ကမ်းခြေလို ရေငန်ပိုင်းတွေရဲ့ အိပ်မက်ဆိုးဖြစ်လာတဲ့ လူသားစားဘက်တီးရီးယားပိုး

ကမ်းခြေလို ရေငန်ပိုင်းတွေရဲ့ အိပ်မက်ဆိုးဖြစ်လာတဲ့ လူသားစားဘက်တီးရီးယားပိုး

ဖလော်ရီဒါက Lee နဲ့ Collier ခရိုင်တို့ဟာ ဟာရီကိန်း အီယန်(Ian) မုန်တိုင်း တိုက်ခတ်ပြီးနောက် အသားစားသော ဘက်တီးရီးယားကူးစက်မှု တိုးလာတာကို တွေ့ခဲ့ရပါတယ်။

ဟာရီကိန်း အီယန်ဟာ ပြီးခဲ့တဲ့လက အပြင်းထန်ဆုံး အဆင့် မုန်တိုင်းအဖြစ် ဖလော်ရီဒါပြည်နယ်၊ လီကောင်တီသို့ ဝင်ရောက်တိုက်ခတ်ချိန်မှာ ကြီးကြီးမားမား ပျက်စီးစေခဲ့ရုံသာမက ရှားပါးတဲ့ “အသားစား” ဘက်တီးရီးယားပိုး ကူးစက်မှုကိုလည်း တိုးလာစေခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးအချက်အလက်တွေက ဖော်ပြထားပါတယ်။

အသားစား ဘက်တီးရီးယားများဟာ လူ့ခန္ဓာကိုယ်နဲ့ နီးစပ်လာချိန်မှာ လူ့ကြွက်သားတွေနဲ့ အခြား ကိုယ်တွင်းအင်္ဂါများကို ပြင်းထန်တဲ့ ရောင်ရမ်းမှုကို ဖြစ်စေပြီး တစ်သျှူးများကိုလည်း လျင်မြန်စွာ သေဆုံးစေကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ သိရပါတယ်။

ဘက်တီးရီးယားများဟာ ပျက်စီးနေတဲ့ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ကာ ခန္ဓာကိုယ်အတွင်း မျိုးပွားပျံ့နှံ့မှုကို လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်ပြီး ရှော့ခ်နှင့် ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းမှုကဲ့သို့သော အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အချို့သော အရေပြား ရောဂါရှင်တွေဆိုရင်တော့ ရောဂါပိုး စဝင်လာတဲ့ ရက်များအတွင်းမှာပဲ သေဆုံးကြရပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ Vibrio vulnificus လို့ခေါ်တဲ့ ကူးစက်ရောဂါများ တိုးပွားလာပြီးနောက် အသားစား ဘက်တီးရီးယား အမျိုးအစားတွေလည်း ပေါ်ပေါက်လာပါတယ်။

ဒီဘက်တီးရီးယားတွေက ဆားကို နှစ်သက်ပြီး ပူနွေး ညစ်ညမ်းတဲ့ ရေခဲမှာ တွေ့ရှိနိုင်ပါတယ်။ဒါကြောင့် ဒီပိုးတွေဟာ မြစ်ဝကျွန်းပေါ်များ၊ ဆားငန်များနဲ့ မြစ်ချောင်းများ ဆုံရာနေရာများတို့က ဆားငန်ရေနဲ့ ရောနှောနေတဲ့ ရေခဲမှာ နေထိုင်ကြတယ်လို့ မှတ်ယူနိုင်ပါတယ်။

ရေအပူချိန် တက်လာချိန်တွေမှာ ဘက်တီးရီးယားများရဲ့ အာရုံစူးစိုက်မှုက မေလမှ အောက်တိုဘာလအတွင်း အမြင့်ဆုံးဖြစ်တာကြောင့် V.vulnificus ကူးစက်မှု အများစုဟာ ထိုအချိန်မှာ ဖြစ်ပွားကြပါတယ်။

ဟာရီကိန်း မုန်တိုင်းများ၊ မုန်တိုင်း ဒီရေလှိုင်းများနဲ့ ကမ်းရိုးတန်း ရေလျှံမှုများက ညစ်ညမ်းတဲ့ ရေများနဲ့ ထိတွေ့ရနိုင်ခြေကို တိုးမြင့်လာစေခြင်းဖြင့် ဘက်တီးရီးယား ကူးစက်နိုင်ခြေကိုလည်း တိုးလာစေပါတယ်။

ဟာရီကိန်းမုန်တိုင်း မတိုက်မီ ဖလော်ရီဒါပြည်နယ်မှာ V. vulnificus ကူးစက်ခံရသူ ၃၇ ဦးသာ ရှိခဲ့ပြီး မုန်တိုင်းပြီးပြီးချင်း မကြာမီမှာပဲ ကူးစက်ခံရသူ အရေအတွက်ဟာ ၆၅ ဦးအထိ မြင့်တက်လာခဲ့တာပါ။

အစီရင်ခံ တင်ပြချက်အများစုမှာ Ian ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့တဲ့ Lee County မှာ ဒီကူးစက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ တောင်ပိုင်းနဲ့ အိမ်နီးချင်း Collier ကောင်တီမှာလည်း အလားတူ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ပြင်းထန်တဲ့ ဟာရီကိန်း Ian ရဲ့ သက်ရောက်မှုကြောင့် အဆိုပါ ပြည်နည်စုများဟာ “ပုံမှန်မဟုတ်တဲ့ ကူးစက်နှုန်းတိုးများလာမှု” ကိုကြုံတွေ့ခဲ့ရကြောင်း မှတ်ယူနိုင်ပါတယ်။

ရောဂါကူးစက်ခံရသူ ၆၅ ဦးမှာတော့ ၁၁ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရပြီး ဟာရီကိန်းနဲ့ ဆက်နွှယ်ခဲ့တဲ့ ကူးစက်မှုဖြစ်တာကြောင့် မုန်းတိုင်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားခဲ့ရတဲ့ ပြည်နယ်တိုင်းအတွက်တော့ ဒီကူးစက်နှုန်းတွေဟာ စိုးရိမ်စရာပါ။

ဒါ့အပြင် ကူးစက်မှု အသစ်ဖြစ်ပွားမှုနှုန်းဟာ ယခုအခါထိ လျော့နည်းသွားခြင်းမရှိဘဲ မုန်တိုင်းပြီးနောက် V. vulnificus ကူးစက်ခံရသူများကလည်း မုန်တိုင်း ဒီရေလှိုင်းတွေက သူတို့နေအိမ်တွေ ဝင်ရောက်လာခဲ့တာကြောင့် အခုလိုတွေ ဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်ကတော့ မုန်တိုင်းအပြီး ရှင်းလင်းရေးကာလအတွင်းမှာ ကူးစက်ခံခဲ့ရမှုတွေလည်း ရှိခဲ့တာမလို့ ဘက်တီးရီးယားဟာ ရေထဲမှာသာ နေထိုင်ပြီး သူတို့နေထိုင်ရာ ရေပြင်နဲ့ လူ့ခန္ဓာကိုယ် ထိတွေ့မှုမှာ ပိုးကူးစက်ခံရမှု စတင်တယ်လို့ မှတ်ယူနိုင်ပါတယ်။

တစ်ဖက်မှာလည်း လတ်တလောရဲ့ အပြင်းထန်ဆုံး ဟာရီကိန်းရဲ့ နောက်ဆက်တွဲကြောင့် ရေလွှမ်းမိုးမှုတွေ လျော့နည်းသွားခဲ့ရပေမဲ့ အခြားသော အမျိုးအမည်မသိ၊ အသားစားတဲ့ ဘက်တီးရီးယားပိုးတွေလည်း ရှိနေနိုင်ပါသေးတယ်။

ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာ ချောင်းသာသွားလိုသူတွေအနေနဲ့ ပင်လယ်ရေထဲက တက်လာပြီးတိုင်း၊ ခန္ဓာကိုယ်အနှံ့ကို ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေနဲ့ ဆေးကြောသင့်ပါကြောင့်နဲ့ အသားစား ဘက်တီးရီးယားနဲ့ ပိုးပေါင်းများစွာကလည်း ပင်လယ်ရေပြင်ထဲမှာ နေထိုင်ကြကြောင်း အသိပေးလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *