လင်းယုန်တစ်ကောင် ဘယ်လောက်ထိသန်မာလဲ

လင်းယုန်တစ်ကောင် ဘယ်လောက်ထိသန်မာလဲ

လင်းယုန်တွေဟာ ကောင်းကင်ယံကို အုပ်စိုးထားတဲ့ ကြီးမားသော အင်အားကြီး ငှက်များဖြစ်ကြောင်း ကျွန်တော်တို့တွေ သိထားပြီးသားပါ။

သူတို့ဟာ အခြားသော ငှက်တွေထက် မြင့်မားစွာ ပျံသန်းနိုင်သလို သူတို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ မျက်လုံးများဖြင့် အကွာအဝေးများစွာက သားကောင်များကိုလည်း အမဲလိုက်ဖို့အတွက် တရှိန်ထိုး ဆင်းသက် ကုပ်ချီနိုင်ကြပါတယ်။

ဒါကြောင့် လင်းယုန်တစ်ကောက်ဟာ ဘယ်လောက်ထိ သန်မာလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။

တကယ်တမ်းမှာလည်း လင်းယုန်တွေဟာ တကယ့်ကို သန်မာတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

သူတို့ရဲ့ ခြေချောင်းတွေဟာ လူ့လက်ထက် ဆယ်ဆပိုပြီး အံ့သြဖွယ်ရာဆုပ်ကိုင် သယ်ယူနိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် လင်းယုန် မျိုးစိတ်တစ်ခုဖြစ်တဲ့ အာဖရိက Harpy လင်းယုန်ဟာ ကမ္ဘာ့အသန်မာဆုံးအဖြစ် သတ်မှတ်ထားပါတယ်

တောင်ပံတွေရဲ့ ကြံ့ခိုင်မှု

လင်းယုန်တွေဟာ တော်တော်ကြီးတဲ့ငှက်တွေမလို့ အမြင့်ဆုံး ပျံသန်းနိုင်ဖို့အတွက် သူတို့မှာ အားကောင်းတဲ့အတောင်တွေရှိဖို့ လိုပါတယ်။

တကယ်တော့ လင်းယုန်ငှက်ရဲ့ အတောင်ပံမှာရှိတဲ့ ပျံသန်းနိုင်တဲ့ ကြွက်သားတွေဟာ ငှက်ရဲ့ စုစုပေါင်းအလေးချိန်ရဲ့ ထက်ဝက်ကို ကျော်လွန်နေတာပါ။

လင်းယုန်ငှက်ရဲ့ အရိုးတွေကလည်း အခေါင်းပေါက် ဖြစ်နေပြီး ငှက်ရဲ့ အလေးချိန်ကို လျှော့ချရန်အတွက် လေနဲ့ ပြည့်နေအောင် ဖွဲ့စည်းထားတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် လင်းယုန်တစ်ကောင်ရဲ့ ပျမ်းမျှအရိုးစုဟာ ပေါင်ဝက်လောက်သာ အလေးချိန် ရှိနိုင်ပါတယ်။

ဒီအချက်က လင်းယုန်ငှက်တစ်ကောင်ရဲ့ အလေးချိန်မျှတမှုနဲ့ အရိုးဖွဲ့စည်းပုံဟာ သူတို့ရဲ အစွမ်းထက်သော တောင်ပံများပေါ်မှာ မှီခိုနေကြောင်း ညွှန်ပြနေပါတယ်။

ပျံသန်းနိုင်တဲ့ စွမ်းအားအများစုဟာ လင်းယုန်ငှက် အတောင်ပံတွေရဲ့ အောက်ဘက် လေဟုန်ဖြတ်ခြင်းမှ ဖြစ်ပေါ်လာတာကြောင့် အတောင်ပံများကို အောက်သို့ထိုးစိုက်ဖို့ အသုံးပြုတဲ့ ကြွက်သားတွေက အတောင်ပံများကို အထက်သို့ ပျံတက်တဲ့ ကြွက်သားတွေထက် ပိုမိုကြီးမားပါတယ်။

ခြေသည်းတွေရဲ့ သန်မာမှုနဲ့ ကုပ်တွယ်နိုင်စွမ်း

သိပ္ပံပညာရှင်များရဲ့ အဆိုအရ လင်းယုန်တစ်ကောင်ရဲ့ ခြေသည်းများနဲ့ ဆုပ်ကိုင်ထားနိုင်မှုတို့ဟာ လူ့လက်ရဲ့ ပျမ်းမျှ ဆုပ်ကိုင်နိုင်မှုထက် ၁၀ ဆ ပိုမိုအားကောင်းတယ်လို့ သိရပါတယ်။

ဒီလို ဆုပ်ကိုင်နိုင်မှုဟာ အားကောင်းတဲ့ ခြေထောက်ကြွက်သားတွေ၊ သန်မာတဲ့ အရိုးတွေနဲ့ အရွတ်တွေကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့် လင်းယုန်တစ်ကောင်ဟာ သူ့ရဲ့ ခြေထောက်အရွတ်တွေကို ကျုံ့လိုက်တဲ့အခါ အားကောင်းတဲ့ ကြွက်သားတွေက သားကောင်ရဲ့ ပတ်လည်မှာ သူ့ရဲ့ခြေချောင်းများကို ပိတ်ပစ်လိုက်သလို လုပ်ဆောင်နိုင်ပါတယ်။

ဒါလုပ်ငန်းစဥ်ကလည်း လင်းယုန်ငှက်ဟာ သူ့ရဲ့ ခြေတံများကို အချိန်အတော်ကြာအောင် ချုပ်ကိုင်ထားမှု မဆုံးရှုံးစေဘဲ ထိန်းထားစေနိုင်တာပါ။

အစွမ်းထက်တဲ့ အမြင်စွမ်းအား

လင်းယုန်တွေဟာ မယုံနိုင်လောက်အောင် အားကောင်းတဲ့ မျက်လုံးများရှိပါတယ်။ သူတို့ရဲ့ မျက်လုံးတွေက သာမန်လူတွေရဲ့ မျက်လုံးထက် ၄ ဆမှ ၈ ဆ ပိုမို အားကောင်းကြပါတယ်။

ဒီမျက်လုံးတွေနဲ့ ဟိုးအဝေးကြီးက အရာများကို ရှင်းလင်းပြတ်သားစွာ အာရုံစိုက်နိုင်စေပြီး ၂ မိုင်ကျော်ဝေးတဲ့ မြေပြင်က သူ့ရဲ့ သားကောင်ကိုလည်း အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။

ဒါ့အပြင် လင်းယုန်ရဲ့ မျက်လုံးတွေက အရောင်အသွေးကို ကြည်လင်ပြတ်သားစွာ ခွဲခြားနိုင်ပါတယ်။ လူ့မျက်လုံးနဲ့ အရွယ်အစား တူညီပြီး အလေးချိန်အားဖြင့်ဆိုရင်တော့ လင်းယုန်ရဲ့ ဦးနှောက်ထက် ပိုကြီးနေပါတယ်။

ပျံသန်းနေစဉ်အတွင်း လင်းယုန်ဟာ သူ့ရဲ့ စူးရှတဲ့ အာရုံစူးစိုက်မှုကို ထိန်းသိမ်းရန်အတွက် မျက်လုံးတွေကို ရွေ့လျားတာ ကွေးညွှတ်တာတွေကို အဆက်မပြတ် ချိန်ညှိနိုင်စွမ်းရှိပါတယ်။

လင်းယုန်ငှက်ရဲ့ မျက်လုံးတွေက သူတို့ သစ်ပင်ထိပ်ဖျားမှာ ထိုင်နားနေရင်း ဖြစ်နိုင်ဖွယ်ရှိတဲ့ သားကောင်တွေကို ရှာဖွေရန်အတွက် အောက်ဘက်ရှိ မြေပြင်ဒေသကို အဆက်မပြတ် စကင်န်ဖတ်နေသလို အစွမ်းထက်တဲ့ လုပ်ဆောင်မှုမျိုး ပိုင်ဆိုင်ထားပါတယ်။

ဖော်ပြပေးခဲ့တာကတော့ လင်းယုန်တစ်ကောင်ရဲ့ သန်မာမှုတွေဆီက မရှိမဖြစ် အင်္ဂါရပ်တွေဖြစ်ပြီး ဒီအချက်တွေကြောင့်လည်း လင်းယုန်တို့ဟာ ဝေဟင်လောကကို အုပ်စိုးနေတဲ့ ဘုရင်တစ်ပါး ဖြစ်နေတယ်ဆိုတာ သေချာစေခဲ့ပါတယ်။

Knight News Team

Knight Nwes © 2022

Leave a Reply

Your email address will not be published. Required fields are marked *