နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိ ကြောင် မမ်မီ နှင့် ကလေး မမ်မီများ

နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိ ကြောင် မမ်မီ နှင့် ကလေး မမ်မီများ

အီဂျစ်နှင့်မတူသော နည်းပညာဖြင့် ပြုလုပ်ထားသည့် နှစ်ပေါင်းတစ်ထောင်ကျော်ခန့် သက်တမ်းရှိသော ကြောင်မမ်မီနှင့် ကလေးမမ်မီများကို တူရကီနိုင်ငံရှိ Aksaray ပြတိုက်တွင် ပြသထားသည်။

တူရကီနိုင်ငံ၊ Aksaray ပြတိုက်တွင် Aksaray ဒေသ အနီးတစ်ဝိုက်က တူးဖော်တွေ့ရှိခဲ့သော ၁၀ ရာစု၊ ၁၁ ရာစုနှင့် ၁၂ ရာစုနှစ်များအတွင်းက မမ်မီ ၁၃ ခုကို ပြသထားသည်။

မမ်မီရုပ်များထဲတွင် ကလေးများနှင့် အရွယ်ရောက်ပြီးသားသူများ၏ မမ်မီရုပ်များ ပါဝင်သည်။

Ihlara တောင်ကြားရှိ လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က တည်ဆောက်ခဲ့သော ဘုရားကျောင်းများတွင် တူးဖော်မှုများပြုလုပ်ရာမှ Aksaray ပြတိုက်ရှိ မမ်မီရုပ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လွန်ခဲ့သော နှစ် ၁,၀၀၀ ခန့်က သေဆုံးခဲ့သော ကြောင်မမ်မီကိုလည်း တူးဖော်မှုတွင် တွေ့ရှိခဲ့ပြီး ပြတိုက်တွင် ပြသထားပါသည်။

သခင်မှ ကြောင်လေးကို အလွန်ချစ်မြတ်နိုးသောကြောင့် မမ်မီနည်းပညာဖြင့် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

Aksaray ပြတိုက်

မမ်မီပြုလုပ်ရသည့် တူရကီ၏ ဓာတုဆေးစိမ်နည်းသည် အီဂျစ်၏ မမ်မီပြုလုပ်သည့် နည်းပညာနှင့် နှိုင်းယှဉ်လျှင် ကွဲပြားသည်။

ပထမဦးစွာ လူသေအလောင်းမှ အတွင်းကလီစာများကို ဖယ်ထုတ်လိုက်ပါသည်။ ဖယောင်းကို အရည်ကျိုထားပြီး အလောင်းအား ဖယောင်းအလွှာဖြင့် အုပ်ထားပါသည်။

ထို့နောက် တဖန် အလောင်းကို အဝတ်လိပ်များဖြင့် ဖုံးအုပ်ထားသည်။ ဤနည်းဖြင့် အလောင်းကို ခြောက်သွား‌‌အောင် မြေအောက်တွင် ထားပြီးနောက် ရာစုနှစ်များစွာကြာ ထိန်းသိမ်းထားကြပါသည်။

မမ်မီတွေအားလုံးဟာ ၁၀၊ ၁၁ နှင့် ၁၂ ရာစုကတွေက‌‌ သေဆုံးသူများဖြစ်တာကြောင့် သူတို့ဟာ နှစ်ပေါင်း တစ်ထောင်နီးပါးလောက် ရှိနေပြီ ဖြစ်ပါသည်။

ကြောင် မမ်မီ

Aksaray ပြတိုက်တွင် အထူးအပူပေးအအေးပေးစနစ်များဖြင့် မမ်မီများကို ထိန်းသိမ်းပေးထားသည်။

Aksaray ပြတိုက်သည် မမ်မီ ၁၃ ခုကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သောတူရကီရှိ တစ်ခုတည်းသော ပြတိုက်ဖြစ်သည်။

တူရကီ၏ အခြားပြတိုက်များဖြစ်သော “Amasya နှင့် Niğde ပြတိုက်တို့တွင် မမ်မီ တစ်ခုစီရှိသာ ရှိသည်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *