဝင် အစီအစဥ်များ အပြီးသတ်နေပြီဖြစ်သလို အဆိုပါ ထူးခြားခမ်းနားသော ဇိမ်ခံအပန်းဖြေစခန်းကြီးကို တည်ဆောက်ရန်အတွက် အချိန်ကာလာအားဖြင့် ၂ နှစ်ကြာမယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

ဗိသုကာ၊ အင်ဂျင်နီယာနဲ့ ဒီဇိုင်းရှုထောင့်မှနေ၍ MOON ကို အခမ်းနားဆုံး တည်ဆောက်သွားမှာဖြစ်ပြီး ကမ္ဘာ့အထင်ကရ အထိမ်းအမှတ်တစ်ခုဖြစ်လာဖို့လည်း ခန့်မှန်းထားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လကမ္ဘာ ဇိမ်ခံအပန်းခြေစခန်းတွေ ရေပန်းစားလာတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။ ၂၀၂၁ ခုနှစ်မှာကတည်းက ကုမ္ပဏီဟာ MOON ကို Las Vegas မှာ ဖန်တီးသွားမယ်လို့ ကြေညာထားခဲ့တာပါ။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Las Vegas မှာတော့ ဒီစီမံကိန်းဟာ အကောင်အထည် မဖော်ဖြစ်ခဲ့ကြပါဘူး။

ဒါကြောင့် ပြင်ဆင်မှုတွေ စလုပ်နေခဲ့တဲ့ ဒူဘိုင်းမှာပဲ ခမ်နားတဲ့ ဗိသုကာလက်ရာတစ်ခုကို မြင်တွေ့သွားရပါတော့မယ်။

၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်သွားမယ့် ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာဂြိုဟ်နဲ့ လတို့ရဲ့ စစ်မှန်ပြီး ကြီးမားကျယ်ပြန့်တဲ့ ဆက်သွယ်မှုကို ဖန်တီးရန်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စက်လုံးနှစ်ခုအား ပေါင်းစည်းသွားစေလိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *