ဥရောပရဲ့ ဆေးဝါးဖြစ်ခဲ့ဖူးတဲ့ မမ်မီရုပ်အလောင်းများ

ဥရောပရဲ့ ဆေးဝါးဖြစ်ခဲ့ဖူးတဲ့ မမ်မီရုပ်အလောင်းများ

လူသားစားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ အယူရှိခဲ့ကြပါတယ်။

ဥရောပသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တစ်ချိန်က ဥရောပသားများဟာ အီဂျစ်မမ်မီများကို စွဲလမ်းခဲ့ကြပြီး သူတို့ရဲ့ ကျန်းမာရေး အာမခံချက်အတွက် ဒီရုပ်အလေးတွေကို လိုက်လံရှာဖွေခဲ့ကြဖူးပါတယ်။

မမ်မီများဟာ ဖျားနာမှုကို ကုသပေးနိုင်တယ်လို့ ယုံကြည်ခဲ့ခြင်း အယူအဆဟာ လူသားတို့ကို ဆိုးရွားတဲ့ အရသာရှိသော အရာတစ်ခုကို စားသုံးရန်အတွက် ရာစုနှစ်များစွာ တွန်းအားပေးခဲ့ပါတယ်။

လူသေတွေကနေ ဖန်တီးထားတဲ့ မမ်မီလို့ခေါ်ဆိုတဲ့ ဆေးရည်စိမ် ရုပ်အလောင်းနဲ့ နှစ်ရှည်ကြာ ရုပ်အလောင်းတွေကို ဥရောပတစ်ဝိုက်မှာ နှစ်ပေါင်းများစွာ ဆေးဖက်ဝင်ပစ္စည်းအဖြစ် ကြာရှည်စွာ မှီဝဲစားသုံးခဲ့ကြပါတယ်။

ဒါကြောင့် အီဂျစ်သင်္ချီုင်းက ရုပ်အလောင်းတွေဟာ ဥရောပသားတွေအတွက် မျက်စိကျစရာဖြစ်ခဲ့ပြီး ဆင်းရဲချမ်းသာမဆို မှီဝဲအသုံးပြုနိုင်သလို ဆေးဆိုင်တိုင်းမှာလည်း ရောင်းချခဲ့ကြပါတယ်။

၁၂ ရာစုလောက်က ဆေးဝါးကုသသူများဟာ သူတို့ရဲ့ အခြားကမ္ဘာ့ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများအတွက် မမ်မီများကို အသုံးချခဲ့ကြသလို မမ်မီများဟာလည်း နောင်နှစ်ပေါင်း ၅၀၀ အတွက် ညွှန်းထားတဲ့ ဆေးစွမ်းကောင်းများ ဖြစ်လာခဲ့ကြပါတယ်။

ပဋိဇီဝဆေး မရှိသေးတဲ့အတွက် သမားတော်များဟာ ခေါင်းကိုက်ခြင်းမှ ဖျားနာမှုများအထိ ကုသရန်အတွက် မမ်မီတို့ရဲ့ ဦးခေါင်းခွံ၊ အရိုးများနဲ့ အသားများကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဒါ့အပြင် မမ်မီရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေဟာ ရောင်ရမ်းမှုကိုလျှော့ချရန်၊ ရောဂါကို ပျောက်ကင်းစေခြင်းတို့အတွက် အထူးအသုံးဝင်တယ်ဆိုတဲ့ အယူအဆမျိုးတွေနဲ့ သမားတော်တွေကပါ ဒီမမ်မီရုပ်အလောင်းတွေကို လိုက်လံစုဆောင်းခဲ့ကြပါတော့တယ်။

တော်ဝင်ဆရာဝန်တစ်ဦးကလည်း မမ်မီတို့ဟာ အသုံးဝင်တဲ့ ဆေးဖြစ်ကြောင်း တွေ့ရှိခဲ့တာကြောင့် ဒီမမ်မီတွေဟာ နန်းတွင်းထဲကိုပါ ရောက်ရှိလာခဲ့ကြပါတယ်။

တချို့ဖြစ်ရပ်တွေမှာဆိုရင် အခိုင်းအစေတွေကိုတောင်မှ အဆုံးစီရင်ခိုင်းပြီး မမ်မီတွေပြုလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အခုလို လုပ်ရပ်တွေဟာလည်း မမ်မီတွေကို ဆေးဝါးအဖြစ် တွင်ကျယ်စွာ အသုံးပြုလာတဲ့အတွက် အလောင်းကောင်များဟာ အဆက်မပြတ် လိုအပ်မှုတွေ ရှိနေခဲ့ပြီး အီဂျစ်မမ်မီ အစစ်အမှန်များရဲ့ ထောက်ပံ့မှုနဲ့တင် မလုံလောက်ကြတော့ပါဘူး။

ဆရာဝန်အားလုံးဟာ ခြောက်သွေ့တဲ့ မမ်မီအိုများကိုသာ အကောင်းဆုံးဆေးလို့ ထင်ကြတာမျိုး မဟုတ်သလို လတ်ဆတ်သော အသားနဲ့ သွေးတို့ဟာလည်း တာရှည်သေဆုံးသူတို့ထက် လတ်ဆတ်တယ်ဆိုတဲ့ အယူအဆတွေနဲ့ လူသားစားမှုတွေပါ ဖြစ်ပွားလာခဲ့ပါတော့တယ်။

အင်္ဂလန် ဘုရင် Charles II က အာရုံကြောရောဂါ ခံစားရပြီးနောက် လူဦးခေါင်းခွံမှ ထုတ်လုပ်ထားတဲ့ ဆေးကိုယူခဲ့ပြီး ၁၉၀၉ ခုနှစ်အထိ သမားတော်များဟာ အာရုံကြောဆိုင်ရာ အခြေအနေများကို ကုသရန်အတွက် လူ့ဦးခေါင်းခွံတွေကို အသုံးပြုခဲ့ကြပါတယ်။

တော်ဝင်နဲ့ လူမှုအထက်တန်းစားများအတွက် မမ်မီတွေကို စားသုံးခြင်းကို တော်ဝင်ဆေးလို့ သတ်မှတ်ထားခဲ့ကြပြီး မင်းမျိုးမင်းနွယ်တွေက မင်းမျိုးမင်းနွယ် ရုပ်အလောင်းတွေကို ပြန်စားခဲ့ကြပါတယ်။

၁၉ ရာစုအရောက်မှာတော့ လူတို့ဟာ ဖျားနာမှုကို ကုသရန်အတွက် မမ်မီကို စားသုံးခြင်းမပြုတော့ဘဲ ဗစ်တိုးရီးယား လူမျိုးများက သီးသန့်ပါတီပွဲများ၊ ဖျော်ဖြေရေးများအတွက် ထုပ်ပိုးထားသော အီဂျစ်ရုပ်အလောင်းများကို ညစာအဖြစ် တည်ခင်းစားသောက်ခဲ့ကြပါတယ်။

၂၀ ရာစုအစမှာတော့ မမ်မီကုသခြင်းနဲ့ မမ်မီစားသောက်ပွဲတို့ ပြီးဆုံးခဲ့ပါတယ်။

အကြောင်းရင်းကတော့ ခေတ်မီတိုးတက်လာလေ လူတွေက မမ်မီတွေရဲ့ အရသာဆိုးကို ရှောင်ကျဥ်ခဲ့လေဖြစ်ပါတယ်။

ပဋိဇီဝ ဆေးဝါးတွေလည်း ပေါ်ထွန်းလာခဲ့တာကြောင့် မမ်မီစားသုံးခြင်း အလေ့အထလည်း ကွယ်ပျောက်သွားခဲ့ပါတယ်။

ယနေ့ခေတ်တွင် မမ်မီများကို အရောင်းအဝယ် ပြုလုပ်နေတဲ့ ရှေးဟောင်း မှောင်ခိုဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် တန်ဖိုးရှိပါတယ်။

မမ်မီကို ထုပ်ပိုးပြီး စားတာမျိုးတွေ မတွေ့တော့ပေမယ့် မမ်မီတွေဟာ ရောင်းဝယ်ရန်ရှိဆဲ၊ အမြတ်ထုတ််ခံရဆဲ ကုန်စည်တစ်ခုအဖြစ် ရှိနေဆဲပါပဲ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *