ကမ္ဘာပေါ်က အလှပဆုံးသော ဆိပ်ကမ်း

ကမ္ဘာပေါ်က အလှပဆုံးသော ဆိပ်ကမ်း

ကမ္ဘာ့အလှပဆုံး ဆိပ်ကမ်းတွေလို့ ခေါင်းစဥ်တပ်လိုက်ရင် ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကိုမှ လှပလွန်းတဲ့ ဆိပ်ကမ်းတွေ အမြောက်အများရှိပေမယ့် အဲဒီထဲက ဆစ်ဒနီ ဆိပ်ကမ်းကတော့ အခြားသော ဆိပ်ကမ်းတွေနဲ့ မတူညီပါဘူး။

ဆစ်ဒနီ ဆိပ်ကမ်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားတဲ့ လှပတဲ့ ရေလမ်းတစ်ခု ဖြစ်ပါတယ်။ ရွက်လွှင့်ခြင်း၊ ရေကူးခြင်း၊ ရေငုပ်ခြင်းနဲ့ ကမ်းစပ်တစ်ဝိုက်မှာ လမ်းလျှောက်ခြင်းတို့အတွက် သဘာဝ ကစားကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆစ်ဒနီဟာ Sydney Opera House နဲ့ ဆစ်ဒနီ ဆိပ်ကမ်းတံတားတို့ တည်ရှိရာနေရာဖြစ်တာကြောင့် လူသိများသော်လည်း နောက်ထပ် နာမည်ကျော်ကြားတဲ့ အလှတရားတွေလည်း များစွာ ရှိပါသေးတယ်။

ဒီနေရာမှာ လေ့လာစူးစမ်းရန် ဖန်တီးထားတဲ့ လှပသော ကမ်းခြေများအထိ၊ လျှို့ဝှက်သောကမ်းခြေများမှ သာယာလှပသော သစ်ပင်တွေနဲ့ ဆွဲဆောင်မှုရှိသော ကျွန်းများအထိ ဆိပ်ကမ်းရဲ့ သဘာဝအလှက သင့်ကို အံ့အားသင့်စေမှာပါ။

East Sail မှ ကပ္ပတိန်နဲ့ ရွက်လှေကို ငှားရင်း ဂျက်သင်္ဘောဖြင့် ဆိပ်ကမ်းကိုဖြတ်၍ တောက်ပနေတဲ့ အပြာရောင် ရေပြင်ပေါ်မှာ နေ့လယ်စာ သို့မဟုတ် ညစာသုံးဆောင်ပြီး အနားယူပါ။

ကီလိုမီတာရာနဲ့ ချီသော ကမ်းရိုးတန်းများ၊ အမျိုးသားဥယျာဉ်များနဲ့ သမိုင်းဝင်နေရာများ ဝန်းရံထားတဲ့ ဆစ်ဒနီရဲ့ တောက်ပကြည်လင်နေတဲ့ ရေများဟာ သြစတြေးလျရဲ့ အကျော်ကြားဆုံးမြို့နဲ့ အဓိပ္ပါယ်တူပါတယ်။

ကူးတို့သင်္ဘောများ၊ ရွက်လှေများနဲ့ ကယပ်လှေများဖြင့် အသက်ရှင်လျက် ရှင်သန်နေတဲ့ ကမ္ဘာ့ သဘာဝအလျောက် ဆိပ်ကမ်းများထဲမှ တစ်ခုဟာ ဆစ်ဒနီရဲ့ အခြားနေရာများသို့ ဝင်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။

သူ့ရဲဲ့အလှကို ခံစားဖို့အတွက် ကြည်နူးဖွယ်နည်းလမ်းမှာ အထင်ကရ ဆစ်ဒနီ ကူးတို့သင်္ဘောကို စီးတာပါပဲ။ Sydney Opera House နဲ့ ဆစ်ဒနီ ဆိပ်ကမ်းတံတားတို့ အပါအဝင် ကျော်ကြားတဲ့ အထင်ကရနေရာများကို ဖြတ်ကျော်ကာ ဆိပ်ကမ်းဟာ ရှုခင်းသာ နေရာများစွာကို ပေးဆောင်နေပါတယ်။

မြင်ကွင်းကျယ် ဆိပ်ကမ်းမြင်ကွင်းများကိုခံစားရန်အတွက် Manly, Watsons Bay သို့မဟုတ် Taronga Zoo ကူးတို့လမ်းကြောင်းများကို လိုက်ပါးစီးနင်းနိုင်ပါတယ်။

ဆိပ်ကမ်းရဲ့ ပင်လယ်အော်များအနက်မှ စင်းလုံးငှား ရွက်လှေပေါ်မှာ အပန်းဖြေအနားယူခြင်းဖြင့် သို့မဟုတ် စင်းလုံးငှားအပျော်စီးသင်္ဘောပေါ်မှာ အပန်းဖြေခြင်းဖြင့်လည်း သာယာလှတဲ့ ဆစ်ဒနီမြို့ရဲ့ တစ်နေ့တာ အလှတရားကို အခွင့်ကောင်းယူနိုင်ပါသေးတယ်။

ခြေလျင်ခရီးထွက်ပြီး ဆိပ်ကမ်းတဝိုက်မှာလည်း ရှုခင်းသာအတိုချုံ့ကာ အပန်းဖြေခရီးထွက်နိုင်ရင်း မောပန်းလာရင်လည်း အပျော်စီး ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကြယ်ငါးလုံးအဆင့်ရှိတဲ့ ကမ္ဘာ့ဟင်းလျာတွေကို သုံးဆောင်နိုင်ပါသေးတယ်။

Fort Denison, Shark, Clark, Rodd, Goat နဲ့ Cockatoo တို့လို နာမည်ကျော် ကျွန်းများအပါအဝင် ဆိပ်ကမ်းအတွင်းရှိ ကျွန်းများဟာလည်း ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အရေးပါမှု နှစ်ခုစလုံးကို ကိုင်စွဲထားပါတယ်။

Cockatoo ကျွန်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ပါဝင်နေတဲ့ သြစတြေးလျက ပြစ်ဒဏ်ကျခံနေရသော နေရာ ၁၁ ခုအနက်မှ တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင်ကိုမှ အချိန်အရွေး တက်စီးနိုင်ပြီး အချိန်မရွေး ဆင်းသက်နိုင်တဲ့ လှည့်ပတ်နေသော ဖယ်ရီကားတွေရဲ့ ဝန်ဆောင်မှုများနဲ့လည်း သင့်ကိုယ်ပိုင် အရှိန်အဟုန်ဖြင့် ဆိပ်ကမ်းနဲ့ ကျွန်းတွေကို စူးစမ်းနိုင်ပါသေးတယ်။

ဆိပ်ကမ်းရဲ့ အမျိုးသားဥယျာဉ်ဟာလည်း ဆိပ်ကမ်းရဲ့ ကျွန်းအများအပြား အပြင် ကမ်းစပ်ကျယ်ဝန်းတဲ့ ကမ်းနားမှာလမ်းလျှောက်ခြင်းအတွက်လည်း အကောင်းဆုံးဖြစ်သလို ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်းကလည်း သင့်ကို သဘာဝရဲ့ အလှတရားနဲ့ လန်းဆန်းတက်ကြွမှုတို့ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *