သင်အထက်တန်းအောင်ပြီးမှ ပေါ်လာတဲ့နိုင်ငံတွေ

သင်အထက်တန်းအောင်ပြီးမှ ပေါ်လာတဲ့နိုင်ငံတွေ

တစ်ချို့နိုင်ငံတွေက သင်မသိလိုက်ခင်မှာ ပေါ်ပေါက်လာကြပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက ကုလအဖွဲ့ဝင် နိုင်ငံဆိုတာ ၁၅၉ နိုင်ငံပဲ ရှိပါတယ်။

၂၀၀၀ ခုနှစ်မှာ ၁၈၉ နိုင်ငံဖြစ်လာပါတယ်။ ဒီနေ့တော့ ၁၉၃ နိုင်ငံ ဖြစ်သွားခဲ့ပါပြီ။

ကမ္ဘာ့နိုင်ငံတွေရဲ့အမည်အားလုံးကို သိတဲ့လူ အနည်းငယ်သာ ရှိပါလိမ့်မယ်။ နောက်ဆုံး ဖြစ်ပေါ်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်တဲ့ နိုင်ငံတွေကို ကြည့်ရအောင်။

ဆိုရှယ်လစ် အင်အားစုကြီး ပြိုကွဲသွားတဲ့အခါ ဥရောပတိုက်မှာ နိုင်ငံအသစ်တွေ အလျှိုအလျှို ပေါ်ပေါက်လာခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံကနေ နိုင်ငံ ၁၅ ခု ဖြစ်ပေါ်လာပါတယ်။ အရှေ့နဲ့ အနောက်ဂျာမနီကတော့ တစ်နိုင်ငံထဲ ပြန်ပေါင်းစည်းသွားပါတယ်။

ချက်ကိုစလို ဗက်ကီးယားက ချက် ရီပါတ်ဘလစ်နဲ့ စလိုဗက်ကီးယားဆိုပြီး ၂ ခု ဖြစ်သွားပါတယ်။ ဒါပေမဲ့ အကြီးမားဆုံး ခွဲထွက်မှုကတော ယူဂိုဆလဗ်နိုင်ငံ ဖြစ်ပါတယ်။

ယခင်က ယူဂိုဆလဗ်ဟာ ဆိုဗီယက်လက်အောက်ခံပါ။ သူက ဖက်ဒရယ်ဆိုရှယ်လစ်စနစ်နဲ့ ပြည်နယ်အများအပြားကို ပေါင်းထားတာ ဖြစ်ပါတယ်။

သူက ငြိမ်းချမ်းစွာ ပြိုကွဲရတာ မဟုတ်ပါဘူး။ သူပြိုကွဲတော့ နိုင်ငံ ၅ ခုဖြစ်လာပါတယ်။ ဒါတွေကတော့
၁။ ဖက်ဒရယ် ရီပါတ်ဘလစ်ယူဂိုဆလဗ်
၂။ဆလိုဗေးနီးယား
၃။ ခရိုအေးရှား
၄။ မက်ဆီဒိုးနီးယား
၅။ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားတို့ဖြစ်ကြပါတယ်။

ချောချောမွေ့မွေ့ ကွဲထွက်တာမျိုးမဟုတ်ဘဲ စစ်ပွဲတွေ ရက်စက်စွာသဝာ်ဖြတ်မှုတွေနဲ့ ဖြစ်တည်လာကြရတာဖြစ်ပါတယ်။

ဆလိုဗေးနီးယားက အေးချမ်းစွာဖြစ်လာပေမယ့် ဘော့စနီးယားကနှစ်နဲ့ချီ စစ်ဖြစ်ပြီး ပေါ်လာရတာပါ။

မက်ဆီဒိုးနီးယားလဲ ၁၉၉၃ ခုနှစ်အထိ ညှိလို့ မရသေးပါဘူး။ တစ်ခါ ယူဂိုဆလားဗီးယားကလဲ ဆာဗီးယားနဲ့မွန်တီနီဂရိုးဆိုပြီး နာမည်ပြောင်းပြန်ပါတယ်။ ဘာဆက်ဖြစ်မလဲ မှန်းဆလို့ရပါတယ်။

သူလည်း ၂၀၀၆ ခုနှစ်ကြတော့ ဆာဗီးယားသတ်သတ် မွန်တီနီဂရိုးကသတ်သတ် ဖြစ်သွားပါတယ်။ စုစုပေါင် ၇ နိုင်ငံပါ။

နောက် ၂ နှစ်အကြာမှာ ကိုဆိုဗိုက ဆာဘီးယားက ခွဲထွက်ကြောင်းကြေငြာပြန်ပါတယ်။ ဒါကို ဆာဘီယားနဲ့တခြားနိုင်ငံတွေက အသိအမှတ် မပြုကြပါဘူး။ ကုလတပ်တွေ ဝင်ထိန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကုလမှာတော့ထောက်ခံမဲ ၁၀၀ ကျော်ရလိုက်ပါတယ်။ ယူအက်စ်၊ ကနေဒါနဲ့ ဥရောပနိုင်ငံကြီးတွေက ထောက်ခံပေးခဲ့လို့ ၈ ခုမြောက် ယူဂိုဆလဗ်က ပဲ့ထွက်လာပြန်ပါတယ်။

ကိုဆိုဗိုက ၂၀၀၈ ခုနှစ်မှာ ဆာဘီးယားသဘောမတူတဲ့ကြားကပဲ နိုင်ငံတစ်ခုဖြစ်လာခဲ့တာပါ။

ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားကလဲ တကယ်တော့ ပြည်နယ် ၃ ခုပါ။ တတိယ တစ်ခုက Republic of Srpska ဖြစ်ပါတယ်။ ဒီလိုနဲ့ ပါတီတွေစု ဥပဒေတွေထုတ် လုပ်နေကြတာပါ။

၂၀၁၈ ခုနှစ်မှာ မက်ဆီဒိုးနီးယားကလဲ မြောက်မက်ဆီဒီုးနီးယားဆိုပြီ နာမည် ပြောင်းပြန်ပါတယ်။ ဒါကလဲ ဂရိနိုင်ငံရဲ့ ဖိအားပေးမှုကြောင့်လို့ ဆိုပါတယ်။

ကဲဒါတွေကတော့ ကွန်မြူနစ်စနစ်ပြိုလဲ့လို့ ဖြစ်ရတာတွေပါ။တခြား ၂၁ ရာစုအတွင်း အဖြစ်အပျက်တွေလဲကြည့်ရအောင်။

အရှေ့တီမောဆိုရင် အရမ်းငယ်ရွယ်တဲ့သက်တမ်းရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ Aka Timor Leste လို့ ခေါ်ပါတယ်။၁၉၇၅ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

ပြည်တွင်းတော်လှန်ရေးသမားတွေက ပြင်သစ်ကိုလိုနီနယ်ချဲ့တွေကို မောင်းထုတ်နိုင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးကြေငြာပြီး ၉ ရက်အကြာမှာ အင်ဒိုနီးရှားက ဝင်သိမ်းပြန်ပါတယ်။

တကယ်တော့ တီမောက ကျွန်းတစ်ခုရဲ့တဝက်ကိုပဲ ပိုင်တာ ဖြစ်ပါတယ်။ ကျန်တဝက်နဲ့ အနားကကျွန်းတွေကို အင်ဒိုက ပိုင်တာပါ။နှစ်တွေ ဆယ်နဲချီ စစ်ဖြစ်ပြီးမှ တီမောဟာ ၂၀၀၂ ခုနှစ်မှာ တဖန် လွတ်လပ်ခဲ့ပါတယ်။

ဒါက ၂၁ ရာစုရဲ့ပထမဆုံးနိုင်ငံဖြစ်လာခြင်းပါ။၂၀၀၆ ခုနှစ်မှာ မွန်တီနီဂရိုး၊ ၂၀၀၈ ခုနှစ်မှာ ကိုဆိုဗိုတို့ ဖြစ်ပေါ်လာပါတယ်။

အသစ်စက်စက်နိုင်ငံကတော့ တောင်ဆူဒန်နိုင်ငံ ဖြစ်ပါတယ်။ ဆူဒန်ကနေ ၂၀၁၁ ခုနှစ်မှာ ခွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ လွယ်တော့မလွယ်ပါဘူး ၂၀၁၃ ခုနှစ်ကစတဲ့ ပြည်တွင်စစ်ဟာ ခုထိဖြစ်နေတုန်းပါ။

ဝိဉာဏ်အဟောင်းနဲ့နိုင်ငံအသစ်လို့ ခေါ်ကြပါတယ်။ တချိုကြတော့ ကျောင်းမှာသင်ခဲ့တဲ့ နာမည်တွေ မဟုတ်ကြတော့ပါဘူး။

ဘားမားက မြန်မာဖြစ်လာပြီး အက်စ်ဝါတီနီက ဆွစ်ဇာလန် ဖြစ်သွားပါပြီ။

နောက်ဆုံးသိရတာက တူရကီတောင် Turkiye လို့ပြောင်းဖို့ လုပ်နေပါတယ်တဲ့ဗျာ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *