လကမ္ဘာပေါ်သို့ ပထမဦးဆုံးခြေချသူ

လကမ္ဘာပေါ်သို့ ပထမဦးဆုံးခြေချသူ

လကမ္ဘာပေါ်သို့ ပထမဦးဆုံးခြေချနိုင်ခဲ့သူမှာ အမေရိကန်လူမျိုး နေးလ်အမ်စထရောင်း(Neil A. Armstrong)ဖြစ်သည်။

၁၉၃၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်တွင် အမေရိကန် မိဘနှစ်ပါးက အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၊ စက်ခ်ပါကိုနီတာ၌ မွေးဖွားခဲ့သည်၊

အမ်စထရောင်းသည် အသက် ၁၅ နှစ်အရွယ်မှ စ၍ လေယာဉ်မောင်းသင်တန်းပြီးဆုံးကြောင်း အောင်လက်မှတ်ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် လေယာဉ် စက်မှုပိုင်းဆိုင်ရာ ပညာရပ်ကို ပါဒျူးတက္ကသိုလ်တွင် သင်ကြားခဲ့သည်။

အမ်စထရောင်းသည် ၁၉၅၁ ခုနှစ် မှ ၁၉၅၂ ခုနှစ်ထိ ကိုရီးယားစစ်မြေပြင်တွင် တာဝန် ထမ်းဆောင်ခဲ့သည်။

စစ်မြေပြင်တွင် ကင်းထောက်ခြင်း အပါအဝင် နာရီပေါင်း ၁၂ဝ ကျော်ပျံသန်းခဲ့သဖြင့်လေသူရဲဂုဏ်ပြု ဆုတံဆိပ်ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ပါဒျူးတက္ကသိုလ်မှ သိပ္ပံဘွဲ့ ရရှိခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အမ်စထရောင်းသည် အာကာသခရီးစဉ်အတွက် ရွေးချယ်ခံရသောလေယာဉ်မောင်း အင်ဂျင်နီယာ ၆ ဦးတွင်ပါဝင်ခဲ့ရာမှ နာဆာအာကာသဌာနသို့ ရောက်ရှိခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ပထမဆုံး အာကာသယာဉ်ပျံသန်းမှုအဖြစ် နာဆာဂီမီနီ ၈ အာကာသ ယာဉ်တွင် အာကာသယာဉ်မှူးတာဝန်ဖြင့် လိုက်ပါ မောင်းနှင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် သူ၏နောက်ဆုံး အာကာသယာဉ် ပျံသန်းမှုအဖြစ် အပိုလို ၁ဝ အာကာသယာဉ်ကို ဦးစီးကာ လကမ္ဘာသို့သွားရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် မိုက်ကယ်ကောလင်းက ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ အာဏာသယာဉ်ထိန်းချုပ်ခန်းတွင် ကျန်ရစ်ခဲ့သည်။

အမ်စထရောင်းနှင့် ဘက်ဇ်အယ်လ်ဒွင်တို့က လမျက်နှာပြင်သို့ အီးဂဲလ်လဆင်းယာဉ်ဖြင့်ဆင်းသက်၍ အချိန် ၂ နာရီနှင့် ၃ဝ မိနစ်ကြာ စူးစမ်းခဲ့ကြပြီး အမေရိကန်အလံကို စိုက်ထူခဲ့သည်။

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် လဆင်းယာဉ် ပေါ်မှ လမျက်နှာပြင်ပေါ်သို့ခြေချစဉ် ထမ်စထရောင်း က “လူတစ်ယောက်အတွက် သေးနုပ်တဲ့ ခြေလှမ်းတစ် လှမ်းဆိုပေမယ့် လူသားမျိုးနွယ်တစ်ခုလုံး အတွက် ခုန်ပျံကျော်လွှားနိုင်တဲ့မဟာခြေလှမ်းတစ်လှမ်းပါပဲ” ဟု ကြွေးကြော်ခဲ့သည်။

အမ်စထရောင်းလမျက်နှာပြင် ပေါ်သို့ဆင်းပြီး မိနစ် ၂၀ အကြာတွင် အယ်လ်ခွင်က ဆင်းသက်ခဲ့သည်။

အပိုလို ၁၁ အာကာသခရီးစဉ်အပြီးတွင် အမ်စထရောင်းသည် စင်စင်နက်တီတက္ကသိုလ်၌ ပါမောက္ခအဖြစ် သင်ကြားရေးပိုင်းဆိုင်ရာပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင်တာဝန်မှ အနားယူခဲ့သည်။

၁၉၇၈ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျင်မီကာတာက အမ်စထရောင်း၊ ကောလင်းနှင့် အယ်လ်ဒွင်တို့ကို အာကာသဂုဏ်ထူးဆောင်ဆုတံဆိပ်ကိုပေးအပ်ခဲ့သည်။

အမ်စထရောင်းသည် ၂၀၀၉ ခုနှစ်တွင် ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု ထပ်မံရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင်သူ၏ အတ္ထုပ္ပတ္တိစာအုပ်ထွက်ရှိခဲ့သည်။

အမ်စထရောင်းသည် အိမ်ထောင် ၂ ဆက် ကျခဲ့သည်။ ပထမအိမ်ထောင်နှင့် သားသမီး ၃ ဦး ထွန်းကားသည်။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် အသက် ၉ဝ အရွယ်တွင် ကွယ်လွန်ခဲ့သည်။

Knight News

Leave a Reply

Your email address will not be published.