ခရီးသည်တင်လေယာဉ်တွေ ဆီဖြည့်တဲ့အခါ
လေယာဉ်တွေကို ဘယ်လို ဆီဖြည့်ကြသလဲ။
မော်တော်ယာဉ်တွေ ဆီဆိုင်မှာ ဓါတ်ဆီဖြည့်တာ တွေ့ဖူးကြမှာပါ။ဆေးလိပ် မသောက်ရ ဆိုင်းဘုတ်တွေ ရေးသားချိတ်ဆွဲထားတာကိုလည်း တွေ့ကြမှာပါ။
ခုဆို ဆီဖြည့်စဉ် မိုဘိုင်းဖုန်း မသုံးရဆိုတာပါ တွေ့လာရပါပြီ။ ဒါတွေက ဆီဖြည့်စဉ် မတော်တဆဖြစ်မှုကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
လေယာဉ်မှာလည်း ဒီလိုသတိထားရမယ့်အချက်တွေ ရှိပါတယ်။ ဒါပေမယ့် လေယာဉ်မှာ ပိုထူးခြားတာက စည်းမျဉ်း ဥပဒေနဲ့ စနစ်တကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာနိုင်ငံရဲ့ လေကြောင်းအာဏာပိုင် ( Local Aviation Authority ) က ရေးဆွဲပြဌာန်းထားတာ ဖြစ်ပါတယ်။
Pressure Refuelling
ခုတင်ပြချင်တာကတော့ သတ်မှတ်ထားတဲ့ အချက်အလက်တွေကို ယေဘူယျ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဘယ်လောက်သတိထားရတယ်ဆိုတာ ဖတ်ရှု့ကြည့်ကြပါနော်။
အကြမ်းဖျင်းပြောရရင်တော့ ဆီဖြည့်ပုံ နှစ်မျိုးရှိပါတယ်။ Pressure Refuelling (ဖိအားဖြင့် ဆီဖြည့်ခြင်း) နဲ့ Gravity Refuelling (မြေဆွဲအားအသုံးပြု ဆီထည့်ခြင်း) တို့ ဖြစ်ပါတယ်။ ဘယ်နည်းနဲ့ ဖြည့်တာဖြစ်ပါစေ အောက်ပါ စည်းကမ်းတွေကို လိုက်နာရပါတယ်။
၁။ ဆီသယ်ဆောင်တဲ့ယာဉ်ထဲက ဆီဟာ သတ်မှတ်ထားတဲ့ အရည်အသွေး ရှိရပါမယ်။ ဘယ်သူက သတ်မှတ်လဲဆိုရင် ဒေသဆိုင်ရာ လေကြောင်းအာဏာပိုင်က သတ်မှတ်တာ ဖြစ်ပါတယ်။
ဒါကို Fuel must be a type approved by the chief inspector of explosive in local Authority as licensed under pectrolium rules လို့ ဆိုပါတယ်။ ဒီမှာအသုံးပြုတဲ့ လေယာဉ်ဆီအမျိုးအစားကတော့ Jet-A1 ဖြစ်ပါတယ်။
Gravity Refuelling
၂။ ဆီဖြည့်နေတဲ့ ဧရိယာတစ်ဝိုက် ပေ ၂၀ ပတ်ဝန်းကျင်ကို ဆီဖြည့်ဇုံအဖြစ် သတ်မှတ်ထားပါတယ်။ ဒီဧရိယာထဲမှာ ဆေးလိပ်သောက်ခြင်း၊ လျှပ်စစ်ခလုပ်များ ဖွင့်ပိတ်ခြင်း၊စံချိန်မမှီတဲ့ ဓါတ်မီးများ အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။
၃။ ဆေးလိုက်မသောက်ရ ( No Smoking) ဆိုင်းဘုတ်ကို ၁၅ မီတာ (သို့) ပေ ၅၀ အကွာမှာ ရေးသားစိုက်ထူပေးထားရပါမယ်။
၄။ GPU (Ground Power Unit) လို့ခေါ်တဲ့ မြေပြင်မှာ လေယာဉ်ကို ပါဝါပေးတဲ့စက်ဟာလည်း လေယာဉ်နဲ့ ဝေးနိုင်သမျှ ဝေးအောင်ထားပြီး ချိတ်ဆက်ရပါမယ်။ (ကြိုးတစ်ဆုံးလို့ ပြောလို့ရပါတယ်)
၅။ လေယာဉ်ဆီဟာ အတောင်ပံထဲက တိုင်ကီတွေထဲ ထည့်တာဖြစ်လို့ တောင်ပံတဖက်စွန်းမှာတွေမှာ အလွယ်တကူ သယ်နိုင်တဲ့ မီးသတ်ဘူးတွေထားရှိပေးထားရပါတယ်။
GPU
၆။ ဆီဖြည့်စဉ်မှာ လေယာဉ်ရဲ့ ရေဒီယိုစနစ်တွေကို စမ်းသပ်တာမျိုး လုပ်ခွင့်မပြုပါဘူး။ လျှပ်စစ်လှိုင်းတွေကြောင့် မီးလောင်တတ်ပါတယ်။
၇။ ရာသီဥတုအရမ်းဆိုးဝါးနေရင် ဆီဖြည့်ခွင့် မပြုပါဘူး။ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများကြောင့် လေယာဉ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
၈။ ဆီဖြည့်စဉ်မှာ လေယာဉ်ဘီးကို ခုထားတဲ့ ဂျမ်းတုံး (Chock) တွေကို ဘီးနဲ့ အနည်းငယ် ခွာထားပေးရပါတယ်။ ဆီဝိတ်ကြောင့် ဘီးနဲ့ဂျမ်းတုံး ညှပ်နေမှာစိုးတာရယ်၊တစ်စုံတစ်ခု ဖြစ်ရင် အလွယ်တကူ ဖယ်ရှားလို့ရအောင် ဖြစ်ပါတယ်။
၉။ ဆီဖြည့်တဲ့ပိုက်ဟာ ကောက်ကွေးမနေအောင် ထားရပါတယ်။ ဆီပိုက်ခေါင်းကိုလည်း သေချာအောင် တပ်ဆင်ထားဖို့ လိုပါတယ်။
၁၀။ အရေးကြီးတဲ့အချက်က Earthing လို့ ခေါ်တဲ့ လျှပ်စစ်ကို Ground ချဖို့ပါ။ Static Electricity ကြောင့် ဆီငွေ့ဟာ မီးလောင်တတ်ပါတယ်။ ဒါ့ကြောင့် ဆီသည်ယာဉ်၊ပိုက်နဲ့လေယာဉ် အားလုံးကို Ground ကြိုးနဲ့ Ground ချထားရပါလိမ့်မယ်။
fuel tanker
၁၁။ Pressure နဲ့ ဆီဖြည့်မယ်ဆိုရင် သတ်မှတ်တဲ့ ဖိအားထက် မပိုစေရပါဘူး။ ဒါကိုလည်း လက်ဆွဲစာအုပ်တွေမှာ ဖော်ပြထားတတ်ပါတယ်။ ဖိအားများရင်လွန်းရင် လေယာဉ်ထဲက အဆို့ရှင်တွေ၊ပိုက်တွေ ပျက်စီးမှာစိုးလို့ပါ။
၁၂။ ဆီဖြည့်နေစဉ်အတွင်း လေယာဉ်ကို စက်နှိုးထားလို့မရပါဘူး။ ရေဒီယိုစက်တွေ မဖွင့်ရပါဘူး။
၁၃။ အင်ဂျင်က ဆီထွက်ပေါက် (fuel cock)တွေအားလုံး ပိတ်ထားပြီးသား ဖြစ်ရပါမယ်။
၁၄။ ဆီတွေလျှံကျတာမျိုးမဖြစ်အောင် ဂကုစိုက်ရပါမယ်။ လျှံကျခဲ့ရင် ပြောင်စင်အောင် လုပ်ပြီးမှ လေယာဉ်ကို သက်နှိုးခွင့်ပြုပါတယ်။
ဆီပြောင်အောင်ပြုလုပ်သန့်ရှင်းနည်းကိုလည်း လက်ဆွဲစာအုပ်တွေမှာ ဖော်ပြထားပါတယ်။ သက်ဆိုင်ရာ ဓါတုဆေးရည်တွေနဲ့ ဆေးကြောရပါတယ်။မဟုတ်ရင်တော့ လေယာဉ်ကို ဆီလျှံကျတဲ့နေရာနဲ့ ဝေးတဲ့နေရာကို ရွေ့ရပါလိမ့်မယ်။
ခုတင်ပြခဲ့တာကတော့ လေယာဉ်တွေကို ဆီဖြည့်တဲ့အခါ လိုက်နာရမယ့် ယေဘူယျအချက်တွေပဲ ဖြစ်ပါတယ်။ ဆီဖြည့်သူဟာ ကျွမ်းကျင်တဲ့ စက်ပြင် သို့မဟုတ် လိုင်စင်ရ အင်ဂျင်နီယာ ဖြစ်ရပါမယ်။
စက်မှုမှတ်တမ်းစာအုပ်မှာ ဆီအမျိုးအစား၊ ဖြည့်တဲ့ ပမာဏ၊နေရာ၊အချိန်စသဖြင့် ပြည့်စုံစွာ ရေးသွင်းမှတ်တမ်းတင်ကြရပါတယ်။
ညအချိန်မှာ ဆီဖြည့်မယ်ဆိုရင်လည်း အသုံးပြုတဲ့ ဓါတ်မီးကအစ အထူးသတ်မှတ်ထားတဲ့ ဓါတ်မီး(ရာဘာအစွပ် တပ်ဆင်ထား)ဖြစ်ရပါလိမ့်မယ်။ ဆီဟာ လူ့အရေပြားကို အန္တရာယ်ဖြစ်စေတဲ့အတွက် လက်အိတ်၊မျက်မှန်စသဖြင့် ဝတ်ဆင်ကြရပါတယ်။
ခုတင်ပြခဲ့တာတွေထက် လိုအပ်တာတွေ ရှိနေနိုင်ပါသေးတယ်။ စာရှု့သူတို့ ဗဟုသုတ တိုးပွားစေဖို့ ကြိုးစားရှာဖွေ တင်ပြလိုက်တာ ဖြစ်ပါတယ်။
Knight News Team
Knight News © 2022