ကမ္ဘာ့အလှဆုံးသစ်ပင်နဲ့ ပန်းပင်များစုဝေးရာ ပန်းဥယျာဥ်ကြီး
ဂျပန်နိုင်ငံ၊ Tochigi ရှိ Ashikaga ပန်းဥယျာဉ်ဟာ “ကမ္ဘာ့အလှဆုံး” လို့ သတ်မှတ်ခံရတဲ့ နာမည်ကျော် wisteria သစ်ပင်ရဲ့ နေအိမ် ဖြစ်ပါတယ်။
ဧရာမ သစ်ပင်ကြီးယာ အထင်ကြီးလောက်စရာ ၁,၉၉၀ စတုရန်းမီတာ အရွယ်အစားရှိပြီး ပွင့်နေချိန်မှာ သူ့ရဲ့ ပတ်ဝန်းကျင်ကို ခရမ်းရောင်နဲ့ ပန်းရောင် အရိပ်ပေးစွမ်းနိုင်ပါတယ်။
သူ့ရဲ့ ဒေါင်လိုက်ပန်းများဟာ ယခုအချိန်အထိ အောက်သို့ တွဲကျနေပြီး မြေကြီးနဲ့ ထိလုနီးပါးဖြစ်နေတဲ့ အလှတရားကလည်း စွဲမက်ဖွယ်ရာပါ။
ဂျပန်နိုင်ငံရှိ ဖူဂျီလို့လည်း လူသိများသော wisteria ဟာ နိုင်ငံအတွင်း လူကြိုက်အများဆုံး နွေဦးပန်းများထဲမှ တစ်ခုဖြစ်ပါတယ်။
ဂျပန်လူမျိုးများအတွက်တော့ ဒီပန်းဟာ ချစ်ခြင်းမေတ္တာနဲ့ အလှတရားကို ကိုယ်စားပြုငလို အောင်ပွဲနဲ့ မသေနိုင်တဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။
အထူးသဖြင့် နွေဦးရာသီမှာ သန်းနဲ့ချီသော ကမ္ဘာလှည့် ခရီးသည်များဟာ ဂျပန်နိုင်ငံသို့ ရင်သပ်ရှုမောဖွယ် ဆာကူရာ ပန်းပင်များနဲ့ wisteria သစ်ပင်များကို ကြည့်ရှုရန် လာရောက်ကြလေ့ရှိပါတယ်။
Ashikaga ပန်းခြံရဲ့ အလယ်ဗဟိုမှာတော့ သူ့ ရဲ့ အဓိက ဆွဲဆောင်မှုဖြစတဲ့ “Great Miracle Wisteria” ဟာ အလွန်ခမ်းနားထည်ဝါလှပြီး ဒီပန်းပင်ဟာ နှစ်ပေါင်း ၁၅၀ နီးပါး ရှိပြီဆိုတာကို ယုံကြည်ရန်အတွက်ပင် ခဲယဉ်းနေပါတယ်။
ဒါ့အပြင် ဒီအပင်ဟာ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး သက်ရှိ wisteria လို့လည်း လူတွေက ယုံကြည်ကြပါတယ်။
သူက ကမ္ဘာ့အကြီးဆုံး မဟုတ်တော့မဟုတ်ပေမဲ့ ကယ်လီဖိုးနီးယားက wisteria သစ်ပင်ကတာ့ ကမ္ဘာ့အကြီးဆုံး ဖြစ်ပါတယ်။ ဧရိယာ စတုရန်းမီတာ ၄,၀၀၀ ခန့်ရှိပြီး နိုင်ငံအတွင်းမှာလည်း အကြီးဆုံးဖြစ်ပါတယ်။
ဒီမျိုးနွယ်တွေကိုတော့ “သစ်ပင်” လို့ ရည်ညွှန်းကြပေမဲ့ wisterias သည် အမှန်တကယ်တော့ စပျစ်နွယ်ပင် မျိုးနွယ်ပါ။
သူတို့ဟာ အချိန်ကြာလေ လေးလံကြီးထွားလာနိုင်တာကြောင့် သူတို့ အကိုင်းအခက်များရဲ့ အလေးချိန်ကို ထောက်ကာ မတ်တတ်နေစေရန်အတွက် ထုပ်တန်းများနဲ့ ထောက်ပေးထားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် လေတိုက်ခတ်မှုနဲ့အတူ တွဲလောင်းကျနေတဲ့ ချစ်စဖွယ် ပန်း ထီးတစ်လက်ကို ဖန်ဆင်းထားပါတယ်။
မိုးပျံ စပျစ်နွယ်ပင်များဟာ ဧည့်သည်တွေကို မြက်ခင်းအောက်မှာ လမ်းလျှောက်နေချိန်မှာ ပန်းပွင့်များမှ ခရမ်းရောင် အလင်းတန်းများကို ခံစားနိုင်စေပါတယ်။
အောက်မှာ မတ်တပ်ရပ်ပြီး မျှော်ကြည့်မယ်ဆိုရင်တော့ ပန်းနုရောင် ကောင်းကင်ယံကို မြင်ရမှာပါ။ သူ့ရဲ့ အကောင်းမွန်ဆုံးသော ခံစားမှုတို့ဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ရှုခင်းဓာတ်ပုံဆရာများရဲ့ အနှစ်သက်ဆုံး ဖြစ်လာတာမှာလည်း အံ့သြစရာမဟုတ်ပေ။
၂၃ ဧက ကျယ်ဝန်းသော Ashikaga ပန်းဥယျာဥ်ဟာ ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး ပန်းဥယျာဉ်များထဲမှ တစ်ခုဖြစ်ပြီး အထဲမှာ မတူညီသော အပင် မျိုးကွဲများနဲ့ အခြားပန်းပွင့် အပင် ၃၅၀ ကျော်ရှိတဲ့ wisteria အပင်များ တည်ရှိပါတယ်။
ဒီစပျစ်နွယ်ပင်တွေရဲ့ ပန်းပွင့်များဟာ ခရမ်းရောင်၊ အပြာ၊ အဖြူ၊ ပန်းရောင်နဲ့ အဝါရောင်တို့နဲ့ ပန်းများကို ဆေးခြယ်ပေးပါတယ်။
ဒါကြောင့် ပန်းများ ပွင့်လွန်းလာချိန်မှာ ပန်းခြံတစ်ခုလုံးသည် အရောင်အသွေးမျိုးစုံဖြင့် ဖြာထွက်နေသလို ဆွဲဆောင်မှုရှိပြီး ရောင်စုံ ပရဒိသုအဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။
Ashikaga ရဲ့ wisteria ကို ကြည့်ဖို့အတွပ် အကောင်းဆုံးအချိန်ကတော့ နွေဦးရာသီဖြစ်ပါတယ်။ ပွင့်လန်း ရာသီဖြစ်တာကြောင့် ဂျပန်မှာဆိုရင်တော့ ဧပြီလလယ်မှ မေလလယ်အထိ ဖြစ်ပါတယ်။
ထိုအချိန်တွေမှာတော့ ပန်းခြံပတ်ဝန်းကျင်ကို ပြီးပြည့်စုံစေတဲ့ အရောင်အသွေးတွေနဲ့ မွှေးကြိုင်လန်းဆန်းစေမယ့် ခရမ်းရောင်နဲ့ ပန်းရောင် ပန်းပွင့်များကို ထုတ်လုပ်ပေးပါတယ်။
Knight News Team
Knight News © 2022