လက်ရှိမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီဖြစ်တဲ့ အန္တာတိကရဲ့အကြီးဆုံး ရေခဲစိုင်ကြီး
အန္တာတိတ် ရေခဲတောင်ကြီးရဲ့ ကျိုးကြေမှုတွေဟာ တောင်ပိုင်းသမုဒ္ဒရာကို ဖြတ်၍ စီးဆင်းလာခဲ့တဲ့ ရေစီးကြောင်းများ လျင်မြန်စွာပြောင်းလဲမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိပါတယ်။
တောင်ပိုင်းသမုဒ္ဒရာရှိ သမုဒ္ဒရာရေစီးကြောင်းများ လျင်မြန်စွာပြောင်းလဲမှုကြောင့် အကြီးဆုံး ရေခဲစိုင်များထဲမှ တစ်ခုကိုလည်း ထက်ပိုင်းပြတ်စေခဲ့ပါတယ်။
အန္တာတိကရဲ့ အကြီးဆုံးလည်းဖြစ်တဲ့ A68a လို့ခေါ်တဲ့ ဧရာမ ရေခဲထုကြီးဟာ သူ့ရဲ့စတုဂံပုံသဏ္ဍာန်ကြောင့် လူသိများတဲ့ ကမ္ဘာပေါ်က အကြီးဆုံး ရေခဲစိုင်ကြီးပါ။
ခန့်မှန်းခြေအားဖြင့် စတုရန်းမိုင် ၂,၃၀၀ (၆,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းကာ ၂၀၁၇ ခုနှစ်မှာ အခြားသောရေခဲတောင်တစ်ခုဖြစ်သည့် A68 မှ ပြိုကျခဲ့တာဖြစ်ပြီး သုံးနှစ်တာ ကာလအတွင်းမှာ အရည်ပျော်တန်ချိန် တစ်ထရီလီယံတန်ကို သမုဒ္ဒရာထဲသို့ စွန့်ပစ်ခဲ့ပြီးပါပြီ။
သို့သော် A68 ရေခဲစိုင်ကြီး ဘာကြောင့် ပြိုကျလာခဲ့ခြင်းကိုတော့ သိပ္ပံညာရှင်များက အဖြေမရှာနိုင်ခဲ့ကြပါဘူး။
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၉ ရက်) က ထုတ်ဝေခဲ့သော Science Advances လေ့လာမှုတစ်ခုအရ သုတေသီများဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ အချိန်ပြန်သွားရန်အတွက် ဂြိုလ်တုပုံရိပ်များနဲ့ ဒေတာအစုံများကို အသုံးပြုကာ လက်ချောင်းပုံသဏ္ဍာန် ရေခဲစိုင် ပြိုကျပျက်စီးသွားတဲ့ ဖြစ်ရပ်နှစ်ခုကို ရှာဖွေနိုင်ခဲ့ကြပါတယ်။
တောင်ဂျော်ဂျီယာကျွန်းကို ဖြတ်သွားပြီးနောက် A68a ဟာ ပင်လယ်ကြမ်းပြင်ပေါ်သို့ ရေခဲတောင် ဖိအားဆွဲခြင်းရဲ့ တိုက်ရိုက်ရလဒ်အဖြစ် ကြီးမားတဲ့ အတုံးကြီးတစ်ခုအဖြစ် ကွဲထွက်သွားခဲ့ပါတယ်။
အခုလို ကျိုးပဲ့သွားခဲ့ပေမဲ့လည်း ဒုတိယဖြစ်ရပ်မှာ ကျွမ်းကျင်သူများကို အံသြသွားစေခဲ့ပါတယ်။ ဒီရေခဲထုကြီးဟာ အန္တာတိကရဲ့ အကြီးဆုံးဖြစ်လာပြီး သမုဒ္ဒရာထဲမှာလည်း မျောပါနေခဲ့တာပါ။
ပုံမှန်အားဖြင့် ရေခဲတောင်တွေက ပင်လယ်ကြမ်းပြင်ထဲကို ပြေးဝင်တာကြောင့် ကျိုးထွက်ပြီး အစိတ်အပိုင်းတွေအဖြစ် ကွဲထွက်လာတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာတော့ သမုဒ္ဒရာရဲ့ လက်ရှိအချက်အလက်ကို ကြည့်ရင်းဆိုနိုင်တာက ရေခဲစိုင်ရဲ့ လက်ချောင်းပုံစံ အပိုင်းဟာ အခြားအပိုင်းထက် ပိုအားကောင်းတဲ့ ရေစီးကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ ထပ်နေပုံရပါတယ်။
ဒါကြောင့် ရေခဲစိုင်ရဲ့တစ်လျှောက်မှာ လုံလောက်တဲ့ တင်းမာမှုတွေ ဖြစ်စေခဲ့တယ်လို့ သံသယဖြစ်စရာရှိပြီး ဒီရေစီးကြောင်းတွေကပဲ ရေခဲထုရဲ့ ခန္ဓာကိုယ်ကို သွားကြားထိုးတံလို ထက်ဝက်လောက် ပိုင်းဖြတ်စေခဲ့တယ်လို့ သိရပါတယ်။
ဒီပြိုကွဲမှုဖြစ်စဉ်ဟာ သမုဒ္ဒရာ-လက်ရှိရိုက်ခတ်မှုမှ အစပြု၍ ရေစီးကြောင်းပြောင်းလဲမှုကြောင့် ရေခဲတောင်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ အခုလို ပြိုကျသွားတာဖြစ်ကြောင်းလည်း သုတေသီများက သီအိုရီ ထုတ်ခဲ့ကြပါတယ်။
သူတို့ရဲ့ သီအိုရီကို စမ်းသပ်ဖို့အတွက်လည်း သမုဒ္ဒရာရေစီးကြောင်းနဲ့ လေကဲ့သို့သော ပြင်ပမှ တွန်းအားများဟာ ရေခဲစိုင်ကို မည်ကဲ့သို့ ရိုက်ခတ်နိုင်တယ်ဆိုတာကို ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ရေခဲစိုင်ကြီးဟာ အလွန်အားကောင်းတဲ့ ရေစီးကြောင်းတစ်ခုနဲ့ အလွန်အားနည်းတဲ့ ရေစီးကြောင်းတစ်ခုရဲ့ကြား ရောက်ရှိသွားတာကြောင့် ရေခဲထုကြီးဟာ ပြိုကွဲအပ်လာပြီး အမှုန်များ၊ အစိတ်အပိုင်းများအဖြစ် လျှပ်တစ်ပြက် ပြောင်းလဲသွားတယ် ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ပြီးတော့ ရေခဲစိုင်ကြီးရဲ့ တကယ့်အရိုးကျိုးမှု ဖြစ်စဥ်လို့ခေါ်တဲ့ ထက်ပိုင်းပြတ်မှုဟာ ရေခဲစိုင်ရဲ့ လက်ချောင်းပုံသဏ္ဍာန်ကြောင့်လည်းဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ဒီလိုမျိုး လက်ချောင်းပုံဟာ မတူညီတဲ့၊ ဖိအားကွာခြားတဲ့ ရေစီးကြောင်းနှစ်ခုကို ထပ်နေစေရန်အတွက် အချိန်ကြာအောင် ပြုလုပ်ထားသလိုဖြစ်တာကြောင့် A68a ရဲ့ ကျဆုံးခန်း ရောက်ရှိလာခဲ့တာလို့ ဆိုနိုင်ပါတယ်။
နဂိုရှိပြီးသား ရေခဲထုရဲ့ အက်ကွဲကြောင်းများက ခွဲထွက်ခြင်းကို အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေကို သုတေသီများက ဆန်းစစ်ခဲ့အပြီးမှာတော့ ထက်ပိုင်းပြတ်ခြင်းရဲ့ အဓိက အစိတ်အပိုင်းဟာ ယခင်ရှိပြီးသား အက်ကွဲကြောင်းအတိုင်း လိုက်သွားတာမဟုတ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
A68a ရဲ့ကျဆုံးခြင်းကို လေ့လာခြင်းဖြင့်လည်း သုတေသီတို့က ကမ္ဘာကြီးရဲ့ စနစ်မှာ ရေခဲတောင်များ ပါဝင်ပုံနဲ့ အရေးပါပုံ၊ ပြင်ပအင်အားစုများနဲ့ မည်သို့တုံ့ပြန်ပုံတို့ကို ပိုမိုကောင်းမွန်စွာ သိရှိနိုင်ခဲ့ကြပါတယ်။
အချုပ်ဆိုရရင် ပင်လယ်ထဲ မျောပါနေကြတဲ့ ရေခဲစိုင် (ရေခဲတောင်) များဟာ အန္တာတိကတိုက်ရဲ့ ရေခဲထုထည် ဆုံးရှုံးမှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေပါတယ်။ ရေခဲလွှာများပေါ်မှ ပြုတ်ကျလာတဲ့အခါ ရေခဲစိုင်တွေ ဖြစ်ပေါ်လာကြတယ်။
သူတို့တွေ ဝေးရာကို လွင့်မျောသွားတဲ့အခါ သူတို့မျောပါခဲ့တဲ့ နေရာတွေနဲ့ ဝေးဝေးမှာ အရည်ပျော်တွေ ကျန်လာခဲ့ကြတယ်။
အဲဒါက အန္တာတိကတိုက်က အနည်အနှစ်တွေ တိုးပွားလာနိုင်တဲ့ အကြောင်းရင်းဖြစ်တာမလို့ သမုဒ္ဒရာရဲ့ လည်ပတ်စီးဆင်းမှုကို လွှမ်းမိုးနိုင်သလို အန္တာတိကတိုက်ရဲ့ အပူချိန် မြင့်တက်လာပုံတို့ကိုလည်း ပြောပြလို့နေပါတယ်။
Knight News Team
Knight News © 2022