တန်ဖိုးကြီး တူနာငါးကိုမိပြီး ပြန်လွှတ်ပေးခဲ့သူ

တန်ဖိုးကြီး တူနာငါးကိုမိပြီး ပြန်လွှတ်ပေးခဲ့သူ

ယူကေက Welsh ရေပြင်မှာ အလေးချိန် ပေါင် ၉၀၀ ရှိတဲ့ အကြီးဆုံး ငါးတစ်ကောင်ကို ဖမ်းမိပြီးမှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

Welsh ရေပြင်မှာ ဖမ်းမိဖူးသမျှ အကြီးဆုံးငါးလို့ ယူဆရတဲ့ အလေးချိန် ပေါင် ၉၀၀ (၄၀၈ ကီလိုဂရမ်) ရှိတဲ့ ဧရာမ တူနာငါးကြီးကို Simon Batey ဆိုသူ ငါးဖမ်းသမားတစ်ဦးက ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ်။

Simon Batey နှင့် သူ့ သူငယ်ချင်း Jason Nott တို့ဟာ ဝေးလ် ကမ်းရိုးတန်းအနောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ Celtic Deeps လို့ လူသိများတဲ့ အိုင်ယာလန်ပင်လယ်မှာ ငါးဖမ်းရာကနေ Atlantic bluefin တူနာငါးကြီးကို ဖမ်းမိခဲ့ကြတာ ဖြစ်ပါတယ်။

ဖမ်းမိသမျှ တူနာငါးထဲမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။ ၉ ပေ (၂.၈၂ မီတာ) အရှည်ရှိတဲ့ ငါးကြီးကို ဖမ်းမိပြီး တိုင်းတာကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

Welsh ရေပြင်ဟာ ယခုအခါ ကမ္ဘာ့အကြီးဆုံးငါးအချို့ကို ဂုဏ်ယူဝင့်ကြွားနေပြီး နိုင်ငံတကာမှ ငါးဖမ်းသူများကို ဆွဲဆောင်နိုင်ခဲ့ပါပြီ။ တူနာငါးဟာ ကမ္ဘာ့ဈေးအကြီးဆုံးငါးလည်း ဖြစ်ပါတယ်။

ငါးကြီးဟာ တစ်နာရီကြာ အောင် ရုန်းကန်‌နေပြီးမှ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ငါးကို ထိခိုက်မိမှာစိုးလို့ သူတို့က မှိန်းကို မသုံးခဲ့ကြပါဘူး။

ဒီအရွယ်ငါးကို ဖမ်းမိတာ အံ့ဩစရာပါ။ သူ့အရှည်က ငါးမန်းကြီးနဲ့ တူ‌နေပါတယ်။ ကျ‌နော်တို့အဖွဲ့လိုက် အားထုတ်မှုကြောင့်သာ ဒီကောင်ကြီးကို မိခဲ့တာပါတဲ့။

အတွေ့အကြုံ မရှိသေးတဲ့ သူဆိုရင်လည်း ဒီလိုငါးကြီးကို ဖမ်းမိဖို့ မလွယ်ပါဘူးလို့ အတွေ့အကြုံရှိတဲ့ ပင်လယ်ငါးဖမ်းသမားတစ်ယောက်ဖြစ်သူ Jason Nott ဆိုပါတယ်။

ငါးကြီးကို မချိန်တွယ်မီ ပါးဟက်များမှ အောက်ဆီဂျင် ပုံမှန်ရရှိစေဖို့ လှေနံဘေးမှာ ကပ်တွဲပြီး ဖြည်းဖြည်းခြင်း သယ်ဆောင်လာခဲ့ရတာပါ။

Welsh ရေပြင်မှာ ဒီအရွယ်အစားရှိတဲ့ ငါးတစ်ကောင်ကို ဖမ်းမိတဲ့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

“အခု ကျွန်တော်တို့မှာ ကမ္ဘာ့အကြီးဆုံး တူနာငါးအချို့ကို ကျွန်တော်တို့ ရေပြင်မှာ ကူးခတ်နေရပါပြီ”လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါ‌သေးတယ်။

Jason Nott ဟာ တူနာငါးဖမ်းခြင်း အစီအစဉ်ရဲ့လိုင်စင်ရ လှေခြောက်စင်းအနက်မှ တစ်စီးရဲ့ ကပ္ပတိန်လည်း ဖြစ်ပါတယ်။

House of the Dragon နှင့် Invictus နှင့် Justice League ကဲ့သို့သော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မှုများကြောင့် လူသိများသော Julian Lewis Jones ကလည်း ဝေးလ်ပြည်နယ်ရှိ တူနာငါးဖမ်းလုပ်ငန်းကို ကမ္ဘာ့အဆင့်မီ အပန်းဖြေဖမ်းရန်နှင့် လွှတ်ပေးရန် အလားအလာရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး တူနာငါးအချို့ဟာ Welsh ကမ်းရိုးတန်းတွင် နေထိုင်ကြတယ်လို့ သရုပ်ဆောင်နှင့် ငါးဖမ်းသမား Julian Lewis Jones မှ ပြောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့ရဲ့ ရေပြင်က ရေရဲ့ အပူချိန်ဟာ အဏ္ဏဝါသက်ရှိများအတွက် ရှင်သန်ဖို့ အလွန်ကောင်းမွန်ပါတယ်။

ဒါကို မှန်ကန်စွာ စီမံခန့်ခွဲမည်ဆိုပါက နောင်လာနောက်သား မျိုးဆက်များအတွက် ရလာဒ်ကောင်း‌ ဖြစ်လာလိမ့်မယ် ဖြစ်ပါတယ်။

နှစ်တိုင်း တူနာငါးတွေ ပိုများလာတာကို တွေ့ရတာကြောင့် ကမ္ဘာတစ်ဝှမ်းက ငါးဖမ်းသမားတွေ ဒီကို လာဖမ်းစေချင်တယ်လို့ Julian Lewis Jones ဆိုပါတယ်။

တံငါသည်များနှင့် ကျွန်‌တော်တို့ဟာ အဏ္ဏဝါလောကကို အုပ်ထိန်းသူများဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ထိန်းသိမ်းရေးကို ဂရုစိုက်ဖို့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဆွမ်ဆီး တက္ကသိုလ်မှာ သုတေသနပညာရှင်တွေနဲ့ လက်တွဲပြီး ရေနေသတ္တဝါတွေကို ရှင်သန်စေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ငါးဖမ်းလုပ်ငန်းကို စီမံခန့်ခွဲနိုင်ရင် ရေရှည်တည်တံ့ပြီး လူမှုစီးပွားအကျိုးအမြတ်တွေ ယူဆောင်လာပေးနိုင်ပါတယ်။

ရေထဲတွင် ၎င်းတို့၏ အရွယ်အစားနှင့် အရှိန်အဝါကြောင့် ကျော်ကြားတဲ့ Atlantic bluefin တူနာလို့လည်း လူသိများသော အတ္တလန္တိတ် အပြာရောင် တူနာငါး‌တွေကို စီးပွားဖြစ် အလွန်အကျွံဖမ်းခြင်းနဲ့ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ၁၉၆၀ ခုနှစ်များအတွင်း ယူကေရေပြင်မှ ပျောက်ကွယ်သွားခဲ့ဖူးပါတယ်။

သို့သော် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အများအပြားကို အစာကျွေးရာက‌နေ ပြီးခဲ့တဲ့ ဇူလိုင်လနှင့် ဒီဇင်ဘာလကြားမှာ ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အခုတင်ပြခဲ့တာကတော့ ဘီဘီစီက သတင်းကို ပြန်လည်တင်ပြခဲ့တာ ဖြစ်ပါတယ်။

သဘာဝပါတ်ဝန်းကျင်ဆိုတာ တန်ဖိုးထား ထိန်းသိမ်းကြမှသာ ရေရှည်တည်တံ့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *