သဲကန္တာရနဲ့ သမုဒ္ဒရာတို့ရဲ့ အလှပဆုံးသော ထိတွေ့မှုများ

သဲကန္တာရနဲ့ သမုဒ္ဒရာတို့ရဲ့ အလှပဆုံးသော ထိတွေ့မှုများ

သဲကန္တာရတွေကို တွေးကြည့်တဲ့အခါ ရေဟာ သင့်ရဲ့ခေါင်းထဲကို ပေါ်လာနိုင်တဲ့ အင်္ဂါရပ်မျိုး မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် အခုဖော်ပြပေးသွားမယ့် သဲကန္တာရနေရာတွေဟာ အံ့မခန်းဖွယ်ရာပဲ သမုဒ္ဒရာ ပင်လယ်တို့နဲ့ ထိတွေ့ဆုံစည်းသွားပြီး အရည်ပျော်သွားခဲ့ကြပါတယ်။

၁။ ဆာဟာရ သဲကန္တာရနဲ့ ပင်လယ်နီ၊ အတ္တလန်တိတ် သမုဒ္ဒရာတို့နဲ့ ဆုံတွေ့ရာ နေရာ

အနောက်ဆာဟာရ တစ်လျှောက်မှာတော့ Dakhla လို မြို့များဟာ အနီရောင်၊ အဝါရောင်နဲ့ နေညိုရောင်အိမ်များနဲ့ အတူ သဲကန္တာရ လမ်းပိုင်းကို ပြန့်ကျဲနေတဲ့ မြေပြင်မှ ဖောက်ထွက်နေကြပါတယ်။ 

ဒါပေမဲ့ Dune Blanche အရောက်မှာတော့ သဲကန္တာရဟာ ပင်လယ်ထဲသို့ ရုတ်တရက် လျှောဆင်းသွားပုံကို မြင်တွေ့နိုင်ပြီး သေးငယ်တဲ့ ပင်လယ်ကွေ့တစ်ခုကို ဖန်တီးထားခဲ့ပါတယ်။ 

Oued Chbika ဟာ ဆိပ်ကမ်းမြို့နဲ့ စိမ်းလန်းစိုပြေသော လှေဆိပ်နေရာဖြစ်ပြီး မော်ရိုကို နယ်စပ်ကို ဖြတ်သန်းသွားတဲ့ အစိမ်းရောင်အိုအေစစ်တစ်ခု ဖြစ်ပါတယ်။ အလားတူပင်၊ ဆာဟာရကလည်း ပင်လယ်နီနဲ့ ဆုံတွေပါတယ်။ 

ဧရာမသဘာဝ အံ့ဖွယ်နှစ်ပါးရဲ့ တွေ့ဆုံမှုမှ ပေါ်ထွက်လာခဲ့တဲ့ ပတ်ဝန်းကျင် အနုပညာလက်ရာ “Desert Breath” ကတော့ သဲခုံများ၊ ဝေ့ဝဲနေသော လေဖိအားနည်းရပ်ဝန်းများနဲ့ ရေတိမ်ရေကန်များဟာ အကန့်အသတ်မရှိ ဆက်စပ်နေပုံကို ပြသထားပါတယ်။ 

၂။ မီးဘီးယား သဲကန္တာရနဲ့ အတ္တလန်တိတ် သမုဒ္ဒရာတို့ ဆုံတွေ့ရာ နေရာ

အတ္တလန္တိတ် သမုဒ္ဒရာရဲ့ တဟုန်ထိုး လှိုင်းလုံးများက နမီးဘီးယားရဲ့ မိုင်ထောင်ချီရှည်လျားသော ကမ်းရိုးတန်းကို ရိုက်ခတ်လို့နေပါတယ်။ 

သဲကန္တာရ သဲခုံများကလည်း Skeleton ကမ်းခြေမှ Orange မြစ်အထိ အညိုရောင် အထည်အဝါတို့ကို ပေးစွမ်းနေပါတယ်။ 

အခုလို မီးဘီးယားနဲ့ အတ္တလန္တိတ်တို့ ထိတွေ့ရာ ဒေသဟာ UNESCO ကမ္ဘာ့ အမွေအနှစ်နေရာဖြစ်သလို လူတွေနေထိုင်ကြတဲ့ အနုပညာလက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

ပင်လယ်နားက အဖြူရောင် သဲတွေက ကုန်းတွင်းပိုင်း အရောက်မှာတော့ အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

၃။ အတ္တာကာမာ သဲကန္တာရနဲ့ ပစိဖိတ်သမုဒ္ဒရာတို့ ဆုံတွေ့ရာ နေရာ

Atacama သဲကန္တာရဟာ ချီလီမြောက်ပိုင်း Antofagasta ဒေသမှာတော့ ပစိဖိတ်သမုဒ္ဒရာနဲ့ ထိတွေ့သွားပါတယ်။ 

ဒီကြွယ်ဝတဲ့ ကန္တာရမြင်ကွင်းဟာ စွန့်ပစ်ထားသော နိုက်ထရိတ် တူးဖော်ရေးမြို့များနဲ့ ပန်-အမေရိကန် အဝေးပြေးလမ်းမကြီး တစ်ဝိုက်ရှိ ကြေးနီမိုင်းတွင်းများရဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်။ 

ပစိဖိတ်သမုဒ္ဒရာဟာ ကန္တာရရဲ့ ရှည်လျားလှတဲ့ ချောက်ကမ်းပါးများ အောက်ဘက်မှာ ကျဆင်းသွားနေပါတယ်။

ခြောက်သွေ့ပြီး မိုးနည်းတဲ့ လေတိုက်ခတ်မှုကြောင့် အတ္တကာမာ သဲကန္တာရတစ်လျှောက် ဆားအင်တုံများနဲ့ ချော်ရည်များ စီးဆင်းနေသလို ထူးခြားသော သဲခုံများ၊ ကြမ်းတမ်းသော တောင်များနဲ့ ပုံစံမျိုးစုံ ပျံ့နှံ့နေပါတယ်။ 

ပစိဖိတ်သမုဒ္ဒရာ အနီးရှိ ကမ္ဘာ့အပြင်ဘက်နဲ့ ဝေးလံခေါင်သီတဲ့ ဒီနေရာလေးမှာ မှောင်မိုက်လှတဲ့ ကောင်းကင်ယံထက်က ကမ္ဘာ့အလှဆုံးနဲ့ အကြည်လင်ဆုံး ကြယ်စင် အလင်းရောင်များကို ကြည့်ရှုနိုင်ပါတယ်။

၄။ သြစတြေးလျ သဲကန္တာရနဲ့ အိန္ဒိယ သမုဒ္ဒရာတို့ ဆုံတွေ့ရာ နေရာ

အနောက်ဩစတြေးလျရဲ့ Coral Coast ဟာ ခမ်းနားတဲ့ အရောင်အသွေးတို့ကို ဖန်တီးစုဝေးရာ ဒေသပါ။ 

Perth မြို့မြောက်ဘက်က အိန္ဒိယသမုဒ္ဒရာမှာတော့ ဖြူဖွေးသောသဲသောင်ပြင်များ၊ သဲငါးဖမ်းလှေများ၊ထုံးကျောက် ချောက်ကမ်းပါးများတို့က ဝန်းရံနေတဲ့ ကမ်းရိုးတန်းမြို့လေးတွေက ဆီးကြိုနေပါတယ်။

သြစတေးလျ ကန္တာရဟာ အိန္ဒိယသမုဒ္ဒရာရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းသော ရေနေရေပြင်များနဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိနေပြီး လိမ္မော်ရောင်တောက်နေသော ကျောက်တုံးများနဲ့ နိုင်ငံတွင်းက အကောင်းဆုံးသန္တာကျောက်တန်းအချို့ကို ဖုံးကွယ်ထားပါတယ်။ 

၅။ အန္တာတိတ် ဝင်ရိုးစွန်း သဲကန္တာရနဲ့ သမုဒ္ဒရာတို့ ဆုံတွေ့ရာ နေရာ

သဲကန္တာရဟူသော စကားလုံးဟာ အများအားဖြင့် သဲပြင်ကြီးမျာဆိုတဲ့ ရုပ်ပုံများကို ပုံဖော်ထားပေမဲ့ အန္တာတိကရဲ့ ဝင်ရိုးစွန်း သဲကန္တာရကတော့ ကြမ်းတမ်းပြီး အေးခဲနေတဲ့ မြေပြင်နဲ့ ရေခဲမြစ်တို့ ပေါင်းစပ်ထားတဲ့ အဓိပ္ပါယ်ကို ယူဆောင်လာပါတယ်။

ထာဝရ အေးခဲနေသော အန္တာတိတ်ဝင်ရိုးစွန်း သဲကန္တာရဟာ တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး McMurdo Dry Valleys အရောက်မှာတော့ ရုတ်ချည်း ရပ်တန့်သွားပါတယ်။

ဒီအချိန်မှာ အက်ကွဲနေပြီး နှင်းနည်းပါးတဲ့ ရှုခင်းတို့က အန္တာတိကကမ်းရိုးတန်းရဲ့ တောက်ပသောအပြာရောင်များကို ဆန့်ကျင်ပေးပြီး အညိုရောင် အရောင်များကို မိတ်ဆက်ပေးပါတော့တယ်။

ဖြူစင်အေးခဲနေတဲ့ ကန္တာရမြေပြင်တွေက နေရာအများစုမှာ ကမ်းရိုးတန်းကို အနားသတ်ထားပြီး ရေနဲ့ထိတွေ့ရာ နေရာများမှာလည်း အချို့နေရာများမှာ နှင်းများကို ပြာသွားစေပြီး နေရောင်က ပင်လယ်ပြင်ကို အလင်းပြန်မှုကြောင့်လည်း အရောင်အသွေးများ ပြောင်းလဲသွားခဲ့ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *