လေယာဉ်ပေါ်မှာမွေးတဲ့ ဘေဘီလေး

လေယာဉ်ပေါ်မှာမွေးတဲ့ ဘေဘီလေး

လေယာဉ်ပေါ်မှာ ခရီးသွားနေတဲ့ မေမေတစ်ယောက်သာ အမြင့်ပေ ၃၀,၀၀၀ အထက်မှာ ကလေးမွေးခဲ့ရင် ဘာတွေဖြစ်မလဲဆိုတာ စဉ်းစားကြည့်ရအောင်နော်။

၂၀၂၁ ခုနှစ်မှာ Frontier airlines ရဲ့ခရီးစဉ်တစ်ခုမှာ ဖြစ်ခဲ့တာကို တင်ပြရင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။

Denver ကနေ Orlando ကို ပျံသန်းနေတုန်း ဖြစ်ခဲ့တာပါ။ လေထဲမှာလဲဖြစ် ဆရာဝန်လဲမပါ ဆေဝါးနဲ့ ကိရိယာလည်း မပြည့်စုံရင်တော့ ပြသနာပါဘဲ။

နောက်တစ်ခုက ကလေးဟာ ဘယ်နိုင်ငံသား ဖြစ်မလဲဆိုတာ ရှိနေပါသေးတယ်။ ရိုးရိုးတွေးရင်တော့ မိဘနဲ့အတူတူ နိုင်ငံသားပဲ ဖြစ်ရမှာပါ။ဒါပေမဲ့ လေထဲက ကိစ္စမှာတော့ နဲနဲရှုပ်ထွေးပါတယ်။

ပထမဆုံး ကိုယ်ဝန်သည် မိခင်တွေကို လက်မှတ်ရောင်းတဲ့အခါ လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခု ကွာခြားပါတယ်။ South West Airlines က ကိုယ်ဝန် ၃၈ ပါတ်ကျော်နေရင် မရောင်းပါဘူး။

Dalta Airlines ကတော့ ဘာကန့်သတ်ချက်မှ မရှိပါဘူး။ Frontier airlines နဲ့ United Airlines ကတော့ ကိုယ်ဝန် ၃၆ ပါတ်ကျော်ရင် ဆေးထောက်ခံစာ လိုပါတယ်။ ၇၂ နာရီအတွင်း ပြုလုပ်ထားတဲ့ ဆရာဝန်ထောက်ခံစာ မိတ္တူ ၂ စောင် တင်ပြရပါလိမ့်မယ်။

Amarican Airlines ရဲ့ ဖေါ်ပြချက်မှာတော့ မွေးဖို့ရက်ဟာ ၄ ပါတ်အတွင်းရှိမယ်ဆိုရင် ဆရာဝန်ရဲ့ လေယာဉ်စီးဖို့ကျန်းမာရေးကောင်းမွန်ကြောင်း ( Fit to fly ) ထောက်ခံစာ ပါရှိရပါမယ်။

ထို့အတူပါဘဲ Jet Blue Airways ကလဲ ၇၂ နာရီအတွင်း ပြုလုပ်ထားတဲ့ ဆရာဝန်ထောက်ခံစာမှာ ၇ ရက်အတွင်း ခရီးသွားလာနိုင်ကြောင်း ပါရှိတဲ့ ထောက်ခံစာ လိုပါတယ်။

ဒါတွေအစုံပါရဲ့သားနဲ့ မေမေက လေထဲမှာဘဲ ဗိုက်နာခဲ့ရင်တော့ လေယာဉ်အမှုထမ်းတွေ အလုပ်ရှုပ်ပါပြီ။

ပထမ ခရီးသည်တွေထဲမှာ ဆရာဝန် သို့မဟုတ် ဆေးကျွမ်းကျင်သူ ပါမပါ ကြေငြာပြီး အကူအညီတောင်းရပါတယ်။ မပါခဲ့ရင် လေယာဉ်မောင်/မယ်က လူနာကို ကူညီရပါလိမ့်မယ်။

လေယာဉ်ပေါ်မှာ ဆေးဝါး ကိရိယာတချို့ ဥပဒေအရ တင်ဆောင်ထားတာရှိပါတယ်။ လိုအပ်ရင် အနီးဆုံးကွင်းကို ဆင်းသက်ရပါမယ်။ အောက်မှာ ဆရာဝန်က အသင့်စောင့်နေမှာ ဖြစ်ပါတယ်။

ကဲဘေဘီလေးမွေးပါပြီ ။ ခရီးသည်အားလုံးပျော်ရွှင်စွာနဲ့ လက်ခုပ်တီးပြီး ဂုဏ်ပြု ကြိုဆိုကြပါလိမ့်မယ်။ မေမေ့ရဲ့လက်ပေါ်က ဘေဘီလေးကတော့ ဘာမှ မသိသေးပါဘူး။ သူ့ကို ဘယ်နိုင်ငံသားအဖြစ် သတ်မှတ်မှာလဲ။

ခုဖြစ်ခဲ့တဲ့ Frontier airlines ကဖြစ်စဉ်မှာ ကြည့်ရအောင်။

လေကြောင်းလိုင်းတွေ ယေဘူယျ လက်ခံထားတဲ့ စည်းမျဉ်းက “Jus Sanguinis” လို့ ခေါ်ပါတယ်။ မိဘတွေရဲ့ နိုင်ငံသားအတိုင်း ဘေဘီလေးက ခံယူရမှာပါ။

ဒါပေမဲ့ လေကြောင်းလိုင်းအလိုက်ကွဲပြားတာ ရှိသလို၊ နိုင်ငံအလိုက်မတူတာလဲ ရှိပါတယ်။ လေယာဉ်ရောက်ရှိနေတဲ့နေရာနဲ့လဲ ဆုံးဖြတ်ရတာ ရှိပါတယ်။

လေကြောင်းလိုင်း မှတ်ပုံတင်ထားတဲ့ နိုင်ငံကို ခံယူရမယ်လို့ သတ်မှတ်မျိုးလဲ ရှိပါသေးတယ်။ ဥပမာ နော်ဝေ မှတ်ပုံတင်လေကြောင်းမှာ အီတာလျံမိဘကမွေးပေမယ့် ကလေးက နော်ဝေနိုင်ငံသား ဖြစ်သွားပါတယ်။

ကုန်းမြေပေါ် ဖြတ်ပျံနေတုန်းမွေးရင် ဖြစ်နိုင်ချေကလဲ အမျိုးမျိုးရှိပြန်ပါတယ်။ နိုင်ငံပိုင်နက် ၄၃ မှ ၉၉ မိုင်အတွင်းဆိုရင် သူ့နိုင်ငံသား ဖြစ်ရမယ်လို့ ပြဌာန်းထားတဲ့ နိုင်ငံတွေလဲ ရှိပါတယ်။

အမေရိကန်ကတော့ ရှင်းပါတယ် ဘယ်နိုင်ငံသား မိဘမဆို သူ့လေပိုင်နက်၊ ရေပိုင်နက်ထဲမှာ မွေးဖွားတဲ့ ဘေဘီမှန်သမျှ သူ့နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်။ ဗြိတိန်ကတော့ မရပါဘူးတဲ့။

ကဲ ဒါတွေကတော့ မွေးကာနီးမေမေတို့ လက်မှတ်မဝယ်ခင် နှစ်ခါပြန်စဉ်းစားဖို့ အချက်တွေပါ။

ဘေဘီလေးကို ဘယ်နိုင်သား ဖြစ်စေခြင်သလဲ။ မေမေတို့ပဲ ဆုံးဖြတ်ကြပါလို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *