ကမ္ဘာ့သမုဒ္ဒရာတွေထဲက အနက်ရှိုင်းဆုံး နေရာများ

ကမ္ဘာ့သမုဒ္ဒရာတွေထဲက အနက်ရှိုင်းဆုံး နေရာများ

ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ ပြင်ပကမ္ဘာအလား ထင်မှတ်ရတဲ့ နက်နဲသော နယ်ပယ်များစွာ တည်ရှိပါတယ်။

ဒါကြောင့် သမုဒ္ဒရာရေပြင်အောက်က အနက်ရှိုင်းဆုံး ချောက်များနဲ့ ကတုတ်ကျင်းများဟာ ကမ္ဘာ့သမုဒ္ဒရာငါးခုစီမှာ ဘယ်လိုမျိုး အနက်ရှိုင်းဆုံး တည်ရှိနေကြလဲဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

အခု ဖော်ပြပေးသွားမယ့် နေရာတွေဟာ ကမ္ဘာ့ သမုဒ္ဒရာထဲက အမှောင်မိုက်ဆုံး နေရာများဆိုရင်လည်း မမှားပါဘူး။

မာရီယာနာချောက်ကြီး

ပစိဖိတ်သမုဒ္ဒရာအတွင်း အနက်ရှိုင်းဆုံး နေရာနဲ့ ကမ္ဘာမြေပေါ်က အနက်ရှိုင်းဆုံး နေရာကတော့ မာရီယာနာချောက်ကြီး ဖြစ်ပါတယ်။

ကတုတ်ကျင်းရဲ့ အနက်ရှိုင်းဆုံးနေရာဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဖက်ပိုင်း ဂူအမ်ကျွန်းအနီးက Challenger ချောက်ဖြစ်ပြီး ရေမျက်နှာပြင်အောက် ပေ ၃၆,၀၀၀ (၁၀,၉၇၃ မီတာ) နီးပါး ကျဆင်းသွားပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာရှိ အနက်ရှိုင်းဆုံး ဒေသကတော့ Puerto Rico ချောက်ကြီးရဲ့ ၂၇,၅၈၅ ပေ နက်တဲ့ ဝင်ရိုးက Milwaukee ချောက် ဖြစ်ပါတယ်။

ပေပေါင်း ၂၃,၉၁၇ (၇,၂၉၀ မီတာ) နက်သော နေရာမှာ အခုလို ဆင်းသက်လာခြင်းကလည်း အိန္ဒိယသမုဒ္ဒရာရဲ့ အောက်ခြေကို အမည်မဲ့ဒေသတစ်ခု ဖြစ်လာစေပါတယ်။

အန္တာတိကသမုဒ္ဒရာက အနက်ရှိုင်းဆုံး နေရာကတော့ Sandwich ချောက်ဖြစ်ပြီး ၂၄,၂၂၉ ပေ (၇,၃၈၅ မီတာ) ဆင်းသွားပါတယ်။

အာတိတ်သမုဒ္ဒရာကတော့ အနက် ၁၆,၀၀၀ ပေ (၄,၈၇၇ မီတာ) အထိ နက်ရှိုင်းတဲ့ Fram Strait က Molloy ချောက်ကြီးကို ပိုင်ဆိုင်ထားပါတယ်။

ထိုသို့သော နေရာများဟာ နေရဲ့အလင်းရောင်ကပင် လက်လှမ်းမမီတဲ့ နေရာများဖြစ်ပြီး အမှောင်ထုရဲ့ ဝါးမြိုခြင်းကို တစ်သက်သာ ခံယူထားရတဲ့ နေရာတွေလည်းဖြစ်ပါတယ်။

ဒီနေရာတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေကိုလည်း ဖော်ပြပေးသွားချင်ပါတယ်။

ဦးစွာအနေနဲ့ မာရီယာနာချောက်ဟာ ၁,၅၈၀ မိုင် ရှည်လျားသော သမုဒ္ဒရာအတွင်းရှိ ချောက်ကြီးတစ်ခုဖြစ်တာကြောင့် ကမ္ဘာဂြိုလ်ရဲ့ အနက်ရှိုင်းဆုံး နေရာအများအပြားကို တွေ့ရှိနိုင်ပါတယ်။

မာရီယာနာရဲ့ အနက်ရှိုင်းဆုံးနေရာဖြစ်တဲ့ Challenger ချောက်သို့ လူ ၂၇ ဦးသာ ရောက်ခဲ့ဖူးပါတယ်။

ပထမဆုံး ရောက်ရှိခဲ့ဖူးသူတွေကတော့ ၁၉၆၀ ခုနှစ်ကဖြစ်ပြီး စွန့်စား စူးစမ်းရှာဖွေသူ Jacques Piccard နဲ့ Navy Lt. Don Walsh တို့ ဖြစ်ပါတယ်။

မာရီယာနာရဲ့ အခြားနက်ရှိုင်းတဲ့ နေရာတစ်ခုဖြစ်တဲ့ ၃၄,၄၄၈ ပေ (၁၀,၅၀၀ မီတာ) နက်တဲ့ Sirena Deep ချောက်ကိုတော့ ၂၀၁၄ ခုနှစ်မှာ စူးစမ်း လေ့လာခဲ့ပြီး အခြေအနေများကို စောင့်ကြည့် လေ့လာခဲ့ဖူးပါတယ်။

နေရောင်မမြင်ရတဲ့ ဒီနေရာဟာ အပူချိန်ကလည်း ပုံမှန်အားဖြင့် ၁-၂ ဒီဂရီစင်တီဂရိတ်ခန့် (၃၃.၈ မှ ၃၅.၆ ဒီဂရီဖာရင်ဟိုက်) ခန့်အေးပါတယ်။ ရေဖိအားများ အလွန်မြင့်မားပြီး သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးအနက်မှာ စတုရန်း တစ်လက်မကို ပေါင် ၁၅,၀၀၀ အထိ ရှိပါတယ်။

ပြင်းထန်တဲ့ အခြေအနေများကြားမှ သက်ရှိတွေဟာ ကျွန်ုပ်တို့ကမ္ဘာ့ ပင်လယ်များရဲ့ အနက်ရှိုင်းဆုံး နေရာများမှာ တည်ရှိနေကြပါတယ်။

လွန်ကဲတဲ့ အနက်ရှိုင်းဆုံး နေရာတွေမှာ ပေါက်ရောက်လာသော သတ္တဝါ အမျိုးအစားများဟာ မတူညီသော မျိုးစိတ်များ ကွဲပြားနိုင်သလို ဒေသအလိုက်လည်း ထူးခြားနေနိုင်ပါတယ်။

ဒါ့အပြင် အချို့သော သတ္တဝါများဟာ တိကျတဲ့ အနက်မှာ ပေါ်လာတတ်ကြကြောင်း ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီလိုနေရာမျိုးတွေမှာ နေထိုင်တဲ့ သက်ရှိတွေရဲ့ ဘဝဟာ သိသိသာသာ ကွဲပြားနေတာကို သိထားရပါမယ်။

မျိုးစိတ်တစ်ခုရဲ့ အတိမ်အနက် အကွာအဝေးတွေကို ဖိအားများနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အမူအကျင့်နဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတို့က ထိန်းချုပ်ထားကြတာမျိုးလည်း ရှိသလို ဒီနေရာတွေဟာ မျိုးစိတ်အသစ်တွေကို ရှာဖွေတွေ့ရှိဖို့ အကောင်းဆုံး နေရာတွေလည်း ဖြစ်ပါတယ်။

နက်ရှိုင်းတဲ့ နေရာတွေမှာ ရှင်သန်ဖို့အတွက် အထူးသင့်လျော်တဲ့ သက်ရှိတွေမှာ ပြင်းထန်တဲ့ ရေထုနဲ့ လေထု ဖိအားတွေကိုလည်း ကိုင်တွယ်နိုင်စွမ်းရှိကြပြီး သူတို့ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ အခြားသော အဟာရတွေကိုလည်း ရှာဖွေစုဆောင်းနိုင်ကြပါတယ်။

မာရီယာနာချောက်က အထင်ရှားဆုံး သက်ရှိတွေကို ဖော်ပြရမယ်ဆိုရင်တော့ ပေ ၁၆,၀၀၀ လောက် အနက်မှစပြီး ငါးရှဉ့်များ၊Rattail ငါးတွေနဲ့ decapod ပုဇွန်တို့ဖြစ်ပါတယ်။

ဒါ့အပြင် အနက်ရှိုင်းဆုံး ၂၆,၂၅၀ အနက်မှာလည်း ကူးခတ်သွားလာနေတဲ့ ငါးမျိုးစိတ်တချို့ကို တွေ့နိုင်ပါတယ်။

Puerto Rico ချောက်မှာတော့ tectonic plate တစ်ခုက နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းနဲ့ ကတုတ်ကျင်းတွေကို ဖန်တီးထားခဲ့သလို မီးတောင်တွေကိုလည်း တွေ့ရှိရမှာပါ။

အနက် ၂၆,၀၀၀ ပေမှာလည်း ရွှံ့နွံများ ပေါက်ကွဲခဲ့တဲ့ မီးတောင်ကို ရေနက်ပိုင်းမှာ တွေ့ရှိခဲ့ဖူးပါတယ်။

ဒါ့အပြင် ချောက်အနီးရှိ နေရာများဟာ မြေငလျင်နဲ့ ဆူနာမီလှိုင်းများ ကျရောက်နိုင်ချေ ရှိနေပါတယ်။

အိန္ဒိယသမုဒ္ဒရာက Java ချောက်နဲ့ အန္တာတိကသမုဒ္ဒရာက South Sandwich ချောက်တို့ရဲ့ အနက်ရှိုင်းဆုံးအပိုင်းများကိုတော့ လေ့လာမှုတွေ သိပ်မရှိသေးပါဘူး။

ဒါပေမဲ့ လေ့လာမှုတချို့က ခရုငါး၊ ကြယ်ငါးများ၊ ပင်လယ်သခွားသီးများနဲ့ ရေမြှုပ်များ နေထိုင်နေကြတယ်လို့ ဖော်ပြထားပြီး အော်ဂဲနစ်ဒြပ်စင်များ စုပုံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာတိတ်ရေခဲများ အရည်ပျော်ခြင်းကဲ့သို့သော ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများနဲ့ လေထုညစ်ညမ်းမှုတို့ဟာ အောက်ခြေမှ မြေမျက်နှာပြင်သို့ ရွေ့လျားလာမှာကိုလည်း စိုးရိမ်နေရပါသေူတယ်။

ဒါ့အပြင် ဒီလို အနက်ရှိုင်းဆုံးနေရာတွေမှာ ဆိုးကျိုးရှိတဲ့ ဒြပ်စင်တွေ စုပုံနေရခြင်းရဲ့ အကြောင်းရင်း တစ်ခုပလတ်စတစ်အိတ်နှင့် သကြားလုံးထုပ်များကို တွေ့ရှိခဲ့ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုကဲ့သို့သော လူ့လုပ်ဆောင်မှုများဟာလည်း ပင်လယ်ရေနက်ပိုင်း နေထိုင်ရာများကို လွှမ်းမိုးနေပြီဖြစ်တာကြောင့် ဒီဂေဟစနစ်တွေကို နားလည်သဘောပေါက်ရန်၊ တန်ဖိုးထားရန်နဲ့ ကာကွယ်ရန်မှာလည်း အရေးကြီးပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *