လေယာဉ် လေထဲမှာ ပျံသန်းနေစဉ် ခရီးသည်က တံခါးဖွင့်လိုက်ရင် ဘာဖြစ်မလဲ

လေယာဉ် လေထဲမှာ ပျံသန်းနေစဉ် ခရီးသည်က တံခါးဖွင့်လိုက်ရင် ဘာဖြစ်မလဲ

ဒါက ကောင်းတဲ့အကြံအစည်တော့ မဟုတ်ပါဘူးနော်။ ခရီးသည်တင် လေယာဉ်ကြီးတွေဟာ အမြင့်ပေ ၃၀,၀၀၀ နဲ့ ၄၃,၀၀၀ ကြား ပျံသန်းနေကြတာ ဖြစ်ပါတယ်။

မျှမ်းမျှ အမြန်နှုန်းကတော့ တစ်နာရီကို မိုင် ၅၄၇ ကနေ ၅၇၅ လောက် ရှိကြပါတယ်။ ဆိုတော့ ဒီလိုအမြင့်ရယ်၊ ဒီအမြန်နှုန်းရယ်နဲ့ သွားနေတဲ့အချိန်မှာ လေယာဉ်တံခါးကို ဖွင့်လိုက်မယ်ဆိုရင် လေယာဉ်ထဲက ဖိအား (လေဖိအား) အလွန်အမင်း ကျဆင်းသွားပါလိမ့်မယ်။

Depressuring ခေါ် ဖိအားကျဆင်းမှုကို စက္ကန့်ပိုင်းအတွင်းမှာ လေယာဉ်ထဲက ခရီးသည်တွေ ခံစားရပါလိမ့်မယ်။

လေယာဉ်ထဲ‌ကလေတွင် ပြင်ပကို ထွက်သွားမှာဖြစ်လို့ ပြင်းထန်တဲ့ စုပ်အားကို ခံစားရသလို ဖြစ်သွားပါလိမ့်မယ်။ ဒီစုပ်အားဟာ ကိုယ်ထည်ထဲက အချုပ်အနှောင်မရှိ လွတ်နေတဲ့ အရာဝတ္ထုအားလုံးကို ဆွဲထုတ်သွားမှာ ဖြစ်ပါတယ်။

သင်က ခါးပတ်ကို သေချာပတ်မထားခဲ့ရင် သင်လည်း ပါသွားမှာပါ။အားလုံးလေထဲကို ပြန့်ကျဲ ပြုတ်ကျသွားမှာပါ။

အထဲမှာ ကျန်နေခဲ့တဲ့ ခရီးသည်တွေ အတွက်ကလည်း မကောင်းတဲ့ အခြေအနေပါပဲ။ လေယာဉ်ဟာ ငြိမ်ငြိမ်သက်သက် ပျံသန်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြင်ပဖိအားနဲ့ အတွင်းဖိအား ခြားနားသွားတာကြောင့် ဖြစ်ပါတယ်။

လေယာဉ်ခန်းထဲက အပူချိန်ကလည်း ရုတ်တရက် ပြုတ်ကျသွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်ထိ လျော့ကျသွားလဲဆိုရင် ရေခဲမှတ်အောက်ထိ ရောက်ရှိသွားမှာပါ။

အမြင့်ကို တက်လေလေ လေထုက ပါးလွှာလေ၊ အပူချိန်ကျလေ ဖြစ်ပါတယ်။အသက်ရှူဖို့ အောက်ဆီဂျင်ကလည်း မလုံလောက်ပါဘူး။ အောက်ဆီဂျင် မျက်နှာဖုံးတွေကို လေဖိအား ကျနေစဉ်မှာ မတပ်ထားဖူးဆိုရင် Hypoxia ခေါ် အောက်ဆီဂျင် ပြတ်တဲ့ဒါဏ်ကို အပြင်းအထန် ခံစားရပါလိမ့်မယ်။

အောက်ဆီဂျင်ဟာ ခန္ဓာကိုယ်ထဲမှာ နည်းသွားရင် လူဟာ သိမှတ်မှုဉာဏ်တွေ ဆုံးရှုံးသလို ခံစားရပါလိမ့်မယ်။ အခန့်မသင့်ရင် အသက်ဆုံးရှုံးရမှာပါ။

ဒါပေမယ့် လေယာဉ်တံခါးကို လေထဲမှာ ဖွင့်ဖို့ဆိုတာကတော့ ဖြစ်နိုင်ချေ နည်းနည်းပဲ ရှိပါတယ်။ ရှင်းပြပါ့မယ်။

လေယာဉ်ပျံသန်းနေစဉ် လေယာဉ်ထဲမှာ လူတွေနေနိုင်ဖို့ တနည်း သက်သောင့်သက်သာရှိဖို့ လေဖိအားကို သွင်းပေးထားရပါတယ်။ ဒီတော့ လေယာဉ်ထဲက လေဖိအားဟာ ပြင်ပက ဖိအားထက်များနေပါတယ်။ တစ်လက်မ ပတ်လည် ဧရိယာပေါ်မှာ ၃.၃ ပေါင်လောက် ဖိအား သက်ရောက်နေပါတယ်။

ဒီဖိအားက လေယာဉ်တံခါး အပေါ်မှာလည်း သက်ရောက်နေပါတယ်။ ဒါကိုဆန့်ကျင်ပြီး တံခါးကို ပွင့်အောင် ဖွင့်ဖို့ကတော့ အားအများကြီး စိုက်ထုတ်ဖို့ လိုမှာဖြစ်ပါတယ်။

ခရီးသည် ဝင်တဲ့ တံခါးပေါက်တွေဟာ ပုံမှန်အားဖြင့် အလျား ၆ ပေ၊ အနံ ၃.၅ ပေလောက်ရှိပါတယ်။ ဒီဧရိယာပေါ် သက်ရောက်နေတဲ့ ဖိအားစုစုပေါင်းကို တွက်ကြည့်ရင် ပေါင် ၂၄,၀၀၀ လောက် ရှိပါတယ်။ ဒါဟာ ကြံ့ ၆ ကောင်လောက်တွန်းအားနဲ့ ညီမျှပါတယ်။

တံခါတွေမှာ လုံခြုံစိတ်ချဖို့ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ချို့လည်း တပ်ဆင်ထားပါသေးတယ်။ အီလက်ထရောနစ်နည်းနဲ့ လော့ချထားပါတယ်။ သူ့ခလုပ်နှိပ်ပြီး ဖွင့်ပေးမှသာ တံခါးကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

သော့နဲ့ခလုပ်တွေကလည်း တံခါးဘေး ကိုယ်ထည်အတွင်းမှာ မြှုပ်ပြီးတပ်ဆင်ထားလို့ သာမန်လူ ရှာတွေ့ဖို့ မလွယ်ပါဘူး။

တံခါးဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လည်း ပြင်ပလေထုနဲ့ ထိနေတဲ့ ဧရိယာက အတွင်းပိုင်း ဧရိယာထက်သေးပါတယ်။ ဒါက အတွင်းကနေ အပြင်ကို ဖွင့်ဖို့ ခက်ခဲပါလိမ့်မယ်။

ပထမ တံခါးကိုအားစိုက်ပြီး အတွင်းဖက်ကို ဆွဲရပါမယ်။ ပြီးရင် လှည့်ပြီးမှ အပြင်ကို တစ်ခါပြန်တွန်းထုတ် ဖွင့်ရပါလိမ့်မယ်။ ဒါတွေက အရမ်းခက်ခဲတဲ့အလုပ်ပါ။ ဒါ့ကြောင့် လေထဲမှာ တံခါးကို ဖွင့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

၂၀၂၁ ခုနှစ်၊ ဂျူလိုင်လ ၆ ရက်နေ့မှာ အမျိုးသမီးတစ်ယောက်ကို လေယာဉ်တံခါးဖွင့်ဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ခရီးစဉ်က ဒါးလတ်စ်မြို့ကနေ ချောလက်မြို့ကို သွားတဲ့ ခရီးဖြစ်ပြီး အမေရိကန် အဲလိုင်းမှာ ဖြစ်ခဲ့တာပါ။

လေယာဉ်တံခါး ပွင့်သွားပေမယ့် အမြင့်ပေ မများသေးလို့ ထိခိုက်မှုနည်းခဲ့ပါတယ်။ လေယာဉ်ကို အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။ အားလုံးဘေးကင်းခဲ့ကြပါတယ်။

ဒါ့ကြောင့် လေယာဉ်နဲ့သွားလို့ တစ်ယောက်ယောက်က တံခါး ဖွင့်လိုက်မှာကို သိပ်တော့ မစိုးရိမ်ကြပါနဲ့လို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *