လေယာဉ်တွေ အမြင့်မှာ ပျံတဲ့အခါ ဘာလို့ မီးခိုးလို အဖြူတန်းတွေ ထွက်ရတာလဲ

လေယာဉ်တွေ အမြင့်မှာ ပျံတဲ့အခါ ဘာလို့ မီးခိုးလို အဖြူတန်းတွေ ထွက်ရတာလဲ

ကောင်းကင်မှာ ပျံနေကြတဲ့ လေယာဉ်တွေကို မော့ကြည့်လိုက်ရင် နောက်မှာ အဖြူရောင် မီးခိုတန်းတွေ တွေ့ဖူကြမှာပါ။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာ တင်ပြလိုက်ပါတယ်။

တကယ်တော့ ဒါဟာ ငွေ့ရည်ဖွဲ့ခြင်းဖြစ်ပါတယ်။ လေယာဉ်အင်ဂျင်က လောင်ကျွမ်းပြီး ထုတ်လွှတ်လိုက်တဲ့ ဆီငွေ့တွေနဲ့အတူ ရေတွေပါ ပါလာပါတယ်။

အင်ဂျင်အိတ်‌ဇောနားတဝိုက်မှာ အေးခဲနေတဲ့ ရေခဲမှုံတွေနဲ့ အင်ဂျင်က ထွက်လာတဲ့ အငွေ့တွေပေါင်းစပ်ပြီး မီးခိုးတန်းလို ဖြစ်သွားပါတယ်။

ဒီထဲမှာ ပါဝင်တာတွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေငွေ့ ၊နိုက်ထရိုဂျင်အောက်ဆိုဒ်၊ကာဘွန်မိုနော့ဆိုဒ်၊မီသိန်းဆာလဖိတ်လို ဟိုက်ဒြိုကာဘွန်ပေါင်းစပ်အမှုံတွေနဲ့ သတ္တုစအမှုံတွေ ဖြစ်ပါတယ်။

Boeing 747 လို လေယာဉ်ကြီးတွေဆိုရင် အင်ဂျင်နဲ့ သူ့တဝိုက်က ရေပမာဏဟာ တစက္ကန့်ကို ၂.၅၇ ကီလိုဂရမ်လောက် မှုတ်ထုပ်ပါတယ်။

မီးခိုးတန်းတွေမှာ အမျိုးအစားသုံးခုလောက်ရှိပါတယ်။ ဆင်တူတယ်ထင်ရပေမဲ့ မတူကြပါဘူး။ တစ်ခုစီက ကြာချိန်တွေ ကွဲပြားပါတယ်။ ရာသီဥတုကလဲ မီးခိုးတန်းတွေရဲ့ ကြာရှည်ခံမှုကို တိုက်ရိုက်နှောင့်ယှက်နိုင်ပါတယ်။

1/ Short-lived contrails

သူကတော့ တိုတောင်းတဲ့ အဖြူရောင်မီးခိုးတန်းပါ။ နာမည်အတိုင်းပဲ မိနစ်အနည်းငယ်အကြာမှာ ပျောက်ကွယ်သွား‌လေ့ ရှိပါတယ်။

လေယာဉ်သွားနေတဲ့ ဘေးနားတလျောက်က ရေမှုံရေမွှားတွေ အနည်းငယ်သာရှိလို့ ဖြစ်ပါတယ်။ရေခဲမှုံလေးတွေကလဲ ချက်ခြင်းပဲ အငွေ့အခြေအနေကို ပြန်ရောက်သွားလို့လဲဖြစ်ပါတယ်။

Short-lived contrails

2/ Persistent (non-spreading) contrails

သူကတော့ နဲနဲပိုကြာအောင် ရှိနေတတ်တာ မြင်ရပါတယ်။ လေယာဉ်ကြီးမြင်ကွင်းထဲက ပျောက်သွားရင်တောင် သူက ကျန်နေတတ်ပါတယ်။ လေယာဉ်လမ်းကြောင်းမှာ စိုထိုင်းဆများပြီး ရေငွေ့အများအပြား ရရှိလို့ပါ။

3/ Persistent spreading contrails

သူကလည်း နံပါတ်နှစ်အမျိုးအစားလိုပါဘဲ။ ရှည်လျားတဲ့ မီးခိုတန်းကို အကြာကြီး မြင်ရပါလိမ့်မယ်။

Persistent contrails

ပြီးမှ တဖြည်းဖြည်းပျံ့ကား‌ ပျောက်ကွယ်သွားပါတယ်။ ရာသီဥတုက အေးစက်စိုစွတ်ပြီး မီးခိုး‌ငွေ့တွေက ကြာကြာရှိနေတာ ဖြစ်ပါတယ်။

Contrail cousins လို့ခေါ်တဲ့ မီးခိုးတန်းတစ်မျိုးလဲ ရှိပါသေးတယ်။ သူရဲ့ဖြစ်ပေါ်မှုကတော့ နဲနဲကွဲပြားပါတယ်။

လူသိများတဲ့ contrail cousins ကတော့ လေယာဉ်အတောင်ထိပ်တွေက ဖြစ်တာပါ။ ဂျက်လေယာဉ်အတက်အဆင်းတွေမှာ တွေ့ရတတ်ပါတယ်။

ရာသီဥတုအခြေအနေအရ Vortex လို့ခေါ်တဲ့ တောင်ပံထိပ်ဖျားက လေလှိုင်းတွေဟာ ဒီမီးခိုးတန်းကို ဖြစ်ပေါ်စေပါတယ်။

ရေငွေ့တွေဟာ လျင်မြန်စွာဖွဲ့စည်းဖြစ်ပေါ်ပြီး ချက်ခြင်းပဲ ပျောက်ကွယ်သွားတာကို မြင်ရပါတယ်။

ဒီအရာတွေက အန္တရာယ်ရှိသလားလို့ မေးခဲ့ရင်တော့ မရှိပါဘူးလို့ ဖြေရမှာပါ။ သူတို့ရဲ့အဓိကပါဝင်ပစ္စည်းအများစုက ရေဖြစ်နေလို့ပါ။

လေယာဉ်ဆီဆိုတာကလဲ အလွန်သန့်စင်ထားမှ လေယာဉ်ထဲကို ထည့်ရတာမျိုးပါ။ အင်ဂျင်အတွင်းပိုင်းမှာက ထုထည်များတဲ့ အငွေ့တွေ Combustion Chamber ကို ဖြတ်သွားပြီး ဖြစ်လာတဲ့ဖိအားနဲ့ တာဘိုင်ကိုလည်ပါတ်စေပါတယ်။

wingtip vortex

ဆီတွေက နော်ဇယ်(Nozzle) ပြွန်သေးသေးလေးတွေကနေ တစ်စက္ကန့်ကို လီတာနဲနဲပဲထုတ်ပေးပြီး လေနဲ့ရောကာ Combustion Chamber ထဲမှာလောင်ကျွမ်းစေပါတယ်။

Nozzle တွေ ချို့ယွင်းလို့ မရပါဘူး။ နဲနဲချို့ယွင်းရင်တောင် အန္တရယ်ကြီးလှပါတယ်။ ဒါကြောင့်လဲ အင်ဂျင်တွေပြင်ဆင်မွမ်းမံ (Overhaul) လုပ်ရင် ဒေါ်လာသန်းချီအောင် ဈေးကြီးပါတယ်။

ဒါကြောင့် လေကြောင်းလိုင်းတွေဟာ ဆီသန့်မသန့်ကို အထူး ဂရုစိုက်ကြပါတယ်။

ဆီဈေးထက် အရည်အသွေးက ပိုအရေးကြီးပါတယ်။ Accident ဖြစ်ခဲ့ရင် ဆီကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်လောက်ထည့်ခဲ့တယ်ဆိုတာမှတ်တမ်းကို ပြန်ကြည့်ရပါတယ်။

ဆိုတော့ မီးခိုးတန်းထဲက ဆီငွေ့ပါဝင်မှုကလည်း ပြောပလောက်အောင် အန္တရယ် မရှိပါဘူးပေါ့နော်။

ကဲ ဒီတစ်ခါမော့ကြည့်လို့ မီးခိုးတန်းမြင်ရင်တော့ ဘာအမျိုးအစားလဲဆိုတာရယ် ကောင်းကင်ကြီးရဲ့ အခြေအနေရယ်ကိုပါ သူများတွေကို ပြန်ပြောပြနိုင်ပြီပေါ့။

အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးပါလို့။
Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *