လူသားတွေကို ကိုက်ဖြတ်စားသောက်လေ့ရှိတဲ့ Piranha သားစားငါးများအကြောင်း

လူသားတွေကို ကိုက်ဖြတ်စားသောက်လေ့ရှိတဲ့ Piranha သားစားငါးများအကြောင်း

အဏ္ဏဝါလောကရဲ့ ကြောက်မက်ဖွယ်ရာအကောင်းဆုံးသော တိရစ္ဆာန်တွေအကြောင်းကို ဆွေးနွေးကြတဲ့အခါ Piranha အသားစားငါးတွေအကြောင်းဟာလည်း မဖြစ်မနေ ပါဝင်ရပါလိမ့်မယ်။

စာဖတ်သူဟာ တောင်အမေရိကတိုက်မှာ နေထိုင်သူမဟုတ်ရင်တော့ ဒီငါးနဲ့ ရင်းနှီးကျွမ်းဝင်နေမှာမဟုတ်ပါဘူး။

ဒါပေမဲ့ Piranha ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးကြသူတွေတော့ ရှိလိမ့်မယ်ထင်ပါတယ်။

လူသားတွေကို ကိုက်ဖြတ်စားသောက်တယ်။ အုပ်စုလိုက် တိုက်ခိုက်တယ်။ အသားစားတယ်။ ဒါတွေကတော့ Piranha ငါးတွေရဲ့ နာမည်ဆိုး ဂုဏ်ပုဒ်တွေပါပဲ။ ဒီရေချိုးငါးတွေဟာ အဏ္ဏဝါလောကရဲ့ အရက်စက်ဆုံးသော သားရဲကြီးတွေလည်း ဖြစ်ပါတယ်။

Piranhaငါးတွေဟာ သူ့တို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အသွင်၊ အထူးသဖြင့် ချွန်ထက်လှတဲ့ သွားများ မြောက်များစွာရှိတာကြောင့် မှတ်မိရလည်းလွယ်ကူသလို မျိုးစိတ် အများအပြားမှာလည်း အသားစားကြတာမလို့ အဏ္ဏဝါလောကကို အန္တရာယ်ပေးနိုင်ရုံသာမက၊ ကုန်းပေါ်က လူသားတွေပါ သူတို့ရဲ့ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေကြရပါတယ်။

ဒီငါးတွေရဲ့ ထူးခြားတဲ့ သဘာဝကတော့ သူတို့ထက် အကောင်ကြီးတဲ့ တိရစ္ဆာန်တွေကိုသာ ကမူးကရှူး တိုက်ခိုက်လေ့ရှိတာပါပဲ။

သူတို့တွေရဲ့ သွားတွေက အရမ်းကို ချွန်ထက်မာကြောကြတာကြောင့် လူတစ်ယောက်ရဲ့ လက်ချောင်းတစ်ချောင်းကို အသာအယာပဲ ကိုက်ဖြတ်နိုင်စွမ်း ရှိနေပါတယ်။

အရင်တုန်းကတော့ Piranha တွေအကြောင်းကို လူတွေသိပ်မသိကြသေးချိန်မှာ ရေကူးသမားတွေ၊ ရေသောက်ဆင်းကြတဲ့ နို့တိုက်သတ္တဝါတွေ၊ ဒဏ်ရာရပြီး မြစ်ထဲပြုတ်ကျလာတတ်တဲ့ ငှက်တွေ၊ မြစ်ထဲက အကြီးဆုံးငါးတွေကို အကုန်တိုက်ခိုက် စားသောက်ဝါးမြိုခဲ့တဲ့ ကာလတွေလည်း ရှိခဲ့ဖူးပါတယ်။

တစ်ခါကတော့ သုတေသီတို့ဟာ နွားအသေတစ်ကောင်တို့ သူတို့နေထိုင်ရာ ကန်ထဲပစ်ချခဲ့ရာမှာ မိနစ်ပိုင်းအတွင်းမှာပဲ အရိုးတွေသာ ကျန်ရှိတော့တဲ့အထိ ဒီငါးတွေဟာ အသားစားရတာ ခုံမင်သူတွေ ဖြစ်ပါတယ်။

ယနေ့ချိန်မှာတော့ Piranha ငါးအများစုကို ဗင်နီဇွဲလားရှိ Orinoco မြစ်ဝှမ်းမှ တောင်အမေရိက ရေချိုများအထိ နေထိုင်လျက်ရှိနေသလို အာဂျင်တီးနားရှိ Paraná မြစ်အထိလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။

တည်နေရာ အသေးစိတ် ခန့်မှန်းချက်တွေက ကွဲပြားနိုင်ပေမဲ့ ယနေ့တိုင် အမေရိကရှိ ရေကန်များနဲ့ မြစ်များမှာတော့ သားစားငါးတို့ရဲ့ မျိုးစိတ် ၃၀ ခန့် နေထိုင်ကြတာကတော့ အမှန်ပါပဲ။

ကျောက်ဖြစ်ရုပ်ကြွင်းအထောက်အထားများဟာလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ သန်းခန့်က ရှင်သန်ကျက်စားလာခဲ့ကြတဲ့ တိုက်ကြီးတွေရဲ့မြစ်များက Piranha ဘိုးဘေးများကို သက်သေပြနေသလို ခေတ်သစ် Piranha မျိုးရိုးရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၁.၈ သန်းခန့် ရှိနေပါပြီ။

Piranhas များဟာ သူတို့ရဲ့ ထက်မြက်ချွန်ထက်တဲ့ သွားများနဲ့ မညှာမတာကိုက်စားတဲ့ အလေ့အထကြောင့် လူသိများပြီး သူ့ရဲ့နာမည် “Piranha” (ပီရန်ဟာ ဘရာဇီး ဘာသာစကားအရ“သွားငါး” ဆိုတဲ့ စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။

အရွယ်ရောက်ပြီး ငါးတိုင်းမှာ မေးရိုးကို စီထားတဲ့ သွားတစ်တန်းစီ ပါရှိပြီး သွားတန်းတွေရဲ့ အလယ်မှာတော့ ၄ မီလီမီတာခန့်အထိ မြင့်တဲ့ အလယ်သွားချောင်းကြီးများဟာ ဝန်းရံထားပါတယ်။

သူရဲ့ သွားပုံသဏ္ဍာန်ဟာ ဓါးသွားနဲ့ မကြာခဏ နှိုင်းယှဉ်ခံရလေ့ရှိပြီး သူတို့ရဲ့ အသားစားတတ်သော သဘာဝနဲ့လည်း လိုက်လျောညီထွေ ဖြစ်နေပါတယ်။ သူတို့တွေရဲ့ တကယ့်သွားကြွေလွှာဖွဲ့စည်းပုံက ငါးမန်းတွေနဲ့ ဆင်တူပါတယ်။

Piranha တို့ဟာ အင်အားအနည်းငယ်ဖြင့် ကိုက်ဖြတ်တိုက်ခိုက်လေ့ရှိကြအါတယ်။ ၂၀၁၂ ခုနှစ်က လေ့လာမှု တစ်ခုမှာတော့ သုတေသီများက ဒီသားစားငါးတွေဟာ သူတို့ထက် အရွယ်အစား ပိုကြီးသော သက်ရှိမှန်သမျှကို ကမူးကရှူး တိုက်ခိုက်စားသောက်ကြတယ်ဆိုပြီး စာတမ်းပြုစုနိုင်ခဲ့ကြပါတယ်။

Piranhaတစ်ကောင်က လူကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ကိုက်စားနိုင်တယ်ဆိုတဲ့ အယူအဆဟာ တိုက်ခိုက်ချိန်မှာရှိတဲ့ သူတို့ရဲ့အင်အားအပေါ် မူတည်တယ်လို့ သိရပြီး မိနစ်အတွင်း ပေါင် ၁၈၀ အလေးချိန်ရှိသော လူသားတစ်ဦးမှ အသားအားလုံးကို စားသောက်နိုင်ဖို့အတွက် Piranha အကောင်ရေ ၃၀၀ မှ ၅၀၀ ခန့် လိုအပ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် ဒီသားစားငါးတွေကို စားဖူးခဲ့ကြတဲ့ လူတွေအနေနဲ့ကလည်း နှလုံးဖောက်ခြင်းနဲ့ ဝက်ရူးပြန်ရောဂါတို့နဲ့ ကြုံတွေ့ခဲ့ရလို့ Piranha ငါးဟာ လူသားတွေအတွက်တော့ ဘေးအန္တရာယ်ရှိတဲ့ အစားအစာမျိုးလည်း ဖြစ်နေပြန်ပါတယ်။

ပုံမှန် Piranha ငါးတစ်ကောက်ရဲ့ အစားအစာစာရင်းမှာ အင်းဆက်များ၊ ငါးများ၊ crustaceans၊ သန်ကောင်များ၊ carrion၊ အစေ့များနဲ့ အခြားအပင်ပစ္စည်းများ ပါဝင်သလို ကြမ်းပိုးများ၊ ပိုးမွှားများနဲ့ စွန့်ပစ်ထားတဲ့ အမှိုက်များဟာလည်း သူတို့အစာကွင်းဆက်ရဲ့ အရေးအကြီးဆုံးအရာတွေပါ။

တစ်ဖက်မှာလည်း ငါးရဲ့ အသက်နဲ့ ရရှိနိုင်သော အစားအစာ အရင်းအမြစ်များပေါ် မူတည်၍ အစားအသောက်ပုံစံ ပြောင်းလဲနိုင်ပြီး ရံဖန်ရံခါ အရင်းအမြစ်နည်းပါးပြီး အစားအစာအတွက် ပြိုင်ဆိုင်မှု မြင့်မားလာသောအခါမျိုးတွေမှာ Piranha တွေက သူတို့အချင်းချင်း ကိုက်ဖြတ်စားသောက်လေ့ရှိကြပါသေးတယ်။

ဒီငါးတွေဟာ အုပ်စုလိုက်နေထိုင်တတ်ကြပြီး ဒီအလေ့အထဟာ သူတို့ရဲ့ အမဲလိုက်ခြင်း နည်းစနစ်တစ်ခုဖြစ်သလို သူတို့ထက် ပိုကြီးသောရန်သူကို ချေမှုန်းနိုင်ဖို့အတွက်လည်း ဖြစ်နေပါတယ်။

ဒါကြောင့် Piranha တို့ဟာ သူတို့ရဲ့ရှင်သန်ရေးအတွက် အခုလို ရက်စက်တဲ့ သားရဲကြီးတွေ ဖြစ်လာခဲ့ပုံပါပဲ။

လူသားတွေအတွက် ရေနည်းချိန်၊ သားကောင်ရှားပါးတဲ့အခါ သို့မဟုတ် မြစ်ကြမ်းပြင်တွင် မြှုပ်ထားတဲ့ သူတို့ရဲ့ သားပေါက်လေးများကို နှောင့်ယှက်တယ်လို့ ယူဆခံရချိန်၊ ဒါမှမဟုတ် အမှန်တကယ် ဆာလောင်နေတယ်လို့ ခံစားရတဲ့ အခြေအနေမျိုးတွေမှာတော့ အန္တရာယ်ရှိလာနိုင်ပြီး တိုက်ခိုက်မှုလည်း ပြင်းထန်နိုင်သလို အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့ရနိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့ ငါးအများစုမှာ သင့်ကိုကိုက်ရင် တစ်ကြိမ်သာ ကိုက်တတ်ပါတယ်။ များသောအားဖြင့် လူသားတို့ရဲ့ ခြေချောင်းများ သို့မဟုတ် ခြေဖဝါးများဆီသို့ ပစ်မှတ်ထား ကိုက်ဖြတ်လေ့ရှိပါတယ်။

သူတို့ရဲ့ လူတွေကို တိုက်ခိုက်မှုဟာ လူတွေက မြစ်ထဲမှာ ဆူညံကျယ်လောင်စွာ လှုပ်ရှားနေခြင်း၊ သွေးအနံ့တို့ကြောင့် ဖြစ်ပြီး သူတို့နေထိုင်တဲ့ ရေထဲကို တစ်ခုခု ပြုတ်ကျလာတာနဲ့ အခြားသော ဆူညံသံတွေက သူတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးပါတယ်။

သွေးအတွက်ကတော့ Piranha တစ်ကောင်ဟာ ရေ ၂၀၀ လီတာမှာ သွေးတစ်စက်ကို အနံ့ခံ နိုင်တာကြောင့် ငါးမန်းတွေလိုပဲ သွေးထွက်ရာနေရာကို အလျင်အမြန် ဦးတည်လာမှာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြပါလိမ့်မယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *