ရေသန့်ဘူးကို ကားထဲတွင် ထားခဲ့မိပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်

ရေသန့်ဘူးကို ကားထဲတွင် ထားခဲ့မိပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်

ပူအိုက်တဲ့ ရာသီမှာ ‌ကျန်းမာရေးကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကတော့ ရေဓာတ်ပြည့်ဝနေဖို့ပါပဲ။

ဒါကြောင့် အပြင်သွားပြီဆိုရင်‌ ရေသန့်ဘူးကို ဆောင်သွားတတ်ကြပါတယ်။ ကားနဲ့ သွားလာတဲ့သူတွေအနေနဲ့လည်း ကားမောင်းရင်း ကားစီးရင်းသောက်ဖို့ ရေသန့်ဘူးကိုပဲ အားကိုးကြရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အားလုံး လုပ်ခဲ့တဲ့ အမှားတစ်ခုကတော့ ရေဘူးကို ကားထဲမှာ ထားခဲ့တတ်ကြတာပါပဲ။

မီးလောင်မှုကို အားပေးခြင်း

ကျွမ်းကျင်သူများ အဆိုအရ ကားထဲက လွန်ကဲသော အပူဟာ ပလတ်စတစ်မှ ရေထဲသို့ စွန့်ထုတ်သည့် bisphenol A (BPA) ဟုခေါ်သော အန္တရာယ်ရှိသော ဓာတုပစ္စည်း ပမာဏကို တိုးမြင့်စေနိုင်ပါတယ်။

ထို့ကြောင့် ရေသန့်ဘူးဟာ လွန်ကဲတဲ့ အပူကြောင့် မီးလောင်ကျွမ်းနိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။

ကားထဲမှာကျန်ခဲ့တဲ့ ရေဘူးကို သောက်နိုင်ပါသလား

ရပ်ထားသည့် ကားထဲတွင် ကျန်ရစ်သော ရေသန့်ဗူးများ သောက်ခြင်းကို ကျန်းမာရေးပညာရှင်‌များက ထောက်ခံ အကြံပြုထားခြင်း မရှိပါဘူး။

ယင်းသို့ မသောက်ရန် အကြံပြုခြင်းမှာ ပလတ်စတစ်ရေသန့်ဘူးများထဲက biphenyl A level ကြောင့် ဖြစ်ပါတယ်။

ရေဘူးကို အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်မှာ ထားရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကားတစ်စီးကို နေရောင်အောက်မှာ ရပ်ထားရင် အပူချိန် ဟာ ၇၈ ဒီဂရီ စင်တီဂရိတ်အထိ တိုးနိုင်ပြီး ယင်းကားထဲမှာထားခဲ့တဲ့ ရေသန့်ဗူးထဲက ရေဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကားထဲမှာ ရေသန့်ဘူးတွေကို လုံးဝ မထားခဲ့ကြပါနဲ့လို့။

Knight News Team

သတင်းစုံ၊ ဗသုသုတများကို ရှာဖွေတင်ဆက်နေတာမို့ Knight News Page မှာ စောင့်မျှော် အားပေးကြပါအုံးလို့။

Knight News @ 2022

Leave a Reply

Your email address will not be published. Required fields are marked *