ကြယ်ကြွေတာကိုကြည့်ဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာ ၁၀ ခု

ကြယ်ကြွေတာကိုကြည့်ဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာ ၁၀ ခု

အချိုသောလူတွေက သဘာဝတရားရဲ့ အလှအပတွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်ကြပါတယ်။

ကမ္ဘာမြေက ပေစွမ်းနေတဲ့ သဘာဝတရားဖြစ်စဥ်တွေဖြစ်တဲ့ ကြယ်တံခွန်များ၊ လကြတ်ခြင်းများနဲ့ ကြယ်ကြွေခြင်းကဲ့သို့သော ကောင်းကင်ယံက အံ့သြဖွယ်ရာများကိုလည်း တန်ဖိုးထားသူတွေ ရှိပါတယ်။

ခေတ်သစ်သမိုင်းရဲ့ မှတ်တမ်းတင်ဖူးသမျှထဲမှာ ကြယ်ကြွေခြင်းဖြစ်စဥ်ကို စတင်တွေ့ရှိခဲ့တဲ့ ပထမဆုံ အချိန်ဟာ ၁၇၉၉ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက် ဖြစ်ပါတယ်။

လူသားသမိုင်းတစ်ခုလုံးအတွက် ကမ္ဘာမြေပေါ် ကြယ်ကြွေခြင်းဟာ တစ်နှစ်ကို အကြိမ်များစွာ ကျရောက်ခဲ့ပြီးပါပြီ။

ကြယ်ကြွေတာဟာ နှစ်စဉ်နှစ်တိုင်းမှာ ကောင်းကင်ဘုံ ပွဲတစ်ခုအဖြစ် အထွတ်အမြတ်ထားခံရသလို ကမ္ဘာပေါ်ရှိ အချို့နေရာများဟာလည်း အခုလို ကောင်းကင်ယံ ဖြစ်ရပ်များကို ကြည့်ရှုရန်အတွက် အကောင်းဆုံး ဖြစ်နေကြပါတယ်။

ဒါတွေကတော့ ကြယ်ကြွေတာကို ကြည့်ဖို့ အကောင်းဆုံးနေရာ ၁၀ ခုပါပဲ။

1. Joshua Tree အမျိုးသားဥယျာဉ်၊ ကယ်လီဖိုးနီးယား

ကယ်လီဖိုးနီးယားရှိ နေရာအများစုဟာ အလင်းညစ်ညမ်းမှုဒဏ်ကို ခံရသော်လည်း Joshua Tree ကတော့ ညကောင်းကင်ယံတွင် လုံးဝပြီးပြည့်စုံသော အလှတရားမျိုးကို ပေးစွမ်းနိုင်ပါတယ်။

သူ့ရဲ့ တည်နေရာကြောင့် ဆောင်းရာသီမှာ ကြယ်ကြွေခြင်းဖြစ်စဥ်တွေကို ပိုမိုမြင်တွေ့ရတတ်ပါတယ်။

2. Big Bend အမျိုးသားဥယျာဉ်၊ တက္ကဆက်

ကြည်လင်တဲ့ ညတစ်ညမှာ Big Bend အမျိုးသားဥယျာဉ်က သင့်ကို ကြယ်ပေါင်း ၁၀၀ ဘီလီယံရှိသော နဂါးငွေ့တန်းကြီးများရဲ့ အကြိုကြည့်ရှုမှုကို ပေးစွမ်းနိုင်ပါတယ်။ သာမာန်ညမှာတင်ကို ဒီကနေ ကြယ်ပေါင်း ၂,၀၀၀ ကျော်ကို မြင်နိုင်ပါတယ်။

3. Big Pine Key, ဖလော်ရီဒါ

Big Pine Key ကလည်း ကြယ်ကြွေခြင်းများကို ကြည့်ရှုရန် အကောင်းဆုံးနေရာပါ။ ဒီနေရာဟာ နှစ်တိုင်း၊ အချိန်တိုင်းမှာ ဆွဲဆောင်မှုရှိသော ကြယ်စင်များကို ငေးကြည့်နိုင်သော နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတိုင်းမှာလည်း မြောက်ကမ္ဘာခြမ်းတွင် ပုံမှန်မဟုတ်တဲ့ တောင်ပိုင်း ကြယ်တာရာများကို ဒီရိယာမှ မြင်တွေ့ရတတ်ပါတယ်။

4. White Sands အမျိုးသား အဆောက်အုံ၊ မက္ကဆီကို

ဒီသဲကန္တာရဟာ ကြယ်ကြွေတာကိုဖမ်းဖို့ ကောင်းတာထက်ကို ပိုပြီးကောင်းလွန်းနေတဲ့ နေရာတစ်ခုပါ။

နေရာ အတော်များများမှာ သစ်ပင်တွေမရှိသလို ကောင်းကင်ကို ပိတ်ဆို့ဖို့ အနီးနားက တောင်အနည်းငယ်လည်း မရှိပါဘူး။

ကြယ်ကြွေတဲ့ မြင်ကွင်းကို ကောင်းကောင်းမြင်ရဖို့အတွက်ဆိုရင်တော့ သဲခုံပေါ်တောင်တက်လို့ရပါတယ်။

5. Death Valley အမျိုးသားဥယျာဉ်၊ ကယ်လီဖိုးနီးယားနဲ့ နီဗားဒါး

Death valley ကလည်း White Sands လိုမျိုး အကြောင်းပြချက်များစွာအတွက် ကြယ်ကြွေတာကို ခစားနိုင်တဲ့ နေရာကောင်းတစ်ခုပါ။

နိုင်ငံအတွင်းရှိ အမှောင်ဆုံးကောင်းကင်များထဲမှ တစ်ခုကိုလည်း ဖန်ဆင်းပေးထားပါသေးတယ်။

6. Denali အမျိုးသားဥယျာဉ်၊ အလက်ဇကာ

ဆောင်းရာသီ ကြယ်ကြွေခြင်းများကို Denali အမျိုးသားဥယျာဉ် တစ်ဝိုက်မှာ မြင်တွေ့ရခဲပေမဲ့လည်း Perseid ကြယ်ကြွေခြင်းကို မြင်တွေ့ဖို့အတွက်တော့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

ထို့အပြင် Aurora Borealis ဖြစ်စဉ်ကို ကြည့်ရှု့ရန် နေရာကောင်းတစ်ခုဖြစ်ပါတယ်။

7. Mercantour အမျိုးသားဥယျာဉ်၊ ပြင်သစ်

မြောက်အမေရိကရှိ နေရာအများစုက ကြယ်ကြွေခြင်းဖြစ်စဥ် အမြောက်အများကို မြင်တွေ့ရလေ့ရှိတာက မထူးဆန်းပေမဲ့ ပြင်သစ်က Mercantour အမျိုးသားဥယျာဉ်ဟာလည်း ထိုနေရာတွေလိုမျိုး နေရာတစ်ခု ဖြစ်နေတာပါ။

ဒီဥယျာဥ်ဟာ ပြင်သစ်ရှိ အမျိုးသားဥယျာဉ် ၁၀ ခုအနက်မှ တစ်ခုဖြစ်ပြီး မှောင်မိုက်နေတာကြောင့် အံ့သြဖွယ်ကောင်းတဲ့ နေရာများကို ကြည့်ရှုနိုင်မည်

8. Kielder သစ်တော၊ အင်္ဂလန်

အင်္ဂလန်နိုင်ငံ၊ Northumberland ရှိ စကော့တလန် နယ်စပ်အနီးက ဒီသစ်တောဟာ ဥရောပတစ်ခွင်က ကြယ်ကြွေခြင်းတွေကို မြင်တွေ့ရန်အတွက် အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

ဒီနေရာကို ၅၈၀ စတုရန်းမိုင် ကျယ်ဝန်းတဲ့ မှောင်မိုက်သော ကောင်းကင်ဇုန်ဟုလည်း သတ်မှတ်ထားကြပါတယ်။

အလင်းရောင် ညစ်ညမ်းမှု မရှိခြင်းကလည်း ကြယ်ကြွေခြင်းကို ကြည့်ရှုရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာစေပါတယ်။

9. Finger ရေကန်၊ နယူးယော့ခ်

New York ရှိ Finger Lakes ကလည်း ကြယ်များကိုကြည့်ရန် စိတ်ကူးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ပေါပေါများများ ကြည့်ရှုနိုင်မယ့် မယုံနိုင်စရာနေရာတစ်ခု ဖြစ်ပါတယ်။

10. Tucson၊ အရီဇိုးနား

Tucson ကို ကမ္ဘာ့ နက္ခတ္တဗေဒမြို့တော်လို့ ခေါ်တွင်ကြတာကလည်း အကြောင်းရှိပါတယ်။

သူ့ရဲ့တောင်တန်းများဟာ ကမ္ဘာပေါ်ရှိ ဘယ်နေရာကိုမဆို မှန်ပြောင်းအများဆုံး ရောက်ရှိနိုင်ပြီး ကောင်းကင်ကလည်း အလွန်အမင်း မှောင်မိုက်နေတာကြောင့် အလှပဆုံးသော ကြွယ်ကြွေခြင်းတို့ရဲ့ စံပျော်ရာဒေသပါပဲ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *