ကမ္ဘာတစ်ဝှမ်းက ရေခဲနဲ့ဆောက်လုပ်ထားကြတဲ့ ဟိုတယ်ကြီးများ

ကမ္ဘာတစ်ဝှမ်းက ရေခဲနဲ့ဆောက်လုပ်ထားကြတဲ့ ဟိုတယ်ကြီးများ

တချို့သော နိုင်ငံတွေက တီထွင်ဆန်းသစ်မှုနဲ့ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အလှတရားတွေဟာ ဒီနိုင်ငံမှာ လူဖြစ်ရတာ ရှုံးလိုက်လေခြင်းဆိုပြီး သံဝေဂရမိစေမှာ အသေအချာပါပဲ။

အနောက်တိုင်းမှာတော့ စွန့်စားမှုရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ခရီးသွားတို့ဟာ ရေခဲဟိုတယ်များရဲ့ မှော်ဆန်မှုကြောင့် မကြာခဏ ရရှိလေ့ရှိကြပါတယ်။ ဟုတ်ပါတယ်၊ ရေခဲဟော်တယ်ဆိုတဲ့အတိုင်း ရေခဲတွေနဲ့ ဟိုတယ်အဖြစ် တည်ဆောက်ထားကြတာပါ။

ဒါကြောင့် ရေခဲတွေ များစွာဟာ အရည်ပျော်တတ်တာကြောင့် တစ်နှစ်ပြီးတစ်နှစ် ပြန်လည်တည်ဆောက်နေဖို့ လိုအပ်တဲ့ ဒီဟိုတယ်တွေကို လူအများက စူးစမ်းလေ့လာကြချင်ကြတာကလည်း အံ့သြစရာ မဟုတ်ပေ။

စာဖတ်သူဟာလည်း ထိုလူများထဲမှ တစ်ယောက်ဖြစ်ပါက ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းရေခဲဟိုတယ်များ စာရင်းကို စာရင်းပြုစုထားတာကြောင့် သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ အလှတရားတွေကို ခံစားလိုက်ပါလို့ ဆိုလိုက်ပါရစေ။

၁။ Judetul Sibiu ရေခဲဟိုတယ်၊ ရိုမေးနီးယား

နှင်းဖုံးတောင်တန်းများမှာ တည်ရှိတဲ့ ဒီရေခဲဟိုတယ်ဟာ ဇိမ်ခံအခန်းများနဲ့ ဖွဲ့စည်းထားပြီး ပြင်ပစွန့်စားခန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အခန်းများကို ရေခဲဖြင့်တည်ဆောက်ထားပြီး နံရံများနဲ့ ရေခဲအနုပညာရှင်များရဲ့ လက်ဖြင့်ထွင်းထားသော ပရိဘောဂများဖြင့် တည်ဆောက်ထားပါတယ်။

ဒီရေခဲဟိုတယ်ကို Balea Lac ရဲ့ အကြီးဆုံးရေခဲအိုင်မှ ထုတ်ယူထားတဲ့ နှင်းများနဲ့ ရေခဲတုံးများဖြင့် နှစ်စဉ် ပြန်လည်တည်ဆောက်ရပြီး ဧည့်သည်များကတော့ ပတ်ဝန်းကျင်ရှိ Fagaras တောင်များရဲ့ လှပသောရှုခင်းများကို ခံစားနိုင်မှာပါ။

၂။ de Glace ရေခဲဟိုတယ်၊ ကနေဒါ

ဒီရေခဲဟိုတယ်ဟာ အနုပညာလက်ရာအစစ် ဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ပြည်တွင်းအနုပညာရှင်များဟာ ရေခဲပုံများကို စွဲမက်ဖွယ်ကောင်းအောင် ထွင်းထုကြပါတယ်။

ဟော်တယ်ရဲ့ အတွင်းပိုင်းမှာတော့ ထင်းရှူးပင်ငယ်များ ရေပူကန်များနှင့် မူရင်းရေခဲပန်းပုရုပ်တုများကို တွေ့ရမှာပါ။

၃။ Jukkasjarvi ရေခဲဟိုတယ်၊ ဆွီဒင်

ကမ္ဘာတစ်ဝှမ်းရှိ ရေခဲဟိုတယ်များအားလုံးထဲက အထင်ရှားဆုံးကတော့ ဆွီဒင်နိုင်ငံက Icehotel ပါပဲ။

နှင်းများနဲ့ ရေခဲများဖြင့် တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံးနဲ့ အကြီးဆုံးဟိုတယ်ဖြစ်တဲ့ ဒီဟိုတယ်ကြီးဟာ ဧည့်သည်များကို နှစ် ၃၀ ကျော် ကြိုဆိုခဲ့ပြီးပါပြီ။

Icehotel ရဲ့ ထူးခြားချက်မှ ဟိုတယ်အပိုင်း၊ ရေခဲအပိုင်းနဲ့ နှင်းအနုပညာ တပ်ဆင်မှုတို့ ဖြစ်ပါတယ်။

အထဲက နှင်းခဲ ဗိသုကာတွေနဲ့ ရေခဲပန်းချီတွေဟာလည်း အဆက်မပြတ် ပြောင်းလဲနေတာကြောင့် တံခါးများကို ဖြတ်လျှောက်သွားတဲ့အခါ ဘာကို တွေ့ရမလဲဆိုတာ မသိနိုင်ပါဘူး။

၄။ Kuhtai ရေခဲဟိုတယ်၊ သြစတြီးယား

အဓိက နှင်းလျှောစီးရာ Iglu ရွာမှာ တည်ရှိတာကြောင့် ဟိုတယ်ရဲ့ “ရိုမန်းတစ်” အိုင်ဂလိုများမှာ ရေနွေးပူပူ သောက်ခြင်း၊ ဒိန်ခဲဖော့ဒူးညစာ၊ ကြယ်များအောက်မှာ နှင်းဖိနပ်လမ်းလျှောက်ခြင်းနဲ့ အခြားအရာများ ပြုလုပ်နိုင်ပါတယ်။

၅။ Kakslauttanen အာတိတ် အပန်းဖြေစခန်း၊ ဖင်လန်

ဒီရေခဲဟိုတယ်ရဲ့ အံ့သြဖွယ်ရာတစ်ချက်ကတော့ တစ်နှစ်ပတ်လုံး အချိန်မှန်သွားရင်တော့ Northern Lights တွေကို မြင်တွေ့ရမှာပါ။

၆။ Sorrisniva Igloo ရေခဲဟိုတယ်၊ နော်ဝေး

တခြားရေခဲဟိုတယ်တွေနဲ့ မတူတာက Sorrisniva Igloo Hotel ဟာ သွားလာရလွယ်ကူတဲ့ မြို့နဲ့ နီးနီးနားနား တည်ရှိပြီး သဘာဝတရားထဲကို လွတ်လွတ်လပ်လပ် လွတ်ထွက်သွားသလို ခံစားနိုင်ပါတယ်။

ရေခဲနဲ့ နှင်းအစုံများအပြင် Northern Lights ကြည့်ရှုခြင်း၊ ဒေသ ယဉ်ကျေးမှုပွဲတို့ကိုလည်းလှုပ်ရှားမှုများကိုလည်း ပေးဆောင်ပါတယ်။

၇။ Kirkenes ရေခဲဟိုတယ်၊ နော်ဝေး

လူစုလူဝေးမရှိသလို မြောက်ပိုင်းအလင်းရောင်ရဲ့ လှပတဲ့ ရှုခင်းများကို ပေးဆောင်နိုင်တဲ့ ဒီဟိုတယ်မှာလည်း ဧည့်သည်များအတွက် အထူး နှင်းခန်းများ ရှိနေပါတယ်။

ရေခဲတုံးတစ်တုံးတည်းနဲ့ လုံးလုံးထွင်းထားတဲ့ စွတ်ဖားကုတင်ပေါ်မှာ အိပ်ချင်ရင်တော့ ဒီနေရာက သင့်အတွက်ပါပဲ။

၈။ Kemi ရေခဲဟိုတယ်၊ ဖင်လန်

ဆောင်းနဲ့ ပင်လယ်ကို ချစ်ခင်သူဆိုရင်တော့ဒီပင်လယ်ကမ်းစပ်ရှိ ရေခဲဟိုတယ်က အကောင်းဆုံး ရောစပ်ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုပါပဲ။

နွေရာသီမှာပါ ရေခဲတွေကို အရည်မပျော်အောင် ထိန်းသိမ်းပြီး ဖွင့်လှစ်ပေးထားပါတယ်။

၉။ Chena ရေပူစမ်းနဲ့ ရေခဲဟိုတယ်၊ အလက်ဇကာ

Chena Hot Springs Resort ဟာ အတွင်းမှာ ဟိုတယ် လေးခန်းပါရှိတဲ့ ကမ္ဘာကျော် Aurora ရေခဲပြတိုက်ရဲ့ နေရာပါ။

ဘုရားကျောင်းနဲ့တူတဲ့ အဆောက်အအုံတစ်ခုလုံးကို ဖန်တီးရန်အတွက် နှင်းနဲ့ ရေခဲတန်ချိန် ၁၀၀၀ ကျော်ကို အသုံးပြုခဲ့ရပါတယ်။

Aurora ရေခဲပြတိုက်ကို ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ပတ်ဝန်းကျင်အဖြစ် သတ်မှတ်ထားကြပါတယ်။

၁၀။ Hoshino ရေခဲပြင်ကျေးရွာ၊ ဂျပန်

Hoshino Resorts ရဲ့ Ice Village မှာ အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ထားတဲ့ ဒီရေခဲဟိုတယ်မှာ အမိုးခုံးပုံစံ မျက်နှာကျက်၊ နံရံများနဲ့ ရေခဲဖြင့် ပြုလုပ်ထားတဲ့ ပရိဘောဂများ ပါရှိပါတယ်။

အမိုးခုံးထဲမှာ ရေခဲတွေက အပြင်က အသံတွေကို ပိတ်ဆို့ထားတာကြောင့် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုပါ။

အအေးလွန်ကဲတဲ့ အိပ်အိတ်ထဲမှာ နောက်နေ့မနက်အထိ နွေးထွေးပြီး သက်တောင့်သက်သာ အိပ်ပျော်စေမှာပါ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *